စစ်ကောင်စီက လားရှိုးမြို့ကို စစ်လေယာဉ်များဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကြဲ
အာဏာသိမ်းစစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့ကို လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှ စတင်ပြီး လားရှိုးမြို့ကို ဆက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ရပ်ကွက် ၈၊ ၁၂၁ အနောက်လမ်းကြားသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ကာ ကနဦးအနေဖြင့်
ပေါက်တောက မွတ်ဆလင် ၁၇ ဦး ငါးဖမ်းနေစဉ် ဖမ်းဆီးခံရ
ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲရွာ မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၇ ဦး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် မြစ်ထဲ ငါးဖမ်းနေစဉ် အာဏာသိမ်း စစ်ကောင်စီ ရေတပ်က ဖမ်းဆီးသွားကြောင်း ဒုက္ခသည်များက ပြောသည်။ အနောက်ရဲရွာအနီး ကုလားတန်မြစ်ထဲ ငါးရှာဖွေနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် စစ်ကောင်စီ နေဗီက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။ “ကုလားတန်မြစ်မှာ ကျားပိုက်နဲ့ ငါးသွားဖမ်းနေတဲ့အချိန် စစ်ကောင်စီရေတပ်နေဗီကနေခေါ် ဖမ်းဆီးသွားတာပါ။ ငါးဖမ်းနေစဉ် သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားတာပါ။ အပြစ်မဲ့မွတ်ဆလင် ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေအားလုံး တစ်နေ့လုပ်
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ဒီဇင်ဘာ ၄ ရက် – ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းတွေကိုပိတ်ထားလို့ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံနေရတဲ့သတင်း – AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို တရားသူကြီး အပြောင်းအလဲဖြစ်လို့ဆိုပြီး အပြီးသတ်အမိန့်မချဘဲ ထပ်မံရွေ့ဆိုင်းလိုက်တဲ့သတင်း -ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ စစ်တွေမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့ဦးရေ အများဆုံးဖြစ်တဲ့ သတင်း – တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားပေမယ့်လည်း ၁ လ ကြာတဲ့အထိထူးခြားမှု မရှိသေးတဲ့သတင်း – ရခိုင်မှာ ၆ လကျော်အတွင်း ကိုဗစ် အတည်ပြုလူနာ ၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ နီးပါးရှိတဲ့သတင်း – ရခိုင်က ကျောင်းသား ၄ ဦးအမှုရဲ့
ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်
(မှတ်စုသတင်းတို) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီက မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေရပြီး လယ်ယာလုပ်ငန်းပျက်စီးမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ လက်ရှိ နေပြည်တော်က ရေဘေးသင့်ဒေသများကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်နေပြီး ရေဘေးသင့်ပြည်သူများကို ကတိကဝတ်များ ပေးနေသည်။ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် ရေကြီးမှုကြောင့် ပျက်စီးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများကို
လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူ ၁၆၉၁ ဦး ဖမ်းဆီးခံရ
(လစဉ် ပျမ်းမျှ ၅၄ ဦးခန့် ဖမ်းဆီးခံနေရ) စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။ အဆိုပါ အချက်အလက်များမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းဖြစ်ပြီး ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်သည်ဟု Data for Myanmar က ဆိုသည်။ ၂၀၂၂
စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား
ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက်က အပြစ်မဲ့အမျိုးသား ၁၀၀ ကျော်နှင့် တရားသီးစုရပ်ကွက်က အမျိုးသမီးအပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်တွင် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ရွှေပြားရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာများပါ ဖမ်းဆီးပြီး ကား ၅ စီးဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ် မြို့ခံတစ်ဦးက ပြောသည်။ ” နေ့လယ် ၄ နာရီ ဝန်းကျင်လောက်မှာ သူတို့ကားနဲ့ ရောက်လာကြတယ်။ ဖမ်းတာက ခြေကျင်လျှောက်ပြီးဖမ်းကြတာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတယ်။ တစ်နေရာရာမှာထိုင်ပြီး တွေ့ရင်လည်း ဖမ်းသွားတယ်။ နေအိမ်တွေကိုလည်း ဝင်ဖမ်းတယ်။ တွေ့တဲ့လူ ဒီအတိုင်းဖမ်းသွားတာပဲ”
AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသမှာ အာရက္ခတပ်တော် AA ကို အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဟု မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နိုင်ငံရေးဌာနက ပြောသည်။ RSO နိုင်ငံရေးဌာနအကြီးအကဲ ဦးကိုကိုလင်း အမည်ရှိသူနှင့် ရိုက်တာသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။ RSO မှာ အင်အား ၆,၀၀၀ ခန့်ရှိသည့်အနက်မှ အင်အား ၁,၀၀၀ ခန့်ဖြင့် AA ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ပေးလိုက်ရသည်ဟု RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။ “ဒီနှစ်အစောပိုင်းမှာ မောင်တောဒေသကို ကာကွယ်ဖို့
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် ကျူးလွန်နေသည့် အထောက် အထား များတွေ့ကြောင်း IIMM က အစီရင်ခံစာ ထုတ်ပြန်
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ပိုမိုပြင်းထန်စွာကျူးလွန်သည့် အထောက်အထားများတွေ့ရှိရကြောင်း IIMM က နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတစ်ဝန်းတွင် စိုးရိမ်ဖွယ်နှုန်းဖြင့် ပိုမိုပြင်းထန်စွာ ကျူးလွန်နေသည့် အထောက်အထား အများအပြားရှိနေကြောင်း မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား) က စုဆောင်းစိစစ်သုံးသပ်ထားသော အချက်အလက်များနှင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ က ဆိုသည်။ IIMM အစီရင်ခံစာက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊
သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ “ခလရ-၁၄၈ တပ်ရင်းကို