လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
170

လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

မေ ၁၀ - ၂၀၂၄
1

(ဓါတ်ပုံသတင်း) အသက်ဘေးမှ လွတ်မြောက်ရန် စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသော မွတ်ဆလင်များကို အာရက္ခတပ်တော် AA က ကူညီဆောင်ရွက်ပေးနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဓါတ်ပုံနှင့်တကွ ထုတ်ပြပြောဆိုသည်။ ကိုယ်ကျိုးစီးပွားရှာနေသော မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ ထိုးနှက်နေသော်လည်း အာရက္ခစစ်သည်တော်များမှာ ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ X လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားပြောဆိုထားသည်။ ဗိုလ်ချုပ်၏ ရေးသားချက်အပြည့်အစုံမှာ ” ကိုယ်ကျိုးရှာပြီး မိမိကိုယ်မိမိ ထင်မြင်ယူဆထားသော အကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် သစ္စာစောင့်သိသော လက်ကိုင်တုတ်များ ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် တာဝန်ကျေပွန်မှု၊ အကြောက်တရားကင်းမဲ့မှု၊ သက်ညှာမှု၊ အနိုင်ယူမှုတွေနဲ့ ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားလျက်၊ ‘သူတို့က ငါတို့ရဲ့ အဖပြည်အတွက်

Continue Reading
UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ
သတင်း
1 min read
191

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

ဧပြီ ၂၄ - ၂၀၂၄
1

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏ ဇာတ်ကောင်ထဲတွင် ပစ်မှတ်ထားခံနေရပြီး နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားရန် ခွင့်မပြုသင့်ကြောင်း၊ စစ်အာဏာရှင်အား တော်လှန်နေသော အာရက္ခတပ်တော် AA ကို မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်ပြီး လက်ရှိလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် တန်းတူထား ပြောဆိုခြင်း၊ ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်ခံနေရသည်ကို မျက်ကွယ်ပြုပြီး မွတ်ဆလင်များသာ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်ဟု ပြောဆိုခြင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကျူးလွန်နေသည့်

Continue Reading
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
ကျန်းမာရေး
1 min read
462

စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး

ဧပြီ ၁၉ - ၂၀၂၄
0

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး  ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး  သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။ မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊  ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင်

Continue Reading
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
သတင်း
1 min read
818

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

ဧပြီ ၂ - ၂၀၂၄
0

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။  အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။  အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။

Continue Reading