ရခိုင်မှာ ဖုန်းလိုင်းပြတ်တောက်မှု ၁ လကျော် ကြာမြင့်လာ
ရခိုင်တွင် တပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုမှာ ၁ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။ ထိုကဲ့သို့ လနှင့်ချီ၍ ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဒေသတွင်းလုပ်ငန်အားလုံးနီးပါး၌ အခက်ခဲအကျပ်တည်းများ ကြုံတွေ့နေကြရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ “ဒီဖုန်းလိုင်းမရတာကြောင့် ဘာပဲလုပ်လုပ် တော်တော်ကို အခက်ခဲဖြစ်တာပါ။ ကျနော်တို့ ကုန်သည်တွေဆိုရင်လည်း ထိုနည်း၎င်းပဲ။ လမ်းခရီးမှာ ငွေထုတ်ပိုက်ပြီးသွားရတယ်။ အန္တရာယ်များတယ်ပေါ့နော်။ အရင်ဆိုလူရောက်မှ ငွေလွှဲခိုင်းလိုက်လို့ရတယ်။ ပြီးတော့ ပစ္စည်းတွေနဲ့ပြန်လာရတာ။ လမ်းမှာက ဘာဖြစ်မယ်မှန်း ဘယ်သူမှ ကြိုသိတာမဟုတ်ဘူး။ တစ်ခုခုဖြစ်နေရင် ဘယ်သူ့ကိုမှ ဆက်သွယ်မရတဲ့ အခြေနေမျိုးတွေ ကြုံကြရတယ်” ဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ဖုန်းလိုင်းမရမှုကြောင့် ကြုံတွေ့နေရသည့် ၎င်း၏အခက်ခဲများနှင့် ပတ်သက်၍ပြောဆိုခြင်းဖြစ်သည်။ ယင်းအပြင် ဖုန်းလိုင်းမရမှုကြောင့် အကျပ်အတည်းကြုံတွေ့ကြရသူများထဲတွင် နိုင်ငံခြားဝင်ငွေမှီခိုနေရသူများ အဓိက ပါဝင်ပြီး
ဧရာဝတီတိုင်းမှာ ရခိုင်စစ်ရှောင် ၁၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား
ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးထားပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။ “သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်များနှင့်နီးသူတစ်ဦးက တောင်းဆိုထားသည်။ ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို
ပြည်သူအပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို AA က စစ်ဆေးစီရင်နေ
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ ဗိုလ်မှူးချုပ် ၃ ဦးနှင့် အခြားသော တပ်အရာရှိများကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပါအဝင် အခြားသော တပ်အရာရှိများကို AA က ဖမ်းဆီးရရှိခဲ့သည်။ ယင်းအပြင် ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အပေါင်းအပါများကို ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် AA က
ယမန်နေ့ညက ပစ်ခတ်သံများကြောင့် စစ်တွေမြို့ထဲ စစ်ဆေးရေးကြမ်းနေ
ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်က ပစ်ခတ်သံများကြောင့် ရခိုင်ပြည် စစ်တွေမြို့ထဲတွင် ယခု ရပ်ကွက် ၃ ခုကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ညနေ ၁၂ နာရီကနေ ၁ နာရီအတွင်း နှစ်ဖက် အမြောက်သံများကြားခဲ့ရသလို စစ်တွေမြို့အနီး ကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။ လက်ရှိတွင် ထိုပစ်ခတ်သံများကြောင့် စစ်တပ် တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် အများအပြားမှာ ရပ်ကွက် ၃ ခုထက်မနည်းကို ဝင်ရောက်စစ်ဆေးနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အခု ကုန်တန်းရယ်၊ ဆတ်ရိုးကျက ကယ်ဆယ်ရေး အကွက် (၁) ရယ်၊
ဂွမြို့နယ်မှာ မိုင်းနင်းမိ၍ ၁ ဦးသေဆုံးပြီး ၅ ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးရ
(ရခိုင်မှာ မိုင်းအန္တရာယ်အသိပညာပေးမှုများလိုအပ်နေ) စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်မှာ မိုင်းနင်းမိ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးအထိ ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ထိခိုက်သေဆုံးသူများမှာ ယခု လက်ရှိ တိုက်ပွဲများအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဖြစ်သည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောဆိုထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကုလားပြင်ကျေးရွာမှ အသက် ၃၀ အရွယ် မစိုးမိုးစံမှာ စပါးရိတ်သိမ်းရန် လယ်ကွင်းထဲသို့ ဆင်းစဉ် မိုင်းနင်မိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးဒဏ်ရာရရှိခဲ့သည်။ ဒီဇင်ဘာလ
တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိခဲ့သော တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ဓါတ်ပုံများအား အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်လာသည်။ တောင်ကုတ်မြို့ထဲက အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဂွမြို့သိမ်းတိုက်ပွဲ AA ထုတ်ပြန်
ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီ သည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။ တို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AA က ပြောသည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ
အမ်းမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ
(စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ) ရခိုင်ပြည် အမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ကောက်ယူထားခြင်းဖြစ်ကြောင်း HDCO ကဆိုသည်။ သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။ အမ်းမြို့နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA
ပြည်တွင်းပြည်ပ၏ ဝင်ရောက်စွက်ဖက် ထိုးနှက်မှုများကို ခံနေရကြောင်း မင်းအောင်လှိုင်ပြော
နိုင်ငံအတွင်းမှာ ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေက နေပြည်တော်မှာ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသာမက မဟာဗျူဟာ အချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေနှင့် ကြုံနေရကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။ “ထိုကဲ့သို့အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ ဖြင့် ကာကွယ်ရန်လိုကြောင်း” ဟုလည်း ပြောဆိုခဲ့သည်။ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယခုအမျိုးသားအားကစား ပွဲတော်ကြီးကို ယခုကဲ့သို့ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင် ဖြစ်သည်ဟုလည်း
AA တပ်မွေးနေ့မှာ လက်နက်ကြီးပစ်ခတ်ပြီး လက်ဆောင်ပေးခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်းကို ဖမ်းဆီး
(AA ကို သရော်လှောင်ပြောင်ခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း အမ်းတိုက်ပွဲတွင် သေဆုံး) အာရက္ခတပ်တော် AA ၏ ၁၅ နှစ်ပြည့် တပ်မွေးနေ့မှာ လက်နက်ကြီးကျည်ပေါ် “AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု စာရေးပြီး ဟောင်ဝစ်ဇာအမြောက်ဖြင့် ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့သော စစ်ကောင်စီ၏ တပ်ကြပ်ကြီး မျိုးမင်းထွန်းကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း သိရသည်။ တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် ရခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အမြောက်တပ်ရင်း အမှတ် ၃၇၄ က တပ်ကြပ်ကြီးဖြစ်သည်။ မျိုးမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် အာရက္ခတပ်တော် AA ၏