စစ်ရေး သတင်း
1 min read
0

နပခ ဌာနချုပ်ကို တိုက်ပွဲ ပြင်းထန်နေချိန်တွင် လေကြာင်းဖြင့် စစ်ကူ အင်အား ၁၅၀ ခန့် ချပေးခဲ့

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စစ်ကောင်စီတပ်အင်အား စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးခဲ့ကြောင်း သိရသည်။ အာရက္ခတပ်တော် AA အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခကို ထိုးစစ်ဆင် တိုက်ခိုက်နေအချိန်အတွင်း စစ်ကောင်စီဖက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် မရပ်မနား ပစ်ကူ ပေးခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။ “မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား သိမ်းပိုက်ခဲ့သည်” ဟု AA က ဆိုသည်။ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ဌာနချုပ်

Continue Reading
နပခ မှ ဖမ်းဆီးရမိသော ဒုတိုင်းမှူးနှင့် ဗိုလ်မှူးချုပ်တို့ကို AA ထုတ်ပြ
စစ်ရေး သတင်း
1 min read
0

နပခ မှ ဖမ်းဆီးရမိသော ဒုတိုင်းမှူးနှင့် ဗိုလ်မှူးချုပ်တို့ကို AA ထုတ်ပြ

ဒီဇင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက် ရရှိပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့၏ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့က AA က ဖမ်းဆီး ရရှိခဲ့သောသူများမှာ ဗိုလ်ကြီး အောင်စစ်နိုင် (ဆက်သွယ်ရေးအရာရှိ)၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်) ဗိုလ်မှူးချုပ် သောင်းထွန်း (ဒုတိုင်းမှူး) နှင့် အရာခံဗိုလ် အေးသိန်း (ရုံးအုပ်ချုပ်ရေး) တို့ ဖြစ်ကြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံး ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် AA

Continue Reading
အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် မောင်တော တိုက်ပွဲက စစ်ကောင်စီ ဗိုလ်မှူးချုပ် ၃ ဦးကို AA က အရှင်ဖမ်းဆီးထား

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည်မှာ ပြည်သူများအပေါ် ကြမ်းချင်တိုင်းကြမ်းနေခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးထားကြောင်း သိရသည်။ အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးထားသလို မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်လက်ရ ဖမ်းဆီးထားခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ဒုတိယ တိုင်းမှူးဖြစ်သည်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် နပခ တိုင်းဦးစီးချုပ်ဖြစ်ပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဖြစ်သည်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့်

Continue Reading
လေကြောင်းတိုက်ခိုက်မှုကြားမှ အလင်းဝင်သူများကို AA ကယ်ထုတ်၊ နပခထဲတွင် နပခမှူးနှင့် ဦးစီတို့ လက်နက် မချသေး
စစ်ရေး သတင်း
1 min read
0

လေကြောင်းတိုက်ခိုက်မှုကြားမှ အလင်းဝင်သူများကို AA ကယ်ထုတ်၊ နပခထဲတွင် နပခမှူးနှင့် ဦးစီတို့ လက်နက် မချသေး

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ အလင်းဝင်ရောက်လာသူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို ရုပ်သံဖိုင်အရ တွေ့ရသည်။ တိုင်းစစ်ရုံးထဲက စစ်ဆေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ရာနှင့်ချီ အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရုပ်သံနှင့်တကွ AA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော်တို့ စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာ ” ဟု ပြေးလွှားနေရင်းကနေ ပြောဆိုသည်။ ယင်းကဲ့သို့ ထွက်ပြေးအလင်းဝင်ရောက်လာသည့်သူများထဲတွင် သက်ကြီးပိုင်းများလည်း ပါဝင်ပြီး အမျိုးသမီးများနှင့်

Continue Reading
အမ်း နပခ ကို သိမ်းပိုက်ပြီးကြောင်း အာရက္ခတပ်တော် AA အတည်ပြု
စစ်ရေး သတင်း
1 min read
0

အမ်း နပခ ကို သိမ်းပိုက်ပြီးကြောင်း အာရက္ခတပ်တော် AA အတည်ပြု

ဒီဇင်ဘာ ၂၀ - ၂၀၂၄
1

(ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို အရှင် ဖမ်းဆီးရမိ) အာရက္ခတပ်တော် AA က ရခိုင်ပြည် အမ်းမြို့မှာရှိသော စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အတည်ပြု ပြောကြားထားသည်။ နပခ တစ်ခုလုံးအား သိမ်းပိုက်ရရှိသည့်အပြင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိဟု AA က တရားဝင်အတည်ပြုထားသည်။ “ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း

Continue Reading
ဂွမြို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ရင်းထဲက တစ်ရင်းကို AA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ဂွမြို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ရင်းထဲက တစ်ရင်းကို AA သိမ်းပိုက်

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

အာရက္ခတပ်တော် AA သည် ရခိုင်ပြည် ဂွမြို့မှာရှိသည့် စစ်ကောင်စီ တပ်ရင်း ၂ ရင်းထဲက ၁ ရင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်စောစောပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ ဂွမြို့ထဲတွင် စစ်ကောင်စီ၏ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ရှိပြီး ခမရ ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ ခမရ ၅၆၃ တပ်ရင်းကို ယနေ့ နံနက် အာရုဏ် ၃ နာရီနှင့် ၅ နာရီကြားတွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။ ခမရ ၅၆၃ တပ်ရင်းကို

Continue Reading
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမှာ အပြစ်မဲ့ပြည်သူ ၃ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမှာ အပြစ်မဲ့ပြည်သူ ၃ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၀ - ၂၀၂၄
1

ရခိုင်ပြည် သံတွဲမြို့ပေါ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် သံတွဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ စံပယ်လမ်းထိပ်နှင့် မြေစာရင်းရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အမှတ် (၁) ရပ်ကွက်က အသက် ၅၅ နှစ်အရွယ် ဒေါ်တင်တင်ချို၊ အသက် ၆၃ နှစ်အရွယ် ဦးရဲအောင်နှင့် အသက် ၈၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့က ဒဏ်ရာရရှိသွားကြသည်။ အမှတ် (၁) ရပ်ကွက်က လူနေအိမ်နှစ်ဆောင်

Continue Reading
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး

ဒီဇင်ဘာ ၁၉ - ၂၀၂၄
1

စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားသည်။ သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့နယ် ကြံတောကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် စစ်ရှောင်နေသူတစ်ဦးဖြစ်သည်။

Continue Reading
ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ စစ်ရှုံးနေသော မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) မှာ ရာထူးအပြောင်းအလဲ၊ လူအပြောင်းအလဲများ ပြုလုပ်နေကြောင်း သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူယုံ ကျော်စွာလင်းကို နံပါတ် ၃ တပ်ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးထားသည်။ ကာကွယ်ရေးဝန်ကြီးနှင့် ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူးကို စစ်ဘက်ရာထူးများမှ ဖယ်ရှားကာ အရပ်ဘက်ပြောင်းရွှေ့၊ အရေးပေါ် ဖြစ်နေသည့် ဧရာ၀တီတိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ထားသည်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်တပ်၏ နံပါတ် ၃ အဆင့် ခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သို့ ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဝန်ကြီးများအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို

Continue Reading
နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။ “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

Continue Reading