ရခိုင်မှာ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်းထိခိုက်
ရခိုင်မှာ ၂၀၂၄ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ကိုယ်လက်အင်္ဂါထိခိုက်သူ ၃ ဦးထက်မနည်း ရှိခဲ့သည်။ သေဆုံးသူမှာ ဇူလိုင်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသား ၁ ဦး၊ ကိုယ်လက်အင်္ဂါထိခိုက်သူများမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၈ ရက်နေ့က ဂွမြို့ ကျိန္တလီမှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၃ ရက်နေ့က ၁ ဦးနှင့် ဇူလိုင် ၁၆ ရက်နေ့က အမ်းမြို့ အမှတ်(၄) ရပ်ကွက်မှ အမျိုးသမီး ၁
ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ
ရခိုင်ပြည် တောင်ပိုင်းဒေသ လူအင်အားနှင့် လက်နက်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသော ဂွဒေသမှာ စစ်ကောင်စီတပ်ရင်းများ စစ်ကြောင်းထိုးနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ တပ်စခန်းများကို သွားလာလှုပ်ရှားခြင်းနှင့် အနီးအနားဒေသများကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းများ မကြာခဏ ထိုးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်က ဂွနဲ့ ကျိန္တလီကြားမှာ တပ်ဖြန့်ထားတာတွေ့ရတယ်။ တပ်စခန်းတွေကို လက်နက်ပို့တာ၊ လူပို့တာနဲ့ အနီးအနားကျေးရွာတွေ၊ တောတောင်တွေကို စစ်ကြောင်းပတ်သွားတာ တွေ့ရတယ်။ လူတွေက စစ်ဖြစ်တော့မှာ ထင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြပြီ။ ” ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် AA ထံ သံတွဲမြို့ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေဖြစ်နေချိန်
တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့
(ရခိုင်တောင်ပိုင်းတွင် အမည်မသိ အရပ်သားအလောင်းတွေ့သည်မှာ ၁၄ လောင်းရှိလာပြီ) ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ အလောင်းများမှာ အားလုံး အမျိုးသားများဖြစ်ကြပြီး ခြေထောက်ကို ချည်နှောင်ထားသော သံကြိုးကို သော့ခတ်ထားကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။ ” မနေ့က တွေ့တာပါ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အခု ရွာသားတွေ ဆယ်ယူပြီး သင်္ဂြိုလ်ပေးလိုက်ပါပြီ။ ခြေထောက်တွေမှာ သံကြိုးချည်ခံထားရတယ်။ သော့ပါ ခတ်ထားသေးတာ။ မျက်လုံးကို ပိတ်စဖြင့် အပိတ်ခံထားရတယ်။ လက်လည်း နောက်ပြန်ကြိုး
ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ
ရခိုင်ပြည် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးနေကြောင်း သိရသည်။ ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် AA ထိုးစစ်အား ကာကွယ်ရန် ခေါင်းစဉ်ဖြင့်
စစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်
ရခိုင်ပြည် သံတွဲမြို့ အံတော်မှာ ရေကြီးနေပြီး နေအိမ်များ ရေလွှမ်းမိုးသွားပြီဟု ဒေသခံများထံမှ သိရသည်။ သံတွဲမြို့သည် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသော မြို့ဖြစ်ပြီး လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်လာ၍ ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကုတ်မြို့ဘက်ဝင်ပေါက် သံတွဲမြို့သစ်ဘက်ခြမ်းရှိ အံတော်ရွာ၊ တောင်ကုတ်ကားဂိတ်သို့ ချောင်းရေဝင်ရောက်ပြီး နေအိမ်များ ရေနစ်မြှုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ချောင်းရေမြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် စတင်နစ်မြှုပ်နေခြင်းဖြစ်သည်။ သံတွဲက ဒေသခံပြည်သူများမှာ စစ်ရေးနှင့်အတူ ရေကြီးမှုဒဏ်ကိုပါ တပြိုင်တည်းခံစားနေရကြောင်း သိရသည်။
သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။ သံတွဲ စစ်ရေးသိသူတစ်ဦးက ” ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ ” ဟု ပြောသည်။ စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ ၅၆၂ နှင့် ၅၆၃ တို့ရှိပြီး အဆိုပါတပ်ရင်းများကို စစ်ကောင်စီက ပြည်သူ့စစ်ထမ်းများ ပေးပို့နေခြင်းဖြစ်သည်။ ဂွမြို့ခံတစ်ဦးက ” ဒီအပို့ခံရတဲ့ စစ်မှုထမ်းတွေကို ဒေသခံရဲတွေနဲ့ ပေါင်းပြီး ဂိတ်တွေမှာ၊ ရပ်ကွက်တွေမှာ လုံခြုံရေး လုပ်ခိုင်းထားတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးထားပါတယ်။ အင်အားက ရာကျော်တာပေါ့။ ဒါပေမယ့် ပြည်သူ့စစ်တွေက ထွက်ပြေးကြသူတွေလည်းရှိတယ်။ ” ဟု ပြောသည်။ ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်းနှစ်ခု ပေါင်းမှ တပ်သား ၁၅၀ ခန့်သာရှိ၍