သံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ
(သံတွဲမြို့က စစ်ပွဲဇုန်ဖြစ်နေ၍ ဒေသခံများ ယာယီထွက်ခွာပေးကြရန် တက်ကြွလှုပ်ရှားသူတစ်ဦးတိုက်တွန်း) ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။ စစ်ရှောင်အခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်နဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေရပါတယ်။ တချို့အိမ်တွေမှာ တောင်းစားနေရတာတောင် မြင်ခဲ့ရတယ်။ တော်တော်လေး အခက်အခဲဖြစ်နေကြတာပါ။ နေစရာမရှိ စားစရာမရှိ။ တတ်နိုင်တဲ့သူတွေ ကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ” ဟု ပြောသည်။ သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ
သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇၀ ကျော်ထွက်ပြေး
(ထောင်ပိုင်နှင့် တစ်ပွင့် အရာရှိတစ်ဦး အပါအဝင် ၅ ဦးသာကျန်ရှိ) ရခိုင်ပြည် သံတွဲအကျဉ်းထောင်တွင် ထောင်ဝန်ထမ်း ၈၀ ဦးခန့်ရှိသည့်အနက် ၇၀ ကျော်မှာ ထွက်ပြေးသွားပြီး ထောင်ပိုင်နှင့် အရာရှိ မျိုးမင်းထွန်းဆိုသူအပါအဝင် ၅ ဦးသာ ကျန်ရှိတော့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။ သံတွဲမြို့နယ် အခြေစိုက် တပ်ရင်းနှစ်ခုနှင့် စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သံတွဲအကျဉ်းထောင်၌ တပ်စွဲကာ ခံစစ်ပြင်ဆင်နေကြသည်။ သံတွဲထောင်ကို စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေ၍ အကျဉ်းထောင်ဝန်ထမ်းများမှာ စစ်ပွဲအတွင်း ကြားညှပ်မည်ကို စိုးရိမ်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အကျဉ်းဝန်ထမ်းတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်ကနေ သံတွဲအကျဉ်းထောင်ကနေ
ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့
(သိမ်းယူခဲ့သော မြေယာများကို မြန်မာစစ်တပ်က ကုမ္ပဏီ ၅ ခုကို အငှားချထားခဲ့) ရခိုင်ပြည် သံတွဲအခြေစိုက် ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့ကြောင်း သံတွဲမြေယာသိမ်းပြန်ရရေး လှုပ်ရှားသူများ၏ စာရင်းအရ သိရသည်။ ငပလီမြို့ထဲက ပြည်သူ ၅၈ ဦးပိုင် မြေယာများကို စစ်တပ် ခလရ ၅၅ တပ်ရင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လျော်ကြေးအပြည့်အဝ မပေးခဲ့ကြောင်း သိမ်းဆည်းမြေပြန်ရရေး မြေပိုင်ရှင်များက ပြောဆိုထားကြသည်။ ယင်းမြေယာများကို စစ်အုပ်စုနှင့်နီးစပ်သည့် ဟိုတယ်လုပ်ငန်းရှင်များကို အလွန်သက်သာသော ဈေးနှုန်းများဖြင့် စစ်အုပ်စုက ငှားရမ်းအသုံးပြုခဲ့သည်။ မြေယာသိမ်းဆည်းချိန်က မြန်မာစစ်တပ် ပြောဆိုချက်မှာ ခလရ ၅၅ တပ်ရင်း
သံတွဲတိုက်ပွဲ စစ်မှုထမ်းသစ် ၁၀၀ ကျော် အပို့ခံရ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ
ရခိုင်ပြည် သံတွဲတိုက်ပွဲကို စစ်မှုထမ်းသစ် အပတ်စဉ် ၁ ဆင်း တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ပို့လိုက်ပြီး AA က ငပလီမြို့ရှိ တပ်ရင်းများကို သိမ်းပိုက်ပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်သွားပြီဟု သိရသည်။ ဇွန်လ ၂၈ ရက်နေ့က တိုက်ကြီး တန်းမြင့်လေ့ကျင့်ရေးကျောင်းဆင်းသော စစ်မှုထမ်းသစ်များထဲမှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ ဇွန်လ ၂၉ ရက်နေ့က သံတွဲတိုက်ပွဲ ရှေ့စစ်မျက်နှာပြင်သို့ အပို့ခံရကြောင်း မိသားစုဝင်များက ပြောသည်။ သံတွဲအပို့ခံရသည့် စစ်မှုထမ်းသစ် တပ်သား အစ်ကိုဖြစ်သူက ” သူက ရန်ကုန်တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းသွားတဲ့
သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်
စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော သံတွဲမြို့ ငပလီကမ်းခြေရှိ ခလရ (၅၅) တပ်ရင်းအား အာရက္ခတပ်တော် AA က ဇူလိုင် ၉ ရက်နေ့တွင် သိမ်းပိုက် ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ယမန့်နေ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံတွဲမြို့နယ်နှင့် မောင်တောမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။ ယင်းအထဲမှ သံတွဲမြို့နယ်အတွင်း၌ သံတွဲမြို့၊ ငပလီ ကမ်းခြေတွင် အခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်က သိမ်းပိုက်
စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ ကျောက်ဖြူတွင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်တွင် သံတွဲမြို့နယ် ဂွသံတွဲလမ်းရှိ ပဒဲကောကျေးရွာကို သံတွဲဂျိတ္တော အနီးရှိ စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျေးရွာ တံတားအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မောင်ရွှေလေးရေတပ်ကက လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ အဲ့ဒီမှာ လက်နက်ကြီး ကျည်က ရွာထိပ် တံတားအနားကို ကျတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ဦး လက်နက်ကျည်စင်ပြီး လည်ပင်းကို ထိတယ်။