မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်
ပြီးခဲ့သည့် နှစ်လခန့်ကစ၍ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မောင်တောမြို့သိမ်းတိုက်ပွဲ ဇွန်လ နှစ်ပတ်အတွင်း မောရဝတီဗျူဟာကုန်းအပါအဝင် စစ်ကောင်စီအရေးပါသော တပ်စခန်း ၁၀ ခုကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ဇွန်လ ဒုတိယအပတ်တွင်း မောရဝတီဗျူဟာ၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ပထမအတွင်းမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့ကို AA
စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
(ယင်း ၁၂ ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခေါ်လာသူ လူတစ်စုက ဖောက်ထွင်းနေ) ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။ ” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ။ ၁၀ ယောက်ကျော် ပါသွားတယ်။
မောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို
ရခိုင်ပြည် မောင်တောမြို့နယ်က အလယ်သံကျော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၄၀၀ ခန့်ကို AA က ထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။စစ်ကောင်စီ အလယ်သံကျော်စခန်းကို ဇွန်လ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ဇွန်လ ၉ ရက်နေ့ စတင်သိမ်းပိုက်ခံရချိန်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ စခန်းသိမ်းပိုက်ခံနေရပြီဟု အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ဇွန်လ ၁၁ ရက်နေ့ကစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံးဝ ဆက်သွယ်၍မရတော့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းရင်းမြစ်က ဆိုသည်။“နခခ
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား သတ်ဖြတ်ခံရမှု တိုးလာနေပြီး သေဆုံးသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၇၆ ဦးရှိခဲ့ပြီး စစ်ကြောရေးဒဏ်ရာကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသခံယူနေသူများထဲမှ နောက်ထပ် ၂ ဦး ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။ မေလ ၂၉ ရက်နေ့က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းသည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးပါမကျန် အမျိုးသားအမျိုးသမီးအားလုံးကို ဖမ်းဆီးကာ နှိပ်စက်ရိုက်နှက်ခဲ့သည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အားလုံးကို ဆက်လက်ဖမ်းဆီးထားသည်။ဗျိုင်းဖြူရွာနှင့် နီးစပ်သူတစ်ဦးက ” အရေအတွက်
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။ ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)