ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို
သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီဗုံးကြဲ
ရခိုင်ပြည်၊ သံတွဲမြို့ပေါ်မှာ စစ်မှုထမ်းဟောင်းရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်ရွယ် အမျိုးသားတစ်ဦးက Western News ကို ပြောသည်။ “သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံးရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးရယ် အဲ့ဒီရုံးတွေကို ဗုံးကြဲသွားတာဗျ၊ အားကစားခန်းမ ကို ဗုံးကြဲသွားတာရှိတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေ အဆက်ဖြတ်ထားတော့ အတည်ပြုနေရတာအရမ်းခက်ခဲတယ်
အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ
ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း
စစ်တွေရှိ စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ ၃ မြို့ကို ပစ်ခတ်တိုက်ခိုက်နေ
(ရခိုင်က မြို့ ၃ မြို့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်) ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AA က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ထားသည်။ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိကြောင်း AA က ပြောသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ
ARSA ၏ အခိုင်အမာ တပ်စခန်း ၄ နေရာကို AA သိမ်းပိုက်
(ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက် စိန်ခေါ်မှုအသစ်ဖြစ်လာဟုဆို) ဘူးသီးတောင်၊ မောင်တောဒေသရှိ မေယုတောင်တန်းတွင် အခိုင်အမာစခန်းချထားသော စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင် ARSA ၏ တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။ တပ်စခန်းများအား မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့ကစ၍ ARSA နှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့တင် အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။ ဘူးသီးတောင်မြို့နယ်
စစ်မှုထမ်းတပ်သားသစ် ရာနှင့်ချီ ရခိုင်တိုက်ပွဲကို စစ်ကောင်စီ ပေးပို့
ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေသော အမ်းမြို့နယ်နှင့် ဂွမြို့နယ်က တိုက်ပွဲများသို့ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် တပ်သားသစ် ရာနှင့်ချီ ပေးပို့ တိုက်ခိုက်နေကြောင်း သိရသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီး၊ ဂွမြို့နယ် ၁၀ မိုင်အကွာ ကြွေချိုင်၊ မောင်တောမြို့စောင့်တပ် နခခ ၅ တပ်စခန်းတို့တွင် စစ်ကောင်စီနှင့် AA နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြသည်။ နပခ အတွက် အရေးပါသော တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ထဲရှိ နပခ ကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီမှာ တပ်သား အသေအပျောက်များနေ၍ စစ်မှုထမ်းဟောင်း ဥပဒေဖြင့် စုဆောင်း
မောင်တောတွင် စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်တစ်ဦး အပါအဝင် ၅ဦး သေဆုံး
ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန် https://t.me/TheWesternNews/15197 ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲမှုကြောင့် ကိုယ်ဝန် ၇ လခန့်ရှိ အမျိုးသမီးတစ်ဦး၊ ၃ လအရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၁ ရက်နေ့ ညဉ့် ၁ နာရီ ၄၄ မိနစ်လောက်က စစ်ကောင်စီတပ်၏ လေကြောင်းက လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်လာသူ ညီမအရင်းနှစ်ဦးအပါအဝင် ၅ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စစ်ကောင်စီတပ်က ညဉ့်အချိန်မှာ ဗုံးလာကြဲတာပါ။ လူတွေ
မြို့အနီးတိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်
ရခိုင်ပြည် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများကြောင့် အမ်းလေဆိပ်မှာ လေယာဉ်အတက်အဆင်း ရပ်တန့်ထားရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ” အမ်းလေဆိပ် အသုံးပြုခွင့်မရတာ ၃ ရက်လောက်ရှိပါပြီ။ နပခ ကို လက်နက်ကြီးကျတာ၊ လေဆိပ်ကို လက်နက်ကြီးကျတာတွေကြောင့် လေယာဉ်တွေ ဆင်းသက်လို့ မရတော့ဘူး။ ရန်ကုန်ဘက်ကို ပြန်လှည့်ပြန်သွားရတယ်။ မနေ့ကဆို မြန်မာ့လေကြောင်း လေယာဉ်တစ်စီးလာတယ်။ ပစ်ခတ်သံတွေကြောင့် မဆင်းရဲဘဲ ပြန်သွားရတယ်။ ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ အမ်းမြို့သိမ်းတိုက်ပွဲကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို
စစ်ကောင်စီ လက်နက်ကြီးကြောင့် ဂွနှင့် မောင်တောမှာ အရပ်သား ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုရက်အတွင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကြောင်း သိရသည်။ ဂွမြို့နယ် ကုလားပြင်အနီးက ဒယ်ဘုတ်ကျေးရွာကို အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားသည်။ သေဆုံးသူများမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်တင်ရွှေ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်နှင့် အသက် ၅၀ အရွယ် ဦးတင်ရွှေတို့ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် မေနှင်းသူ၊
အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ
အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည်