ရခိုင်မှာ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန် ချေမှုန်းတိုက်ခိုက်မည်ဟု AA ပြော
ရခိုင်ပြည်မှာ တကျော့ပြန်စစ်ပွဲနှင့်အတူ စစ်ကောင်စီက ဖန်တီးနေသော လူမျိုးရေး၊ ဘာသာရေး အသွင်းဆောင် ပဋိပက္ခများနှင့် သွေးထိုးလှုံ့ဆော်မှုများမှာ ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသတို့တွင် မွတ်ဆလင်အကြမ်းဖက်များနှင့် မွတ်ဆလင်အကြမ်းဖက်အုပ်စုများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပြီးနောက် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ဆိုးရွာလာနေ၍ ခေါင်းမထောင်လာနိုင်ရန် အာရက္ခတပ်တော် AA က ချေမှုန်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်သည်။ မူဆလင်အကြမ်းဖက်သမားအုပ်စုများ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များနှင့် မူဆလင်ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိနေကြောင်း AA က ပြောသည်။ “မောင်တောဒေသအတွင်းရှိ
စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်
ရခိုင်ပြည် မောင်တောမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ယူထားသော ဒေသခံမွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော် AA က အချိန်မီ ကယ်ထုတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ မောင်တောမြို့ထဲမှာ ပိတ်မိနေသော မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားသော မွတ်ဆလင်များကို AA ကယ်ထုတ်ပေးနေပြီး ယခု ဗီဒီယိုဖိုင်ပါ မွတ်ဆလင်များမှာ လသာကျေးရွာက မွတ်ဆလင်များဖြစ်ကြသည်။ ၎င်းတို့ကို ယမန်နေ့ ဩဂုတ် ၇ ရက်နေ့က AA တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၊
မောင်တောမှာ လက်နက်ကြီးကျ၍ မွတ်ဆလင်များ ဒါဇင်နှင့်ချီသေဆုံး
အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်မှာ လက်နက်ကြီးနှင့် ဗုံးသီးများကြောင့် ဩဂုတ်လ ၅ ရက်နေ့က မွတ်ဆလင် ဒါဇင်နှင့်ချီသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း စစ်သွားရှောင်ရန် နတ်မြစ်အနီး ရာနှင့်ချီသော မွတ်ဆလင်မိသားစုများ စောင့်ဆိုင်းနေစဉ် ဩဂုတ်လ ၅ ရက် ညနေပိုင်းက လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ သေဆုံးရခြင်းဖြစ်ကြောင်း အသက်ရှင်လာသူ မွတ်ဆလင်များထံမှ သိရသည်။ ” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲ အရမ်းပြင်းထန်နေတော့ အခုလည်း ပြင်းထန်နေကြတော့ မောင်တောဒေသမှာ လုံးဝနေလို့မရတာကြောင့် ရာနှင့်ချီတဲ့ မွတ်ဆလင်မိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားဖို့ နတ်မြစ်ကမ်းမှာ စောင့်နေကြတာ။ ၅ ရက်နေ့က
BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ) ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။ ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။
အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး
ရခိုင်ပြည် အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများမှာ ကုန်ခဲ့သည့် ဇူလိုင်လအတွက် သတ်မှတ်လစာ မရရှိသေးကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။ ဇူလိုင်လအတွက် သတ်မှတ်လစာကို အမ်းမြို့နယ်ရှိ တခြားဌာနဆိုင်ရာဝန်ထမ်းများမှာ ရရှိပြီးဖြစ်သော်လည်း ပညာရေးဝန်ထမ်းများမှာ မရရှိသေးကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။ ” ကျန်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာရပြီးပါပြီ။ ပညာရေးဌာနက သူတွေပဲ မရတာ။ လစာက မရောက်သေးတာကြောင့် မရတာလို့ကြားတယ်။ ရတော့ရမယ်လို့ ပြောတာပဲ” ဟုပြောသည်။ လစာမှာ သတ်မှတ်ချိန်အတွင်း မရရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။ “လစာ ရချိန်တန်လို့ မရသေးတော့ ခက်ခဲတာပေါ့။ တချို့ဆို လစာကိုပဲ မှီခိုပြီး စားသောက်နေကြရတာတွေ ရှိတယ်။ သူတို့အတွက်ဆို
AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို
(စစ်ကောင်စီက နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ကိုယ့်ရခိုင်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေကြောင်းနှင့် ရခိုင်ပြည် နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေ မိန့်ခွန်းကြားပြောရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်”
စစ်တွေက အရပ်သားများကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟုဆို
(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁၀၀၀ ကျော်ရှိလာ) ရခိုင်ပြည် စစ်တွေမြို့တွင် ပိတ်မိနေကြသူများထဲမှ အရပ်သားအမျိုးသားများကို အဓိက ပစ်မှတ်ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟု ပိတ်မိနေသူ စစ်တွေဒေသခံများက ပြောဆိုကြသည်။ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ညက မင်းဂံရပ်ကွက်များနှင့် မြို့ထဲရပ်ကွက်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။ ” မင်းဂံရပ်ကွက်ထဲက တော်တော်လေးပါသွားတယ်။ ဓညတတီ၊ ကုန်တန်း၊ ရွာကြီးတောင်၊ ရွှေပြား စတဲ့ ရပ်ကွက်တွေကလည်း ပါသွားတယ်။ ၅၀ ကျော် ၇၀ နီးပါးလောက်ရှိမယ်။ ပြန်လွတ်လာတာ မကြားသေးဘူး။ ကျနော်တို့က စစ်တွေမြို့က
ရခိုင်မှာ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် ၁ ဦးသေဆုံး၊ ၃ ဦးထက်မနည်းထိခိုက်
ရခိုင်မှာ ၂၀၂၄ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ကိုယ်လက်အင်္ဂါထိခိုက်သူ ၃ ဦးထက်မနည်း ရှိခဲ့သည်။ သေဆုံးသူမှာ ဇူလိုင်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသား ၁ ဦး၊ ကိုယ်လက်အင်္ဂါထိခိုက်သူများမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၈ ရက်နေ့က ဂွမြို့ ကျိန္တလီမှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၃ ရက်နေ့က ၁ ဦးနှင့် ဇူလိုင် ၁၆ ရက်နေ့က အမ်းမြို့ အမှတ်(၄) ရပ်ကွက်မှ အမျိုးသမီး ၁