စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး
ဓါတ်ပုံသတင်း
1 min read
495

စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး

ဧပြီ ၃ - ၂၀၂၄
0

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နေ့လယ်က စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းမှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။  ၎င်းတို့မှာ အသက် ၆၃ နှစ်အရွယ် ဒေါ်ကင်ယုံမေ၊ အသက် ၆၂ နှစ်အရွယ် ဦးမဲခေါက် (ခ) ဦးအောင်ဇံဖြူ၊ အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ခိုင်ရွှေဝင်း၊ အသက် ၂၇ နှစ်အရွယ် ဒေါ်စန္ဒာဝင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်တို့ ဖြစ်ကြသည်။ 

Continue Reading
စစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ
သတင်း
1 min read
493

စစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ဧပြီ ၃ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်သုံးခုတွင် နှစ်ရက်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၁၇ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။  ယမန်နေ့ ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲချ၍ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သလို စစ်တွေမြို့မှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့်လည်း ပေါက်တောမြို့နယ် မော်ထုတ်ကြီးကျေးရွာမှ အရပ်သား ၉ ဦးဒဏ်ရာ ရရှိခဲ့သည်။  ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်က မင်းပြားမြို့နယ် မြစ်နားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲချ၍ အရပ်သား

Continue Reading
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
အင်တာဗျူး
1 min read
186

စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ

မတ် ၂၃ - ၂၀၂၄
1

ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများကြား ရုန်းကန်လှုပ်ရှားနေကြရသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အမျိုးသမီးများ၏ ဘဝအခြေနေများကို Western News မှ မေးမြန်းစုစည်းတင်ပြထားခြင်းဖြစ်သည်။ကြမ်းတမ်းသည့် စစ်ဘေးကာလများကို ရခိုင်အမျိုးသမီးများ မည်ကဲ့သို့ရင်ဆိုင်နေကြရသည်နှင့် မည်သည့်အခက်ခဲများ တွေ့ကြုံနေရပြီး မည်ကဲ့သို့ ဖြတ်ကျော် ဖြေရှင်းနေရသည်ကို သိရှိရမည်ဖြစ်သည်။ ပုဏ္ဏားကျွန်း စစ်ရှောင်အမျိုးသမီး(မြောက်ဦးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ) ” ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက် စစ်ရှောင်ကာလက ပိုများနေတယ်လို့ ပြောရမယ်။ မြို့တွင်း ဘာတိုက်ပွဲမှ မဖြစ်ခင်ကတည်းက မြို့ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တာကြောင့် မြို့ကိုစွန့်ခဲ့ကြရပြီ။ အခုထိလည်း မပြန်ကြရသေးဘူး။ အခက်ခဲလို့ပြောရင် ဒီကာလမှာအားလုံးက အခက်ခဲတွေပဲ။ ကျမမှာ ၉ နှစ်အောက် ကလေး ၃ ယောက်ရှိတယ်။ ယောက်ကျားကလည်း အနားမှာမရှိဘူး။ နိုင်ငံခြားမှာ

Continue Reading