စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
244

စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်

August 8, 2024
0

ရခိုင်ပြည် မောင်တောမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ယူထားသော ဒေသခံမွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော် AA က အချိန်မီ ကယ်ထုတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ မောင်တောမြို့ထဲမှာ ပိတ်မိနေသော မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားသော မွတ်ဆလင်များကို AA ကယ်ထုတ်ပေးနေပြီး ယခု ဗီဒီယိုဖိုင်ပါ မွတ်ဆလင်များမှာ လသာကျေးရွာက မွတ်ဆလင်များဖြစ်ကြသည်။ ၎င်းတို့ကို ယမန်နေ့ ဩဂုတ် ၇ ရက်နေ့က AA တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၊

Continue Reading
မောင်တော နတ်မြစ်ကမ်း မွတ်ဆလင်တွေသေဆုံးတာကို AA က စုံစမ်းစစ်ဆေးမယ်
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
301

မောင်တော နတ်မြစ်ကမ်း မွတ်ဆလင်တွေသေဆုံးတာကို AA က စုံစမ်းစစ်ဆေးမယ်

August 8, 2024
0

Continue Reading
BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
နိုင်ငံရေး သတင်း
0 min read
127

BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

August 7, 2024
0

(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ) ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။ ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။

Continue Reading
စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ
ဗီဒီယိုသတင်း သတင်း
1 min read
203

စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ

August 6, 2024
0

(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁,၀၀၀ ကျော်ရှိလာ)

Continue Reading
AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို
စစ်ရေး နိုင်ငံရေး သတင်း
1 min read
258

AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို

August 6, 2024
0

(စစ်ကောင်စီက နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ကိုယ့်ရခိုင်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေကြောင်းနှင့် ရခိုင်ပြည် နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေ မိန့်ခွန်းကြားပြောရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်”

Continue Reading
စစ်တွေက အရပ်သားများကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟုဆို
စစ်ရေး သတင်း
1 min read
210

စစ်တွေက အရပ်သားများကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟုဆို

August 6, 2024
0

(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁၀၀၀ ကျော်ရှိလာ) ရခိုင်ပြည် စစ်တွေမြို့တွင် ပိတ်မိနေကြသူများထဲမှ အရပ်သားအမျိုးသားများကို အဓိက ပစ်မှတ်ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟု ပိတ်မိနေသူ စစ်တွေဒေသခံများက ပြောဆိုကြသည်။ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ညက မင်းဂံရပ်ကွက်များနှင့် မြို့ထဲရပ်ကွက်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။ ” မင်းဂံရပ်ကွက်ထဲက တော်တော်လေးပါသွားတယ်။ ဓညတတီ၊ ကုန်တန်း၊ ရွာကြီးတောင်၊ ရွှေပြား စတဲ့ ရပ်ကွက်တွေကလည်း ပါသွားတယ်။ ၅၀ ကျော် ၇၀ နီးပါးလောက်ရှိမယ်။ ပြန်လွတ်လာတာ မကြားသေးဘူး။ ကျနော်တို့က စစ်တွေမြို့က

Continue Reading
လက်နက်မဲ့ တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး CNA က လုပ်ကြံဖန်တီးနေဟု AA ပြောခွင့်ရပြော
စစ်ရေး နိုင်ငံရေး သတင်း
1 min read
123

လက်နက်မဲ့ တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး CNA က လုပ်ကြံဖန်တီးနေဟု AA ပြောခွင့်ရပြော

August 6, 2024
0

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲပြီးနောက် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးကို ချင်းအမျိုးသားတပ်မတော် CNA/CNF က ဖမ်းဆီးသွားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ မတူပီမြို့သိမ်းပြီးနောက် ၂ ရက်အကြာတွင် CNA/CNF ရှိရာ ကျေးရွာသို့ လမ်းမှားရောက်သွားခြင်းကြောင့် AA တပ်သား ၂ ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြောင်း APM ဖော်ပြချက်အရ သိရသည်။ အဆိုပါ AA တပ်ဖွဲ့ဝင် ၂ ဦးကို CNA က ညှဉ်းပန်းနှိပ်စက်ပြီး ၎င်းတို့ လိုချင်သောပုံစံမျိုး ထွက်ဆိုခိုင်းထားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ထားသည်။ ” အဲဒီရဲဘော်နှစ်ယောက်ကို

Continue Reading
ရေကြီးရေလျှံမှုကြောင့် မင်းပြား-မြောက်ဦး-ပုဏ္ဏားကျွန်း ကားလမ်း ရေနစ်မြုပ်၍ ခရီးသွားယာဉ်များ ပိတ်မိနေ
ဓါတ်ပုံသတင်း သတင်း
1 min read
165

ရေကြီးရေလျှံမှုကြောင့် မင်းပြား-မြောက်ဦး-ပုဏ္ဏားကျွန်း ကားလမ်း ရေနစ်မြုပ်၍ ခရီးသွားယာဉ်များ ပိတ်မိနေ

August 5, 2024
0

ရက်ပေါင်း ၂၀ ကျော် ဆက်တိုက်ရွာသွန်းခဲ့သော မိုးကြောင့် လေးမြို့မြစ်နှင့် ကုလားတန်မြစ်ရေမှာ ဆက်လက် မြင့်တက်နေ၍ မင်းပြား-မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်း ကားလမ်းတစ်လျှောက် အနိမ့်ပိုင်းများတွင် ရေနစ်မြုပ်သွားပြီး ခရီးသွားယာဉ်များ ပိတ်မိနေကြကြောင်း သိရသည်။ ဩဂုတ်လ ၂ ရက်နေ့ကစ၍ ပိတ်မိနေကြခြင်းဖြစ်ပြီး မင်းပြား-မြောက်ဦးကားလမ်းတွင် ယာဉ်ပေါင်း ၅၀ ပိတ်မိနေကြသည်ဟု ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။ “ကျနော်တို့ ဒီနားမှာ ၂ ရက်ရှိပြီ။ ဖြတ်လို့မရဘူး။ ဒီနေ့တော့ ရေက ပြန်ကျသွားတယ်။ ဒါပေမယ့် လမ်းမှာ သစ်တုံးတွေ ကန့်လန့်ဖြတ်နေတယ်။ ရေက ဖြတ်သွားမယ်ဆို ဖြတ်လို့တော့ရပေမယ့် သစ်တုံးတွေ၊ ဒိုက်ဖောင်တွေက လမ်းပေါ်မှာရှိနေတော့ သွားလို့မရဘူး” ဟု ပြောသည်။ လက်ရှိ မင်းပြား-ပုဏ္ဏားကျွန်းကားလမ်းတွင် ပိတ်မိနေသည့်

Continue Reading
မြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်
ဓါတ်ပုံသတင်း သတင်း
0 min read
74

မြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်

August 5, 2024
0

(အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်နေ) ဩဂုတ်လ ၁ ရက်နေ့ ညကနေ ရေစတင်ကြီးနေသော မြောက်ဦးမြို့နယ်မှာ ယနေ့ နံနက်က မြို့ပေါ် ရပ်ကွက်များထဲ ရေစတင်ဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်သွားပြီဟု ဒေသခံများက ပြောသည်။ ” ရေစီးလည်း အရမ်းပြင်းတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေက အားလုံးနစ်မြှုပ်သွားပါပြီ။ အခု မြို့လယ်ကောင်ဖြစ်တဲ့ တောင်ရပ်ရပ်ကွက်ထဲကို ရေဝင်ရောက်တာ ခါးလောက်ကို ရှိနေပါပြီ။ ရေက ဒီထက် ပိုကြီးမယ်ထင်ပါတယ်။ ” ဟု ပြောသည်။ မြောက်ဦးမြို့ပေါ်တွင် ဆင်ချဆိပ်၊ ကြက်ဈေး၊ ညောင်ပင်ဈေး၊ အလယ်ဈေး၊ ကြက်လျှာကျွန်း၊ ဗန္ဒုလ၊ ဝါဈေး၊ လော်ကမူ၊ ကျောက်ရာဇ်ကေ၊ အောင်မင်္ဂလာ၊ ဝါးသဲ၊

Continue Reading
AA တပ်သား ၂ ဦး ချင်းတပ် CNA ထံ ဖမ်းဆီးခံထားရ
သတင်း
1 min read
385

AA တပ်သား ၂ ဦး ချင်းတပ် CNA ထံ ဖမ်းဆီးခံထားရ

August 2, 2024
1

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦး ချင်းအမျိုးသားတပ်မတော် CNA ထံ ဖမ်းဆီးခံထားရကြောင်း ချင်းပြည်သတင်းများက ဖော်ပြကြသည်။ CNA ဦးဆောင်သော ချင်းပြည်အစိုးရ၏ သဘောထားများနှင့် CNA ၏ သဘောထားများကို ထုတ်လွှင့်ပေးနေသော Chinland Information Center ၏ အင်တာဗျူး ရုပ်သံဖိုင်တွင် AA တပ်ဖွဲ့ဝင် ၂ ဦးကို CNA က ဖမ်းဆီးထားကြောင်း ပြောဆိုထားသည်။ ဖမ်းဆီးခံရသည့် နေ့၊ ရက် အချိန်ကာလကို ဖော်ပြထားခြင်းမရှိသော်လည်း AA တပ်သား ၂ ဦးမှာ ဖလန်းတိုက်ပွဲနှင့် မတူပီမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း တွေ့ရသည်။ ဖမ်းဆီးခံထားရသည့် AA တပ်သားနှစ်ဦး၏

Continue Reading