AA က မရာတပ်ကို ခရစ်စ္စမတ်လက်ဆောင် နွားသုံးကောင်ပေး
သတင်း
1 min read
0

AA က မရာတပ်ကို ခရစ်စ္စမတ်လက်ဆောင် နွားသုံးကောင်ပေး

ဒီဇင်ဘာ ၂၀ - ၂၀၂၄
0

မကြာကျရောက်တော့မည့် ခရစ်စ္စမတ်ပွဲတော်ကြီးကို မြန်မာနိုင်ငံက မရာလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိကြသည်။ မရာလူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC/MDF ကို အာရက္ခတပ်တော် AA က ခရစ်စ္စမတ် လက်ဆောင်အဖြစ် နွားသုံးကောင်း ပေးအပ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA ၏ တပ်မဟာ (၃) မှ ခရစ်စ္စမတ်ပွဲတော်မှာ MDF ရဲဘော်များ သုံးဆောင်နိုင်ရန် နွားအထီး နှစ်ကောင်နှင့် နွားမ တစ်ကောင်အား လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF ကလည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် အမြော်အမြင်ကြီးမြင့်ပြီး မဟာမိတ်ထပ်ပိုသော စိတ်ရင်းမေတ္တာဖြင့် နွားသုံးကောင်းအား လက်ဆောင်ပေးအပ်သည့် အာရက္ခတပ်တော် AA အား အထူးကျေးဇူးတင်ရှိကြောင်း

Continue Reading
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မောင်တောနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သားများ ထိခိုက်သေဆုံး

ဒီဇင်ဘာ ၁၉ - ၂၀၂၄
1

စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားသည်။ သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့နယ် ကြံတောကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် စစ်ရှောင်နေသူတစ်ဦးဖြစ်သည်။

Continue Reading
ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ စစ်ရှုံးနေသော စစ်ကောင်စီတပ်မှာ ရာထူးနှင့်လူ အပြောင်းအလဲလုပ်

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ စစ်ရှုံးနေသော မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) မှာ ရာထူးအပြောင်းအလဲ၊ လူအပြောင်းအလဲများ ပြုလုပ်နေကြောင်း သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူယုံ ကျော်စွာလင်းကို နံပါတ် ၃ တပ်ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးထားသည်။ ကာကွယ်ရေးဝန်ကြီးနှင့် ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူးကို စစ်ဘက်ရာထူးများမှ ဖယ်ရှားကာ အရပ်ဘက်ပြောင်းရွှေ့၊ အရေးပေါ် ဖြစ်နေသည့် ဧရာ၀တီတိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ထားသည်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်တပ်၏ နံပါတ် ၃ အဆင့် ခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သို့ ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဝန်ကြီးများအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို

Continue Reading
နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။ “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

Continue Reading
AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့
စီးပွားရေး သတင်း
1 min read
0

AA အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့

ဒီဇင်ဘာ ၁၉ - ၂၀၂၄
1

(ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် AA တို့ ညှိနှိုင်းထားခြင်းမရှိ၍ဟုဆိုကာ ဆန်ရောင်းချခွင့် မရရှိသေးပေ) ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် မောင်တောဒေသကို ဒီဇင်ဘာလ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA မှ ထိန်းချုပ်ပြီးနောက် မောင်တောဆိပ်ကမ်းကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ဆန်ကုန်သွယ်နေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် AA တို့သည် ကုန်သွယ်ရေးကိစ္စရပ်များကို သဘောတူညီမှုများ ဆွေးနွေးထားခြင်းမရှိသည့်အတွက် ရခိုင်ကုန်သည်များမှာ ဆန်ရောင်းချခွင့် မရရှိကြပေ။ မက်ထရစ် ၁၉ တန်အလေးချိန်ရှိသော လုံးကြီး ဆန်အိတ် ၃၈၀ တင်ဆောင်လာသည့် တက်နေထွန်း အမည်ရှိ ဆန်ဘုတ်တစ်စီးသည် AA အခွန်ပြေစာဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မောင်တောဆိပ်ကမ်းမှတစ်ဆင့်

Continue Reading
အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး (ဓါတ်ပုံသတင်း)
စစ်ရေး သတင်း
1 min read
0

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး (ဓါတ်ပုံသတင်း)

ဒီဇင်ဘာ ၁၈ - ၂၀၂၄
0

မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း

Continue Reading
အမ်း နပခ ပကတိမြေပြင်အခြေအနေကို AA ထုတ်ပြန်ခြင်းသည် စစ်တွေနှင့် ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဟု သုံးသပ်ကြ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်း နပခ ပကတိမြေပြင်အခြေအနေကို AA ထုတ်ပြန်ခြင်းသည် စစ်တွေနှင့် ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဟု သုံးသပ်ကြ

ဒီဇင်ဘာ ၁၇ - ၂၀၂၄
1

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အာရက္ခတပ်တော် AA ထုတ်ပြန်သော အမ်း နပခ ပကတိမြေပြင်အခြေအနေ ဗီဒီယိုဖိုင်သည် မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။ အမ်း နပခ ပကတိမြေပြင်အခြေအနေမှာ လက်နက်ချအညံ့ခံခြင်းနှင့် အလံဖြူထောင်အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် AA က အသက်ချမ်းသာခွင့် ပေးထားပြီး မိသား၊ ဆွေမျိုးများဖြင့်လည်း ပြန်လည်တွေ့ဆုံခွင့်ပေးမည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောထားသည်။ အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီကို တွေ့မြင်ရပြီး ၎င်းတို့အားလုံးမှာ အသက်ရှင်နေကြသည်ကို တွေ့မြင်ရပြီး

Continue Reading
ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ
စစ်ရေး သတင်း
0 min read
0

ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ

ဒီဇင်ဘာ ၁၆ - ၂၀၂၄
0

ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင်အတွင်း အိုးအိမ်စွန့်ခွာ ခိုလှုံနေကြသော ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြောင်း စုံစမ်းသိရသည်။ ပုသိမ်ခရိုင်ရှိ ရွှေသောင်ယံ၊ ချောင်းသာ စသည့် ဒေသများက စစ်ရှောင်ရခိုင်ပြည်သူများကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။ အမည်မဖော်လိုသည့် ဂွမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အခုလ ၁၄ ရက်နေ့က ရခိုင်တွေအကုန် တစ်ပတ်အတွင်း ပြောင်းပေးရမယ်လို့ပြောတယ်။ အခုလက်ရှိ နေနေတဲ့ နေရာတွေကပေါ့။ ဒါပေမယ့် ရခိုင်ဘက်ကိုတော့သွားလို့မရဘူး။ သွားရင်တာဝန်မယူဘူးဆိုပြီးပြောတယ်။ နောက် ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာတော့ မသွားချင်တဲ့သူတွေနေလို့ ရတယ်လို့ပြောတယ်။

Continue Reading
အာရက္ခတပ်တော် AA လက်နက်စွန့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်းနေ
ဓလေ့ထုံးတမ်း သတင်း
1 min read
0

အာရက္ခတပ်တော် AA လက်နက်စွန့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်းနေ

ဒီဇင်ဘာ ၁၅ - ၂၀၂၄
1

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် မြို့များ ဆက်တိုက်သိမ်းပိုက်နေသော အာရက္ခတပ်တော် AA ကို လက်နက်ကိုင်လမ်းစဉ် လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်သို့လာရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းနေသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်သော နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် MNDAA, TNLA, AA တို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားအခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သာ ဖြစ်သည်ဟု မင်းအောင်လှိုင်က

Continue Reading
တောင်ကုတ်တပ်မထဲ AA ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တပ်မထဲ AA ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာ ၁၃ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မထဲကို အာရက္ခတပ်တော် AA က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ကအထိ တပ်မထဲကို ဝင်ရောက်တိုက်ခိုက်နေပြီလို့ သိရတယ်။ ခမရ

Continue Reading