မောင်တောခရိုင်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ထူထောင်ရာတွင် စစ်သွေးကြွ ARSA, RSO, ARA များက အဖျက်အမှောက်လုပ်နိုင်ဟုဆို
စီးပွားရေး သတင်း
1 min read
0

မောင်တောခရိုင်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ထူထောင်ရာတွင် စစ်သွေးကြွ ARSA, RSO, ARA များက အဖျက်အမှောက်လုပ်နိုင်ဟုဆို

ဒီဇင်ဘာ ၁၂ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသကို ပြန်လည်ထူထောင်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းချိန်တွင် စစ်သွေးကြွ လက်နက်ကိုင်များအနေဖြင့် အဖျက်အမှောက်လုပ်ငန်းများကို ပြုလုပ်လာနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ မောင်တောဒေသ တစ်ခုလုံးကို ဒီဇင်ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြီးနောက် မောင်တောခရိုင် ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးလည်ပတ်နိုင်ရန် ဒေသခံပြည်သူများမှာ မျှော်လင့်စောင့်ဆိုင်းနေကြသည်။ ရခိုင်ပြည်၏ အဓိက ဝင်ငွေတစ်ခုဖြစ်သည့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်ကုန်သွယ်ရေးကို တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။ မောင်တောဒေသ ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ချိန်တွင် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်လာမည်ဟု

Continue Reading
မောင်တော မြို့စောင့်တပ်ကို တစ်လက်မချင်းစီတိုး၍ တိုက်ခိုက်ခဲ့ရဟု AA ပြော
စစ်ရေး သတင်း
1 min read
0

မောင်တော မြို့စောင့်တပ်ကို တစ်လက်မချင်းစီတိုး၍ တိုက်ခိုက်ခဲ့ရဟု AA ပြော

ဒီဇင်ဘာ ၁၁ - ၂၀၂၄
0

အင်အား ၇၀၀ ကျော်နှင့် မိုင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ကာရံထားသော ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က တစ်လက်မချင်းတိုး၍ တိုက်ခိုက်ခဲ့ရသည်ဟု ပြောဆိုထားသည်။ မောင်တောမြို့ကို စက်တင်ဘာလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့စောင့်တပ် နခခ ၅ ကိုမူ ဒီဇင်ဘာလ ၈ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် မောင်တော နခခ ၅ တပ်စခန်းကို အင်အား ၇၀၀ ကျော်ဖြင့် တပ်စွဲထားသလို စခန်းပတ်ပတ်လည်ကိုလည်း သံဆူးကြိုး နှစ်ထပ်ဖြင့် ကာရံထားသည်။ အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော

Continue Reading
မောင်တော နခခ ၅ က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
စစ်ရေး သတင်း
1 min read
0

မောင်တော နခခ ၅ က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

ဒီဇင်ဘာ ၁၁ - ၂၀၂၄
0

ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ခဲ့သော မောင်တောမြို့စောင့်တပ် နခခ ၅ က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

Continue Reading
AA ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော ခြေလျင်တပ်ရင်းများ လမ်းတွင် ထွက်ပြေး၊ တပ်ရင်းတစ်ချို့ စစ်ဆေးခံနေရ
စစ်ရေး သတင်း
1 min read
0

AA ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော ခြေလျင်တပ်ရင်းများ လမ်းတွင် ထွက်ပြေး၊ တပ်ရင်းတစ်ချို့ စစ်ဆေးခံနေရ

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

အာရက္ခတပ်တော် AA ကို ဆက်လက်တိုက်ခိုက်ရန်အတွက် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို စေလွှတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို ပြီးခဲ့သည် နိုဝင်ဘာ လက ရခိုင်ဖက်ကို စေလွှတ်ခဲ့ရာတွင် တပ်သားများသည် ထွက်ပြေးသွားကြောင်း သိရသည်။ ယင်းတို့မှာ အနောက်တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၁၊ ခလရ ၅၁၊ ခလရ ၆၃နှင့် ရန်ကုန်တိုင်း လက်အောက်ခံ ခမရ ၅၃၂ တပ်များဖြစ်ကြပြီး အခြားတပ်ရင်းများမှာ

Continue Reading
ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။ အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။ ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား

Continue Reading
အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်

ဒီဇင်ဘာ ၇ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့နှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ အင်အား ၃၀၀ ကျော်ပါသည့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ တပ်သားအများအပြားလည်း သေဆုံးသည်ကို တွေ့ရပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

Continue Reading
အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းမြို့သိမ်း ဓါတ်ပုံ AA ထုတ်ပြန်

ဒီဇင်ဘာ ၇ - ၂၀၂၄
0

(နပခ ဂွင် တစ်ခုသာကျန်ပြီး အမ်းတစ်မြို့လုံးကို AA သိမ်းပိုက်) အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ခန်းများ (၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂)

Continue Reading
တောင်ကုတ် ကမ်းဒေးရွာ ဗုံးကြဲခံရ၍ စာသင်ကျောင်းပျက်စီး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
0 min read
0

တောင်ကုတ် ကမ်းဒေးရွာ ဗုံးကြဲခံရ၍ စာသင်ကျောင်းပျက်စီး

ဒီဇင်ဘာ ၆ - ၂၀၂၄
1

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့၍ စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က ဂျက်ဖိုက်တာ ၁ စီးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အရပ်သားထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးသော်လည်း ကျေးရွာရှိ စာသင်ကျောင်းမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် ဆေးရုံဆေးခန်း၊ စာသင်ကျောင်း စသဖြင့် အများပြည်သူအသုံးပြုရာ အဆောက်အဦးများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေသည်။

Continue Reading
ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ငါးဖမ်းခွင့်ပိတ်ပင်ထား
စီးပွားရေး လူ့အခွင့်အရေး သတင်း
0 min read
0

ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ငါးဖမ်းခွင့်ပိတ်ပင်ထား

ဒီဇင်ဘာ ၅ - ၂၀၂၄
0

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငါးဖမ်းခွင့်ပိတ်ပင်ထားကြောင်း ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောသည်။ ငါးဖမ်းခွင့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးတသီတင်းပတ်အတွင်းကနေ စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ရှောင်များမှာ အခက်တွေ့နေကြရကြောင်း ဂွမြို့ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။ “ကျနော်တို့ ငါးဖမ်း မဆင်းရဘူး။ ဒီမှာက ဧည့်သည်တွေကိုပဲ သပ်သပ် မဆင်းခိုင်းတာ။ ဒီမှာ ဧည့်သည်တွေကလည်း အကုန် ရခိုင်တွေပဲ။ ကျနော်တို့ ဒီဘက်ကို ငါးဖမ်းလှေတွေကိုယ်စီနဲ့ စစ်ရှောင်လာကြတာ။ အခု ငါးမဖမ်းရတော့ စားဝတ်နေရေး အရမ်းခက်ခဲနေကြတယ်” ဟု ပြောသည်။ ပုသိမ်ခရိုင်ဘက်ကို ရခိုင်ပြည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ အဓိက စစ်ရှောင်သွားခဲ့ကြခြင်းဖြစ်ပြီး စစ်ရှောင်အားလုံးနီးပါးမှာလည်း ငါးဖမ်းလုပ်ငန်းဖြင့်

Continue Reading
ရခိုင်မှာ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်
သတင်း
1 min read
0

ရခိုင်မှာ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်

ဒီဇင်ဘာ ၄ - ၂၀၂၄
1

(ယခု ဖုန်းလိုင်းပြတ်တောက်မှု လကြာရှည်ပြတ်တောက်နိုင်) ရခိုင်တွင် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့အားလုံးနီးပါးတွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှု သီတင်း ၂ ပတ်ကျော်ခန့်အကြာရှိလာနေပြီဖြစ်ရာ ကာလကြာရှည်စွာ ဖုန်းလိုင်းပြတ်တောင်မည်ကို ပြည်သူများစိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်တွေမြို့နှင့် ဂွမြို့နယ်ဘက်၊ စစ်တွေကမ်းနှင့်နီးသည့် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာအချို့မှလွဲလျှင် တပြည်နယ်လုံးနီးပါး ပြတ်တောက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်နေမှုမှာ သီတင်း ၂ ပတ်ကျော်အကြာခန့်ရှိလာသည်နှင့်အမျှ ဒေသနေပြည်သူများမှာ အခက်ခဲများစွာဖြင့်ကြုံလျှက် ရှိနေကြရသည်။ မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်ခဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။ “ဖုန်းလိုင်းမရတော့ အစစအရာရာ အခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့

Continue Reading