စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
119

စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

July 11, 2024
0

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ ရပ်ကွက် ၉ ကို စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီး အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည်ကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူ မိုးမိတ်မြို့ အရှေ့ဘက် မင်းတံတားတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

Continue Reading
စစ်ကောင်စီ ဂျက်ဖိုက်တာကြောင့် မိုးမိတ်က ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
65

စစ်ကောင်စီ ဂျက်ဖိုက်တာကြောင့် မိုးမိတ်က ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

July 11, 2024
0

ရှမ်းမြောက် တအောင်းဒေသ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး နေရာ၌ သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက မိုးမိတ်မြို့နယ် ရွှေတောင်ဦးကျေးရွာနှင့် သရက်တောကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေတောင်ဦးကျေးရွာက နေအိမ် အများအပြား ပျက်စီးသွားသည်။ သေဆုံးသွားသော ကလေးငယ်မှာ ရွှေတောင်ဦးကျေးရွာကဖြစ်ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျန်တစ်ဦးမှာ သရက်တောကျေးရွာက ဘုန်းတော်ကြီးဖြစ်သည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီ လေတပ်က မိုးမိတ်မြို့

Continue Reading
လားရှိုး နမ့်ပေါင်စခန်းကို ကိုးကန့်တပ် သိမ်းပိုက်
စစ်ရေး သတင်း
1 min read
197

လားရှိုး နမ့်ပေါင်စခန်းကို ကိုးကန့်တပ် သိမ်းပိုက်

July 6, 2024
0

ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ခလရ ၆၈ နှင့် ခမရ ၅၀၇ တပ်ရင်းတို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။ ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က နမ့်ပေါင်တပ်စခန်းကို ကိုးကန့်က သိမ်းပိုက်ခဲ့ပြီး အဆိုပါ တပ်စခန်းက လက်နက်ကြီး ဟောင်ဝစ်ဇာ အမြောက်ကို သိမ်းဆည်းရမိခဲ့သည်။ နမ့်ပေါင်တပ်စခန်းကို မသိမ်းပိုက်ခင်က ဟောင်ဝစ်ဇာ အမြောက်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် လူနေကျေးရွာများအား အမြဲလိုလို ပစ်ခတ်ခဲ့ပြီး လက်ရှိတွင် MNDAA တပ်ဖွဲ့ဝင်အများအပြားမှာ လားရှိုးမြို့ဘက်သို့ တက်သွားကြောင်း သိရသည်။ လားရှိုးမြို့ စစ်ရေးသိသူတစ်ဦးက

Continue Reading
တအောင်းတပ်ကို စစ်ကောင်စီက အဆိပ်ငွေဗုံးဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
155

တအောင်းတပ်ကို စစ်ကောင်စီက အဆိပ်ငွေဗုံးဖြင့် တိုက်ခိုက်

July 5, 2024
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ က တအောင်းတပ် TNLA ကို အဆိပ်ငွေ့ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို တအောင်းတပ် TNLA မှ ဇွန်လ ၄ ရက်နေ့က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ရင်းမှ ပြန်လည်တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် တအောင်းတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းမှာ အဆိပ်ငွေ့သင့်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယင်းတပ်ဖွဲ့ဝင်များမှာ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရသည်ဟု

Continue Reading
လားရှိုးမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
158

လားရှိုးမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

July 4, 2024
0

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ထဲသို့ အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၇ နာရီကစ၍ စစ်ကောင်စီတပ်များသည် လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးသည့်အပြင် နေအိမ်များလည်း ပျက်စီးခဲ့သည်။ ရပ်ကွက် ၉ တွင် လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး သေဆုံးပြီး ရပ်ကွက် ၁၁ တွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ နောက်ထပ် အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်။ ထိုအပြင်

Continue Reading
ရှမ်းမြောက် တကျော့ပြန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်၍ အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
90

ရှမ်းမြောက် တကျော့ပြန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်၍ အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ

July 2, 2024
0

(ဟိုင်ဂင်သဘောတူညီချက်ကို အားလုံး လေးစားရန် TNLA မျှော်လင့်) ရှမ်းပြည် မြောက်ပိုင်းနှင့် မန္တလေးတိုင်းမှာ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူ ၂၅ ဦးသေဆုံးပြီး ၃၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တအောင်တပ် TNLA က ပြောဆိုထားသည်။ ရှမ်းမြောက် တအောင်းလူမျိုးတပ် TNLA ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လထုတ် စာစောင် အယ်ဒီတာ့အာဘော်တွင် ပြောဆိုထားသည်။ ရှမ်းပြည် သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ပေါင် ၅၀၀ ဗုံး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထိုအပြင် စစ်ကောင်စီတပ်များသည် ယင်းမြို့နယ်များက

Continue Reading
စစ်ကောင်စီ ဗုံးကြဲ၍ တအောင်းဒေသ နေအိမ် ၂၀ ခန့် ပျက်စီး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
123

စစ်ကောင်စီ ဗုံးကြဲ၍ တအောင်းဒေသ နေအိမ် ၂၀ ခန့် ပျက်စီး

July 2, 2024
0

ရှမ်းမြောက် ကျောက်မဲမြို့နယ် တအောင်းဒေသကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံနေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက် ညသန်ခေါင်းယံ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကျောက်မဲမြို့ ရပ်ကွက် ၁ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၁ ရှိ One Love Hotel၊ ပင်လုံလမ်းအနီး ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ် ၂၀ ခန့် ပျက်စီးသွားခြင်းဖြစ်သည်။ ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ

Continue Reading
ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
သတင်း
1 min read
137

ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ

June 30, 2024
0

စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီက တံတား ၅ စင်းကို ဖျက်ဆီးခဲ့ ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ်မတော် TNLAနှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု‌များကြောင့် ဒေသခံ ၂၀ ကျော်ရှိ သေဆုံးသည်ဟု TNLA က ပြန်သည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တာအတွင်း ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Continue Reading
နောင်ချို ခမရ ၁၁၅ တပ်က လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအများအပြား ရရှိကြောင်း TNLA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
221

နောင်ချို ခမရ ၁၁၅ တပ်က လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအများအပြား ရရှိကြောင်း TNLA ထုတ်ပြန်

June 28, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃

Continue Reading
နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်
ဓါတ်ပုံသတင်း သတင်း
1 min read
225

နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်

June 27, 2024
0

ရှမ်းမြောက် နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးအများအပြား တွေ့ရကြောင်း တအောင်းတပ် TNLA က ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ နောင်ချိုမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား TNLA က တိုက်ခိုက်သိမ်းပိုက်ရာမှာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါး ပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိသည်ဟု TNLA က ဆိုသည်။ နောင်ချိုမြိုအတွင်းသို့ ဇွန်လ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ ၂၇ ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

Continue Reading