AA ခေါင်းဆောင်များ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောသင့်ကြောင်း ICG တိုက်တွန်း
(ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း AA နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်သင့်ဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများအား ကာကွယ်ပေးရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း International Crisis Group (ICG) အကြံပြုတိုက်တွန်းထားသည်။ ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ULA/AA နှင့် မြန်မာစစ်တပ် (စစ်ကောင်စီ) တို့ စစ်ရေးအခြေအနေအပေါ် ဆန်းစစ်သော အစီရင်ခံတစ်စောင်ကို ICG က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA အနေဖြင့် မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး မီးလောင်ဗုံးများ တောက်လောင်သကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများကို ရှောင်ရှားသင့်ကြောင်းလည်း
သိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ
(၂၀၂၅ မှာ အရပ်သားပါသော အစိုးရဖွဲ့မည်ဟုဆို) ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအောင်းတပ် TNLA က သိမ်းပိုက်ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေး TNLA ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးနေသည်။ TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ ဦးဆောင်သော အဖွဲ့တို့သည် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ပြီး လူထုနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း ထုတ်ပြန်သည်။ TNLA ၏
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ များပြားလာ
(ကုသရန်ဆေးဝါးမရှိ၍ ကူးစက်ခံရသူ ၂၀၀ နီးပါးအထိ ပျံ့နှံ့လာနေ) ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်များနှင့် စစ်ရှောင်မဟုတ်သော အရပ်သားပြည်သူများမှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။ ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါဖြစ်ပွားမှု မိုးဦးစကာလ ဇွန်လကစ၍ ဖြစ်ပွားနေပြီး လက်ရှိတွင် ပိုမိုပျံ့နှံ့လာကာ ကလေး၊ လူကြီးအားလုံး ဖြစ်ပွားနေကြသည်ဟု စစ်ဘေးရှောင်များအရေးကူညီထောက်ပံ့ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ” အရေပြားယားယံတာတွေ၊ ယားနာ ပေါက်တာတွေက အဖြစ်များလာကြပါတယ်။ စဖြစ်တာကတော့ မိုးဦးကတည်းက လူ ၁ ဦးစ၊ ၂ ဦးစ လောက်မှာတွေ့ရတယ်။ အခုကျတော့ ဖြစ်နှုန်းကများပြီး မြန်လာတယ်။ စစ်ဘေးရှောင်တွေမှာပဲ အဖြစ်များတာကလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် အထိတွေ့များတယ်။ သီးသီးသန့်သန့်
မြောက်ဦးမြို့နဲ့ ပုဏ္ဏားကျွန်းကို ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ
(သိမ်းထားမြို့များတွင် AA ဘာလုပ်နေသလဲဟု ဒေသခံများ မေးခွန်းထုတ်လာ)
မြောက်ဦး-ပုဏ္ဏားကျွန်း ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ
(သိမ်းထားမြို့များတွင် AA ဘာလုပ်နေသလဲဟု ဒေသခံများ မေးခွန်းထုတ်လာ) ရခိုင်ပြည် မြောက်ဦးမြို့နှင့် ပုဏ္ဏားကျွန်းမြို့ လိုင်းကားစီးခ တစ်ကြောင်းစာအတွက် ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။ ရခိုင်မြောက်ပိုင်းကို အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ပြီးနောက်ပိုင်း ကျပ် ၅ ထောင်တန်ခရီးတစ်ခုကို ကျပ် ၅ သောင်းအထိ ပေးနေရသည်မှာ စံချိန်တင်ဈေးကြီးခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၃၆ နှစ်အရွယ် ကွမ်းရောင်းကွမ်းဝယ် အမျိုးသမီးတစ်ဦးက ” မြောက်ဦး-ပုဏ္ဏားကျွန်း၊ မင်းပြား-ပုဏ္ဏားကျွန်း ခရီး လိုင်းကားစီးခ အသွားတစ်ကြောင်းကို ကျပ် ၅ သောင်း၊ အသွားအပြန်ဆိုတော့ တချို့ကားသမားက ကျပ် ၈ သောင်းယူတာရှိတယ်။ ၉ သောင်းယူတာရှိတယ်။
တရုတ်ထုတ်ကုန်များ ထိုင်းကို ခြိမ်းခြောက်လာဟု စီးပွားရေးကျွမ်းကျင်သူများက အစိုးရသစ်ကို ထောက်ပြ
ထိုင်းနိုင်ငံအတွင်း တရုတ်ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ အရှိန်မြင့်တက်လာပြီး ထိုင်းလူမျိုးများအား ခြိမ်းခြောက်နေသည်ဆိုသည့် သဘောထားအမြင်များကို အစိုးရသစ်အနေဖြင့် အလျင်အမြန် ဖြေရှင်းရန် စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြနေကြသည်။ တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် သဘောထားအမြင်များအား လျင်မြန်စွာ မဖြေရှင်းနိုင်ပါက ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားကဏ္ဍများကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ ပန် ယာပီဝတ်စီမံခန့်ခွဲရေးအင်စတီကျု (Panyapiwat Institute of Management) ဥက္ကဋ္ဌနှင့် တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဆမ် ပေါ့မာနာရောင်းဆန် (Sompop Manarungsan) က ယခု ဝန်ကြီးချုပ်သစ် ပေထုတ်တန် (Paetongtarn) အစိုးရသစ်ကို တိုက်တွန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။ မစ္စတာဆမ်ပေါ့ (Sompop) က “ထိုင်းမှာ မကြာသေးခင်ကမှ
သပိတ်ကျင်းက ကွင်း ၅၀၀ တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်
(ဓါတ်ပုံသတင်း) မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ မှာ အခြေပြုလှုပ်ရှားသော စစ်ကောင်စီတပ်စခန်း (ကွင်း ၅၀၀ တပ်စခန်း) ကို ဩဂုတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။ ကွင်း ၅၀၀ တပ်စခန်းကို ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး စစ်ကောင်စီ တပ်သားအင်အား ၄၀၀ ခန့်ရှိကြောင်းနှင့် မန္တလေး PDF က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားနှင့် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏
တောင်ကုတ်မြို့ခံများ G1 ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရ၊ ခရီးသွားလာခွင့်ရ
ရခိုင်ပြည် တောင်ကုတ်မြို့ထဲက ဒေသခံပြည်သူများမှာ ပဲခူးတိုင်း ပြည်မြို့ကို သွားမည်ဆိုပါက G1 (စစ်ဦးစီးပထမတန်း) ထောက်ခံစာပါမှ သွားလာ၍ ရကြောင်း မြို့ခံများက ပြောသည်။ ပြည်သို့ ခရီးသွားလိုပါက G1 ထံ ခွင့်ပြုချက်တောင်းရပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ထားခဲ့ရကြောင်း တောင်ကုတ်မြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ ” တောင်ကုတ်-ပြည်လမ်းက ခရီးသွားမယ်၊ ဒါမှမဟုတ် ပြည်ကို သွားမယ်ဆိုရင် G1 ထောက်ခံစာယူရတယ်။ ခွင့်ပြုချက်ကျမှ သွားရတာ။ ထောက်ခံစာမရလို့ မသွားရတဲ့သူတွေ တပုံကြီး။ သေချာ စိစစ်တာ။ ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘာလုပ်ဖို့သွားတာလဲ အစုံကိုမေးမြန်းတာ။ ပြီးတော့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို ထားခဲ့ရတယ်။ ပြန်လာမှယူပေါ့နော်။
အချိန်မီဆေးမကုသနိုင်၍ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံး
(ဆေးဝါးပြတ်လပ်၍ ရခိုင်မှာသေဆုံးသူ ၂ ဦးအထိရှိလာ) ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း (မရဇိုင်းတိုက်နယ်ကျေးရွာ/ မင်းဂံကျေးရွာ) က အမျိုးသမီးတစ်ဦးမှာ ဆေးဝါးနှင့် ဆရာဝန်မရှိ၍ ဆေးကုသနိုင်ခြင်းမရှိသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က သေဆုံးသွားကြောင်း နီးစပ်သူများနှင့် မိသားစုဝင်များက ပြောသည်။ သေဆုံးသွားသူအမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်နုခင်ဦး ဆိုသူဖြစ်ပြီး ဆီးလမ်းကြောင်းပိုးဝင်သည်ကို အချိန်မီဆေးကုသနိုင်မှုမရှိခဲ့၍ သေဆုံးသွားခြင်းဖြစ်သည်။ မိမိမြို့ရွာဒေသအတွင်း ဆေးရုံဆေးခန်းများ အဆင်မပြေ၍ ရန်ကုန်သို့ ဆေးကုသရန် ယူဆောင်စဉ် လမ်းတွင်သေဆုံးသွားသည်ဟု မရဇိုင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီမှာက ဆရာဝန်လည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ဒီတော့ လူနာကို ရန်ကုန်ပို့ဖို့ စီစဉ်ကြရတယ်။ ရန်ကုန်သွားရမယ့် ခရီးကလည်း အရင်လိုဖြောင့်ဖြောင့်တန်းတန်း