ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး သတင်း
1 min read
100

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

ဩဂုတ် ၂၁ - ၂၀၂၄
0

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများက ပြောသည်။ အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် ကျေးရွာအတွင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ကပင်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ ကျော်အရွယ် နှစ်ဦးနှင့် အသက် ၂၀ ကျော်တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။ အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဥ်အား မိသားစုနှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။ “ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ အဲ့မှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို့

Continue Reading
ရှမ်းပြည်အထူးဒေသ ၁ ကျန်းမာရေးစနစ်ကို CDM ဝန်ထမ်း ၅၀၀ ဖြင့် MNDAA စတင်
စီးပွားရေး သတင်း
1 min read
91

ရှမ်းပြည်အထူးဒေသ ၁ ကျန်းမာရေးစနစ်ကို CDM ဝန်ထမ်း ၅၀၀ ဖြင့် MNDAA စတင်

ဩဂုတ် ၂၁ - ၂၀၂၄
0

ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အထူးဒေသ ၁ ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာ ဘသက်က ပြောသည်။ ၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက အထူးဒေသ ၁ တွင် ကျန်းမာရေးဌာနဖွင့်လှစ်လိုက်ပြီး CDM များအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင်ဖြင့် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ CDM ဆရာဝန် ဒေါက်တာ ဘသက်က “အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း ၂၀၂၄

Continue Reading
စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
73

စစ်ကောင်စီဖက်က အင်အားများလာ၍ PDF များ ဒီပဲယင်းက ပြန်လည်ဆုတ်ခွာ

ဩဂုတ် ၂၁ - ၂၀၂၄
0

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို PDF ပူးပေါင်းတပ်မှ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပစ်ခတ်ပြီး ညနေပိုင်းတွင် စစ်ကူအင်အား များစွာပေးပို့သည်။ စစ်ကောင်စီပေးပို့သော စစ်ကူအင်အားများနှင့် PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနောက် ယမန်နေ့ ည ၇ နာရီနောက်ပိုင်းကစ၍ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဒီပဲယင်းမြို့က ပြန်လည်ဆုတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို PDF များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောက်လျှောက် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ချထားပေးခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက

Continue Reading
ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး
စစ်ရေး သတင်း
1 min read
97

ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူများကို AA သတိပေး

ဩဂုတ် ၂၁ - ၂၀၂၄
0

ဘူးသီးတောင်၊ မောင်တောဒေသက အခြေအနေများနှင့် ပတ်သက်၍ ရခိုင်နှင့် မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှားများ စွပ်စွဲပြောဆို ရေးသားသူများကို အာရက္ခတပ်တော် AA က သတိပေးနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့သည် သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်ကို ဆက်တိုက်တွေ့ရှိနေရကြောင်း AA က ဆိုသည်။ လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့က ယင်းကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် ရခိုင်ပြည်အတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း AA က အလေးအနက် သတိပေးနေသည်။ လက်ရှိအချိန်အထိ မောင်တောမြို့တွင်း နေရာအနှံ့တွင် တိုက်ပွဲရှိနေပြီး စစ်ကောင်စီနှင့် ARSA ၊ RSO ၊

Continue Reading
မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား
စစ်ရေး သတင်း
1 min read
61

မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား

ဩဂုတ် ၂၁ - ၂၀၂၄
0

(မြန်မာ မြောက်ပိုင်းနှင့် ရခိုင်ဒေသက အောင်ပွဲများကို MSFC က ဂုဏ်ပြု) မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကြေညာလိုက်သည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အားထုတ်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ ထို့ပြင် အခြားသော တော်လှန်ရေးအစုအဖွဲ့များ၊ စိတ်တူပန်းတိုင်တူ အဖွဲ့အစည်းများနှင့် လက်ရှိ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို

Continue Reading
ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး နိုင်ငံရေး ရုပ်သံ သတင်း
1 min read
166

ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

ဩဂုတ် ၂၀ - ၂၀၂၄
0

Continue Reading
AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်
စစ်ရေး ရုပ်သံ သတင်း
1 min read
270

AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်

ဩဂုတ် ၁၉ - ၂၀၂၄
0

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ မောင်တောမြို့ထဲက အဆင့်ဆင့်ခုခံနေတဲ့ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို AA က သိမ်းပိုက်

Continue Reading
မောင်တောက တပ်စခန်း ၃ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီမှ မြို့ထဲကနေ အဆင့်ဆင့်ခုခံနေ
စစ်ရေး သတင်း
1 min read
190

မောင်တောက တပ်စခန်း ၃ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီမှ မြို့ထဲကနေ အဆင့်ဆင့်ခုခံနေ

ဩဂုတ် ၁၉ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့ မြောက်ဘက်ရှိ စစ်ကောင်စီ၏ ဟော်ရီတူလာရွာ တပ်စခန်းနှင့် တောင်ဘက်ရှိ မောင်နီရွာရဲစခန်း၊ ၃ မိုင်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြသည်။ မောင်တောမြို့အနီးအနားက စစ်ကောင်စီတပ်စခန်းများနှင့် ဌာနချုပ်အချို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ ၄ ရက်နေ့တွင် AA က စတင်ခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မောင်နီရွာရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ ဩဂုတ်လ ၆ ရက်တွင် ဟော်ရီတူလာတပ်စခန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် မောင်တော ၃ မိုင်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား

Continue Reading
ရခိုင်မှာ လယ်သမားတွေဘယ်လိုရုန်းကန်နေကြရသလဲ
စီးပွားရေး ရုပ်သံ သတင်း
1 min read
26

ရခိုင်မှာ လယ်သမားတွေဘယ်လိုရုန်းကန်နေကြရသလဲ

ဩဂုတ် ၁၇ - ၂၀၂၄
0

Continue Reading
စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
စစ်ရေး
1 min read
147

စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

ဩဂုတ် ၁၇ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ် ကျန္တလီမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကြဲချနေ၍ ယမန်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။

Continue Reading