စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။ သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။ ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် အကြီးအကဲအဖြစ် တာဝန်ယူသည့် ၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဩဂုတ်လ ၈ ရက် မြို့တော် ဒါကာမှာ ပြုလုပ်ခဲ့သည်။ ကြားဖြတ်အစိုးရအဖွဲ့မှာ ယူနွတ်စ်အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များပါဝင်ပြီး ထင်ရှားသည့် စာရေးဆရာများလည်းပါဝင်ကြောင်း သိရသည်။ ကြားဖြတ်အစိုးရအဖွဲ့ဝင် ပါဝင်သူများကို ဝန်ကြီးအဖြစ် သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ အကြံပေးအဖြစ် သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအခြေအနေများနှင့် အနာဂတ်ကောင်းစားရေးအတွက် ဆောင်ရွက်သွားမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ စစ်ပြန်မိသားစုဝင်များကို အစိုးရရာထူးနေရာ ဦးစားပေးခန့်အပ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာကို တက္ကသိုလ်ကျောင်းသားထုက ဆန္ဒပြရာကနေ ပြည်သူအားလုံးပါဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲမှာ ရက်သတ္တပတ်အတွင်း သွေးချောင်းစီးခဲ့ရပြီး လူ
ဒိန်းဒေါင် ဦးဆောင်သော ဟာသလူရွှင်တော်အဖွဲ့ MNDAA ကို ဆန္ဒပြနေ
(ဓါတ်ပုံသတင်း) ဟာသလူရွှင်တော် ဒိန်းဒေါင် ဦးဆောင်သော ဟာသပညာရှင်များအဖွဲ့မှ ယနေ့ ဩဂုတ်လ ၉ ရက် နံနက်က နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ် MNDAA ကို ဆန္ဒပြနေကြောင်း သိရသည်။ ကိုးကန့်တပ် MNDAA ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းပြီး အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ဒိန်းဒေါင် ဦးဆောင်သော လူရွှင်တော်အဖွဲ့က စွပ်စွဲထားသည်။ ရှမ်းမြောက်တိုက်ပွဲများ အထူးသဖြင့် လားရှိုးတိုက်ပွဲများတွင် အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်းများမရှိဘဲ ကယ်ထုတ်ကာ ဆေးကုသပေးနေကြောင်း MNDAA က ဗီဒီယိုဖိုင်များဖြင့် ထုတ်ပြန်ထားသည်။
မူဆယ်မြို့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် လက်နက်ချရန် မြောက်ပိုင်းမဟာမိတ်ပြော
လားရှိုးကို မရောက်ဘဲ မူဆယ်မြို့တွင် ရှိနေသည့် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် အမြန်ဆုံး လက်နက်ချရန် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က သတိပေးကမ်းလှမ်းထားကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်များကြား သတင်းထွက်နေသည်။ လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်က သိမ်းပိုက်နေချိန် လားရှိုး-ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို စစ်ကောင်စီက ဖြုတ်ချခဲ့ပြီး မူဆယ်မြို့အထိုင်ချ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို ရမခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ သို့သော်လည်း လားရှိုး-ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးလှိုင်မှာ လားရှိုးမြို့သို့ မသွားရောက်ဘဲ မူဆယ်မြို့မှနေ၍ ကွက်ကဲစီမံညွှန်ကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မူဆယ်မြို့အား သိမ်းပိုက်နိုင်ရန် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်
ထိုင်းက ပြန်ပို့သူများကို စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းနေ
(ဩဂုတ် ၇ ရက် ထိုင်း ရနှောင်းမှ ကော့သောင်းမြို့သို့ ပြန်ပို့ခံရသည့် ၁၂၆ ဦးကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူသွားကြောင်း ဒေသခံများပြော) ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်ပို့ခံရသူများကို စစ်ကောင်စီတပ်က စစ်သားစုဆောင်ရေးအဖြစ် အတင်းအဓမ္မခေါ်ယူ ပို့ဆောင်နေကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင် ထိန်းသိန်းရေးစခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နှင့် ယခု ဩဂုတ် ၇ ရက်နေ့က ပြန်လွတ်လာသူများကို စစ်သားစုဆောင်းရေးအဖြစ် ခေါ်ဆောင်ခံရကြောင်း ဒေသခံများကပြောသည်။ “ထိုင်းကနေ ပြန်ပို့လိုက်တဲ့ သူတွေထဲက ဒေသခံမဟုတ်တဲ့ သူနဲ့ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကို တခါတည်း စစ်တပ်က လာခေါ်ပြီး စစ်မှုထမ်းအတွက်
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို
သံတွဲအကျဉ်းထောင်က စစ်ကောင်စီ ဖမ်းထားသော အကျဉ်းသား ၃၇၂ ဦးကို AA က ကယ်ထုတ်
အာဏာသိမ်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးထားသော အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အကျဉ်းသားများထဲတွင် ရာဇဝတ်မှုကျူးလွန်ထားသူများပါသလို စစ်ကောင်စီက မတရား ဖမ်းဆီးချုပ်နှောင် ထောင်ချထားသော နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ပြီး ၎င်းတို့ကို မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောသည်။ သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
အာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ
၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေး အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာမှာ အဓိက အလေးထား ပြောဆိုထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားရမည်နှင့် အာဆီယံအဖွဲ့သည် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံမှာ ဒေသတွင်းလုံခြုံရေး တည်ဆောက်ရာတွင် အာဆီယံ၏ အရေးပါသည့် အခန်းကဏ္ဍကို ခိုင်မာစေရန်နှင့် အာဆီယံ၏အချက်အချာကျမှု၊ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံးအတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဟု အာဆီယံနိုင်ငံများကို
မဲဆောက်က နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ ဂုဏ်ပြုထားသူထဲ AA စစ်ဦးစီးချုပ် ပါဝင်
(ဓါတ်ပုံသတင်း) ထိုင်းနိုင်ငံ မဲဆောက်မြို့က နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ တော်လှန်ရေးခေါင်းဆောင်များအား ဂုဏ်ပြုထားရာ၌ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း ပါဝင်ကြောင်း တွေ့ရသည်။ ပုံတူပန်းချီကားချပ်ဖြင့် ဂုဏ်ပြုထားသလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မှတ်သားဖွယ်ကောင်းသော စကားလုံးများထဲမှ တစ်ခုဖြစ်သော “မျိုးချစ်စကားကို ပြောတဲ့သူတိုင်းကလည်း မျိုးချစ်အလုပ်ကိုမလုပ်၊ မျိုးချစ်အလုပ်ကို လုပ်တဲ့သူတိုင်းလဲ လုပ်ရပ်မမှန်ကန်” ဟု ရေးသားဖော်ပြထားသည်။ယနေ့ ကျရောက်သော ၃၆ နှစ်မြောက် ၈ လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် နွေဦးရောင်ခြည် လက်ဖက်ရည်ဆိုင်မှာ ဧည့်သည်များအား မုန့်ဟင်းခါး ကျွေးမွေးကြောင်း သိရသည်။ နွေဦးရောင်ခြည် လက်ဖက်ဆိုင်မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် KNU/KNLA က ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး
လားရှိုးက တပ်မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေး
(ဓါတ်ပုံသတင်း) ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လမ်းခရီးစရိတ် ငွေကျပ် ၅ သောင်းပေး၍ ကိုးကန့်တပ် MNDAA က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းအချို့နှင့် တပ်မိသားစုဝင် ၃၈၀ ကျော် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းစီ ပေးအပ်ပြီး ဩဂုတ်လ ၆ ရက်နေ့က နေရပ်ပြန် ဘေးကင်းစေရန် ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ လားရှိုးက စစ်ဆေးရုံကို MNDAA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသော်လည်း စစ်ဆေးရုံဆရာဝန်များက MNDAA က ပစ်ခတ်ခြင်းမဟုတ်ကြောင်းနှင့် စစ်ကောင်စီ လေကြောင်းကသာ ပစ်ခတ်ခြင်းဖြစ်ပြီး