ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော
စစ်ရေး နိုင်ငံရေး သတင်း
1 min read
92

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော

ဩဂုတ် ၆ - ၂၀၂၄
0

ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။ BPLA က ထုတ်ဝေနေစော “ဗမာသူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူး မောင်ဆောင်းခက စစ်အာဏာရှင်များကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။ ” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့

Continue Reading
လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့
စစ်ရေး သတင်း
1 min read
122

လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့

ဩဂုတ် ၅ - ၂၀၂၄
0

ပျက်ပြယ်သွားခြင်းမရှိသည့် ၁၀၂၇ စစ်ရေးဆင်ရေး၏ အောင်မြင်မှုများနှင့် လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်များအား KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့ထားကြသည်။ MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA, TNLA, AA, နှင့်

Continue Reading
စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
88

စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

ဩဂုတ် ၅ - ၂၀၂၄
0

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့ကို ဩဂုတ်လ ၄ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးသွားသလို ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ကောင်စီသည် ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs) များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း MDY PDF က ဆိုသည်။ ဩဂုတ်လ ၄ ရက် နေလယ် ၁ နာရီဝန်းကျင်တွင်

Continue Reading
စစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ဖွံ့ပါတီ USDP က ရုရှားကို အကူအညီတောင်း
စစ်ရေး နိုင်ငံရေး သတင်း
1 min read
240

စစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ဖွံ့ပါတီ USDP က ရုရှားကို အကူအညီတောင်း

ဩဂုတ် ၅ - ၂၀၂၄
0

မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်များထံ တပ်စခန်းများ၊ မြို့များ လက်လွှတ်ဆုံးနေသော စစ်ရှုံး အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကို စစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရုရှားနိုင်ငံကို တောင်းဆိုနေသည်။ ပြီးခဲ့သည့် ၅ ရက်ခန့်က ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနှင့် USDP ဥက္ကဌ ဦးခင်ရီတို့ မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့ကြသည်။ ယင်းမေးမြန်းခြင်းတွင် ဦးခင်ရီက အာဏာသိမ်း စစ်ကောင်စီကို စစ်ကူပေးရန် ရုရှားအား တောင်းဆိုခဲ့ကြောင်း Sputnik သတင်းဌာနမှ ယနေ့ ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့သည်။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူကာ တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်ကူညီဖြေရှင်းပေးရန် USDP ဥက္ကဌ

Continue Reading
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ
စစ်ရေး သတင်း
1 min read
155

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

ဩဂုတ် ၅ - ၂၀၂၄
0

လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း

Continue Reading
CNF/CNA က AA တပ်သားနှစ်ဦးကို အတင်းအဓမ္မ လိမ်လည်ထွက်ဆိုခိုင်းစေ ဟု ချင်းညီနောင် ပြော
စစ်ရေး သတင်း
1 min read
214

CNF/CNA က AA တပ်သားနှစ်ဦးကို အတင်းအဓမ္မ လိမ်လည်ထွက်ဆိုခိုင်းစေ ဟု ချင်းညီနောင် ပြော

ဩဂုတ် ၅ - ၂၀၂၄
0

ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြော ချင်းအမျိုးသားတပ်မတော် CAN က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးထားမှုခြင်းနှင့် မဟုတ်မမှန်ထုတ်ပြန်ထားမှုအပေါ် ချင်းညီနောင်အဖွဲ့က ဩဂုတ်လ ၃ရက်နေ့က သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။ ULA/AA မှ တပ်ဖွဲ့ဝင် ၂ဦးသည် ဒဏ်ရာရ ရဲဘော်များ စာရင်းကောက်ယူရန်အတွက် စစ်ရေးတာဝန်ထမ်းဆောင်နေစဉ် CNF/CNA မှ လက်နက် အင်အား၊ လူအင်အားဖြင့် အသုံးပြုကာ ခြုံခိုဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ယင်းနောက်တွင် ၎င်းရဲဘော် ၂ဦးအား မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အတင်းအဓမ္မ လိမ်လည်ဝန်ခံထွက်ဆိုခိုင်းစေပြီး ဆိုရှယ်မီဒီယာများအပေါ် မဟုတ်မမှန် ရေးသားဖြန့်ဝေခြင်း၊ ပြောဆိုခြင်းများ တွေ့ရှိရကြောင်း ချင်းညီနောင်အဖွဲ့၏

Continue Reading
လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
89

လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ

ဩဂုတ် ၅ - ၂၀၂၄
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ MNDAA ရှေ့တန်းသတင်းရင်းမြစ်က “မနေ့က ကျနော်တို့ သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်း ရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ်လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု ပြောသည်။ ထို့ပြင် လားရှိုး ရမခ

Continue Reading
မြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်
ဓါတ်ပုံသတင်း သတင်း
0 min read
80

မြောက်ဦးမြို့ထဲကို ရေစတင်ဝင်ရောက်

ဩဂုတ် ၅ - ၂၀၂၄
0

(အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်နေ) ဩဂုတ်လ ၁ ရက်နေ့ ညကနေ ရေစတင်ကြီးနေသော မြောက်ဦးမြို့နယ်မှာ ယနေ့ နံနက်က မြို့ပေါ် ရပ်ကွက်များထဲ ရေစတင်ဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေနစ်မြှုပ်သွားပြီဟု ဒေသခံများက ပြောသည်။ ” ရေစီးလည်း အရမ်းပြင်းတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေက အားလုံးနစ်မြှုပ်သွားပါပြီ။ အခု မြို့လယ်ကောင်ဖြစ်တဲ့ တောင်ရပ်ရပ်ကွက်ထဲကို ရေဝင်ရောက်တာ ခါးလောက်ကို ရှိနေပါပြီ။ ရေက ဒီထက် ပိုကြီးမယ်ထင်ပါတယ်။ ” ဟု ပြောသည်။ မြောက်ဦးမြို့ပေါ်တွင် ဆင်ချဆိပ်၊ ကြက်ဈေး၊ ညောင်ပင်ဈေး၊ အလယ်ဈေး၊ ကြက်လျှာကျွန်း၊ ဗန္ဒုလ၊ ဝါဈေး၊ လော်ကမူ၊ ကျောက်ရာဇ်ကေ၊ အောင်မင်္ဂလာ၊ ဝါးသဲ၊

Continue Reading
အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
97

အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို

ဩဂုတ် ၅ - ၂၀၂၄
0

ရှမ်းပြည် မြောက်ပိုင်းတွင် အရပ်သား ပြည်သူများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးရန် MNDAA က တောင်းဆိုလိုက်သည်။ ယင်းထုတ်ပြန်ချက်ကို ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီသည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင် အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ

Continue Reading
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ
စစ်ရေး ရုပ်သံ သတင်း
1 min read
265

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ

ဩဂုတ် ၅ - ၂၀၂၄
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုသည်။ ရမခ ကျဆုံးသွားပြီကို စစ်ကောင်စီက ဝန်မခံရဲသေးပေ။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏

Continue Reading