ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်

ဧပြီ ၁၀ - ၂၀၂၅
1

ချင်းပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့က အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီးနောက် CNA က ဝမ်းမြောက်ကြောင်း ထုတ်ပြန်လာသည်။ ချင်းညီနောင်အဖွဲ့နှင့် သဘောထား မတိုက်ဆိုင်သောအဖွဲ့ဖြစ်သည့်ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့ CNA (ချင်းအမျိုးသားတပ်ဦး) က ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ “ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင် အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် အပ်ပါသည်” ဟု CNA က ဆိုသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ

Continue Reading
စစ်ကိုင်း ဝန်းသိုမြို့ ဗုံးကြဲခံရမှု ကလေးအပါအဝင် လူ ၃၀ နီးပါး သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကိုင်း ဝန်းသိုမြို့ ဗုံးကြဲခံရမှု ကလေးအပါအဝင် လူ ၃၀ နီးပါး သေဆုံး

ဧပြီ ၁၀ - ၂၀၂၅
1

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့၍ ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါး သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ် ၃ နာရီအချိန်ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီအချိန့်က တစ်ကြိိမ် စုစုပေါင်း ၂ ကြိမ် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “နေ့လယ် တကြိမ် ညနေ တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကလေးတွေလည်း တော်တော်များများသေတယ်။ လူကြီးတွေလည်း သေသွားတယ်။ အားလုံး ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Continue Reading
တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မြောက်ဦးမြို့က ရှေးဟောင်းအမွေနှစ်များကို ပြန်လည်ပြုပြင်ရန် ပြင်ဆင်နေ
သတင်း
1 min read
0

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မြောက်ဦးမြို့က ရှေးဟောင်းအမွေနှစ်များကို ပြန်လည်ပြုပြင်ရန် ပြင်ဆင်နေ

ဧပြီ ၉ - ၂၀၂၅
0

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့က ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ပြုပြင်ရန် ပြင်ဆင်လျှက်ရှိနေကြောင်း ရှေးဟောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူများက ပြောသည်။ မြောက်ဦး ယဥ်ကျေးမှုနယ်မြေတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားစဉ်က မြောက်ဦးရှိ ယဉ်ကျေးမှု ပြတိုက်အပါအဝင် ရှေးဟောင်းဘုရား၊ ပုထိုးစေတီအချို့ ထိခိုက် ပျက်စီးမှုများရှိခဲ့သည်။ ထိုသို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်များကို လက်ရှိတွင် ပြန်လည်ပြုပြင်ရန် လုပ်ဆောင်လျှက် ရှိနေကြောင်း ရှေးဟောင်းသုတေသနတွင် ပါဝင်လုပ်ကိုင်နေသည့် တာဝန်ရှိသူတစ်ဦးက Western News ကို ပြောသည်။ “တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ အရာတွေကို ပြန်ပြုပြင်ဖို့ လုပ်နေတယ်။ လောလောဆယ်မှာတော့ အုတ်တွေ မီးဖုတ်နေပြီ။ ပြုပြင်ဖို့ လူတွေကတော့ အရင်ကတည်းက ရှေးဟောင်းသုတေသနမှာ

Continue Reading
စစ်ကောင်စီက ပယ်ချထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP ဆက်လက်ရှိ နေသေးကြောင်း ပြော
နိုင်ငံရေး သတင်း
1 min read
0

စစ်ကောင်စီက ပယ်ချထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP ဆက်လက်ရှိ နေသေးကြောင်း ပြော

ဧပြီ ၉ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ANP ကို မှတ်ပုံတင်ခွင့်မှ ပယ်ချထားသော်လည်း တရားဝင် ဖျက်သိမ်းကြောင်း မရှိသည့်အတွက် ANP မှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။ ရခိုင်အမျိုးသားပါတီ ANP ကို ဖျက်သိမ်းထားခြင်း မရှိသေးကြောင်း ပါတီတာဝန်ရှိသူတစ်ဦးဖြစ်သူ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။ “ပါတီက မဖျက်သေးဘူး။ ဘာအတွက်လဲဆိုရင် ANP ကို မှတ်ပုံတင် ငြင်းပယ်တာ တစ်ခုတည်းပဲ။ တချို့တချို့သော ပါတီတွေလိုမျိုး ဒီရခိုင်အမျိုးသားပါတီ ကို နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းမှ ပယ်ဖျက်လိုက်တယ်ဆိုတာ အမိန့်က ဒီကနေ့အချိန်အထိ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဟာ

Continue Reading
မြန်မာငလျင် သေဆုံးသူ ၃၆၄၅ ဦးအထိ ရှိလာ
သတင်း သဘာဝဘေး
1 min read
0

မြန်မာငလျင် သေဆုံးသူ ၃၆၄၅ ဦးအထိ ရှိလာ

ဧပြီ ၉ - ၂၀၂၅
0

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၆၄၅ ဦးရှိလာကြောင်း အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုချိန်ထိ သေဆုံးသူ ၃၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၄၈ ဦးနှင့် စုစုပေါင်း ၈၈၁၀ ခန့် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆောက်အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘုရား

Continue Reading
ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး
စစ်ရေး သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး

ဧပြီ ၉ - ၂၀၂၅
0

မြန်မာပြည်သူများ ငလျင်ဘေးကျရောက်နေသည့်အချိန် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းဒေသတွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တစ်ပတ်အတွင်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဒေသများနှင့် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့များကို စစ်ကောင်စီက တိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း NUG က ယနေ့ ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀

Continue Reading
ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ဖလမ်းမြို့ကို သိမ်းပိုက် လိုက်ပြီးဟု ချင်းညီနောင် စစ်ဆင်ရေးက ထုတ်ပြန်

ဧပြီ ၉ - ၂၀၂၅
0

ဧပြီလ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင် စစ်ဆင်ရေး က အပြီးသတ် သိမ်းပိုက် ရရှိလိုက်ပြီး ဖြစ်ကြောင်း ယနေ့ ဧပြီ ၉ ရက်နေ့တွင် သတင်း ပြန်လာသည်။ ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်စတင်ခဲ့ပြီး ၅ လအကြာတွင် သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်သည်။ ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီဖက်၏ ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ခလရ ၈၉ မှ စစ်ကူ အင်အား ၁ဝဝ ဝန်းကျင်နှင့် တပ်မ ၇၇

Continue Reading
စစ်ကိုင်းက အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ရရှိ
စစ်ရေး သတင်း
1 min read
0

စစ်ကိုင်းက အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ရရှိ

ဧပြီ ၈ - ၂၀၂၅
1

စစ်ကိုင်းတိုင်းဒေသက အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့က ဧပြီလ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ “မနေ့က ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အင်းတော်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ။ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိတယ်။ ၁၂၀ မမ ၊ ၁၂၂ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရပါတယ်” ဟု ပြောသည်။ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက်

Continue Reading
စစ်တွေမြို့ခံများ ရန်ကုန်သို့ နေအိမ်ပြောင်းရွှေ့မှု များလာ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ခံများ ရန်ကုန်သို့ နေအိမ်ပြောင်းရွှေ့မှု များလာ

ဧပြီ ၈ - ၂၀၂၅
0

ယခုရက်ပိုင်းအတိုးအတွင်း ရခိုင်ပြည် စစ်တွေမြို့ပေါ်က ငွေကြေးတတ်နိုင်သည့် ဒေသခံပြည်သူများမှာ ရန်ကုန်မြို့သို့ နေအိမ်ပြောင်းရွှေ့မှု များပြားလာကြောင်း စစ်တွေမြို့ခံများက ပြောသည်။ စစ်တွေမြို့သည် ရခိုင်ပြည်၏ မြို့တော်ဖြစ်ပြီး လက်ရှိ ကျန်ရှိနေသော ရခိုင်ပြည် သုံးမြို့နယ်အထဲမှ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်သော မြို့တစ်ခုလည်းဖြစ်သည်။ မိုးရာသီကာလ တိုက်ပွဲပြင်းထန်လာမည်ဟု သတင်းထွက်ပေါ်နေ၍ ငွေကြေးတတ်နိုင်သည့် မြို့ခံများမှာ နေအိမ်မှာ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအားလုံးကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ “မြို့ခံတွေ အဓိက ရန်ကုန်မှာ မိသားစုရှိတဲ့ သူတွေ၊ ပိုက်ဆံရှိတဲ့သူတွေက နေအိမ်တွေက ဆိုင်ကယ်တွေ၊ ရေခဲသေတ္တာတွေ၊ ကားတွေ၊ အိမ်သုံးပရိဘောဂတွေနဲ့ တခြား ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်းတွေ အကုန်လုံးကို ပြောင်းရွှေ့နေကြပါတယ်။

Continue Reading
ရခိုင်မှာ ပါတီသစ်ထူထောင်သူ မည်သူလဲ
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်မှာ ပါတီသစ်ထူထောင်သူ မည်သူလဲ

ဧပြီ ၈ - ၂၀၂၅
0

ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီ Arakan National Party (ANP) ကို အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်ခွင့် ပယ်ချက်ပြီးနောက် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သည့် ရခိုင့်နိုင်ငံရေးပါတီကြီးတစ်ခု ပေါ်ပေါက်လာသည်ဟု သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ကလည်း ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည သတင်းတွင် ရခိုင်တိုင်းရင်းသားများပါတီ Rakhine Nationalities Party (RNP) မှတ်ပုံလာတင်ထားသည်ဟု သတင်းထုတ်ပြန်ကြေညာသွားသည်။ ရခိုင်ပြည်မှာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည်ဟု ဆိုသည့် ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP တို့ စစ်ကောင်စီထံ မှတ်ပုံတင်ထားကြပြီး စစ်ကောင်စီကလည်း ခွင့်ပြုထားပြီးဖြစ်သည်။

Continue Reading