ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်
ဓါတ်ပုံသတင်း သတင်း
1 min read
141

ကာစီနိုရုံများမှာ အသုံးပြုရန် မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် တပ်ဆင်ထားသော အင်တာနက် ကေဘယ်ကြိုးလိုင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖြတ်တောက်

ဇွန် ၃၀ - ၂၀၂၄
0

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ်သည့် မြ၀တီ-မဲဆောက်တွင် ထိုင်းဘက်ကနေ မြန်မာဘက်ကို မြေအောက်ကနေ တဆင့် တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က စစ်ဆေး ဖြတ်တောက်လိုက်သည်။ အဆိုပါ ကေဘယ်ကြိုးလိုင်းများကို ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရ သိရ သည်။ ထိုင်းနိုင်ငံ တာ့ပ်ခရိုင် မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နှင့် မယ်လမတ်မြို့နယ်တို့ကနေ တဆင့် ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ်ဘက်ရှိ ဝမ်ယာနှင့် ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် ကာစီနိုလောင်းကစားရုံတို့တွင် အသုံးပြုရန် တရားမဝင် မြေအောက်လမ်းကနေ ဆက်သွယ်ထားသည့်

Continue Reading
သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
146

သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ

ဇွန် ၂၉ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ရှောင်စခန်း အနည်းဆုံး ၁၆ ခုက အမျိုးသမီးများမှာ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေသည်ဟု ကာယကံရှင်များနှင့် အကူအညီပေးနေသူများထံမှ သိရသည်။ စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ကျော်မှာ အမျိုးသမီးများဖြစ်နေ၍ လစဉ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုတေဇာအောင်က ပြောသည်။ ” ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်တို့ လုပ်ထားတဲ့ စာရင်းအရဆိုရင် စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာမှ အမျိုးသမီးဦးရေက ၁၀၀၀ ကျော်တယ်ပေါ့နော်။ ပြောရရင် ၆၀ ရာခိုင်နှုန်းလောက် အမျိုးသမီးဖြစ်နေတယ်။ အဲဒီထဲမှာမှ အရွယ်ကောင်းအမျိုးသမီးတွေပါတယ်။ ပြီးတော့ လကုန်ခါနီးဖြစ်တဲ့အတွက်ကြောင့်မို့လို့

Continue Reading
ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
ဓါတ်ပုံသတင်း နိုင်ငံရေး
0 min read
109

ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

ဇွန် ၂၈ - ၂၀၂၄
0

ရန်ကုန်မြို့ပေါ်တွင် ပြည်သူ့အင်အားစု သပိတ်အဖွဲ့လူငယ်များက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Continue Reading
နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်
ဓါတ်ပုံသတင်း သတင်း
1 min read
231

နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်

ဇွန် ၂၇ - ၂၀၂၄
0

ရှမ်းမြောက် နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးအများအပြား တွေ့ရကြောင်း တအောင်းတပ် TNLA က ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ နောင်ချိုမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား TNLA က တိုက်ခိုက်သိမ်းပိုက်ရာမှာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါး ပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိသည်ဟု TNLA က ဆိုသည်။ နောင်ချိုမြိုအတွင်းသို့ ဇွန်လ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ ၂၇ ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

Continue Reading
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားရောက်
သတင်း
1 min read
106

သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားရောက်

ဇွန် ၂၇ - ၂၀၂၄
0

တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနား မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ တက်ရောက်မည်ဟု ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်သည်။ ထိုအခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၇ ရက်နေ့ သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ နေပြည်တော်လေဆိပ်မှတစ်ဆင့် မြန်မာစစ်လေယာဉ်ဖြင့် သွားရောက်ကြောင်း ရန်ကုန်တရုတ်သံရုံးက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၆ ရက်နေ့ သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်တွင် သမ္မတဟောင်း

Continue Reading
စစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း
သတင်း
1 min read
243

စစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း

ဇွန် ၂၄ - ၂၀၂၄
0

ပဲခူးမြို့က အထင်ကရဆရာတော် တစ်ပါးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် အမှုမှန်ပေါ်ပေါက်အောင်အထိ တစ်နိုင်ငံလုံးက သံဃာတော်များ ကံဆောင်သတိမှောက်ကြရန် ချောင်းဦးမြို့နယ် သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရ က တိုက်တွန်း မိန့်ကြားနေသည်။ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်ကောင်စီ တပ်အရာရှိများနှင့် တပ်ဖွဲ့ဝင်များက မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့က သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆရာတော် သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတစ်ဝှမ်း သံဃာထုက မကျေနပ်ကြ၍ ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ကာ အဖြစ်မှန် မပေါ်မချင်း

Continue Reading
ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
စစ်ရေး နိုင်ငံရေး
1 min read
127

ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်

ဇွန် ၂၀ - ၂၀၂၄
0

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာ နပ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က နှစ်ဖက်စလုံးက ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့/ တင်သွင်းမှုများ ရပ်တန့်သွားကြောင်း ဒေသခံများနှင့် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။ အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အခုလ ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီးနောက် အလာတူ ထိုင်းဘက်ကပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်သွားကြောင်း ဘုရားသုံးဆူမြို့ခံများနှင့် ကုန်သည်များထံမှ သိရသည်။ ” ဟုတ်တယ် မြန်မာဘက်က ပိတ်လိုက်တာပါ။ ဘာကြောင့် ပိတ်တာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ နောက်ပြီး သိပ်မကြာဘူး။ ထိုင်းဘက်ကပါ ထပ်ပိတ်လိုက်တာ ဖြစ်တယ်” ဟု

Continue Reading
ဘူးသီးတောင်မြို့ မီးရှို့ဖျက်ဆီးခံရသည်ဆိုသော သတင်း ဓါတ်ပုံ အမှား
Fact Check သတင်း
1 min read
17

ဘူးသီးတောင်မြို့ မီးရှို့ဖျက်ဆီးခံရသည်ဆိုသော သတင်း ဓါတ်ပုံ အမှား

မေ ၂၃ - ၂၀၂၄
0

(Fact Check) ရခိုင်ပြည် ဘူးသီးတောင်မြို့နှင့်ပတ်သက်၍ သတင်းအမှား၊ ဓါတ်ပုံအမှားများကို လူမှုကွန်စာမျက်များတွင် အမှားဖြန့်နေခြင်းနှင့် သတင်းဌာနတချို့တွင် သတင်းအမှားရေးသားခြင်း၊ ဓါတ်ပုံအမှား အသုံးပြုနေသည်ကို တွေ့ရသည်။ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က မီးရှို့ဖျက်ဆီးသည်ဆိုသော သတင်းအမှားများနှင့် မီးလောင်နေသည့် မြင်ကွင်းအဖြစ် ဓါတ်ပုံအသုံးပြုရာတွင် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ အခြားသော မီးလောင်နေသည့်ပုံကို ဘူးသီးတောင်မြို့ မီးလောင်နေသည့်ပုံစံမျိုးဖြင့် သတင်းအမှား၊ ဓါတ်ပုံအမှားများကို ဖြန့်ဝေနေကြသည်။ DVB သတင်းဌာန၏ English ဝက်ဆိုက်စာမျက်နှာတွင် ဘူးသီးတောင်မြို့နှင့် ပတ်သက်ပြီး ရေးသားထားသော သတင်းနှစ်ပုဒ်မှာ အသုံးပြုထားသည့် ဓါတ်ပုံသည် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်သွားသော ကျောက်ဖြူမြို့နယ် စနဲမြို့ ဓါတ်ပုံဖြစ်သည်။ ဓါတ်ပုံစာတန်းကို

Continue Reading
မြန်မာတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများ အရေးယူမခံရဘဲ လွတ်မြောက်နေ
မှုခင်း သတင်း
1 min read
0

မြန်မာတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများ အရေးယူမခံရဘဲ လွတ်မြောက်နေ

ဇန်နဝါရီ ၁၄ - ၂၀၂၄
0

(ပြစ်မှုကျူးလွန်ခဲ့သူများကို သမာသမတ်ကျ စုံစမ်းစစ်ဆေးအရေးယူရန် Fortify Rights အဖွဲ့ တောင်းဆို) အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ယခုနှစ် ၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး ဘန်တိုင်းကျေးရွာတွင် ထိုင်းစစ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ငှက်ဖျားရောဂါအခံကြောင့် မြဝတီဘက်၌ ဆေးခန်းသွားပြပြီး မဲဆောက်သို့ပြန်လာချိန်တွင် ထိုင်းနယ်ခြားစောင့်လုံခြုံရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက်စစ်ဆေးရာမှ လက်လွန်သေဆုံးသွားခဲ့ရသည်။ ထိုင်းစစ်သားသုံးဦးက ဦးအောင်ကိုကိုအား သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင်

Continue Reading
ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ
ရုပ်သံ သတင်း အမျိုးသမီးကဏ္ဍ
1 min read
46

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ

ဩဂုတ် ၃၁ - ၂၀၂၂
0

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံးဖြစ်ပွားမှုရှိနေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

Continue Reading