သောင်းနှင့်ချီသော ပြည်သူများ စစ်တွေမြို့ထဲတွင် ပိတ်မိနေ
တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းပစ်ခတ်မှု အန္တရာယ်များကြောင့် စစ်တွေမြို့ထဲက သောင်းနှင့် ချီသော ပြည်သူများမှာ ဘေးလွတ်ရာကို ပြောင်းရွှေ့လိုကြသော်လည်း ခေါ်ယူမည့်သူမရှိ၍ ပိတ်မိနေကြသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲမှာ တစ်ရက်ထက် တစ်ရက် ပြင်းထန်လာနေပြီး စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်အပါအဝင် အခြေခံအလုပ်သမားများနှင့် ဆင်ခြေဖုံးရပ်ကွက် ဒေသခံပြည်သူ သောင်းချီမှာ တိုက်ပွဲနှင့် ဝေးရာကို တိမ်းရှောင်ရန် ဆန္ဒရှိနေကြသည်။ “ပိုက်ဆံရှိတဲ့ သူတွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သွားပြီး ထွက်ပြေးနိုင်တယ်။ ကျမတို့လို ဆွေးမရှိ မျိုးမရှိ ဆင်းရဲသားတွေ၊ အလုပ်သမားတွေက ဘယ်ကို သွားရမလဲ မသိဘူး။
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး
အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု များကြောင့် ၂၀၂၅ နှစ်လအတွင်း အမျိုးသမီး ၁၁၈ ဦး သေဆုံးသွားကြောင်း AAPP က ပြောသည်။ မြန်မာပြည်တွင်း အခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ မတ်လ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ သေဆုံးခဲ့ရသည့် အမျိုးသမီး ၁၁၈ ဦးထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၇ ဦး ပါဝင်ပြီး ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားခြင်းဖြစ်သည်။
ရခိုင်တွင် ကွမ်းသီး တစ်မောင်း ကျပ် ၄၈၀၀၀၀ ရရှိ ရာကနေ လက်ရှိတွင် ၁၈၀၀၀၀ သာ ရရှိ
(ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှုကြောင့် ဟုဆို) ဘင်္ဂလာဒေ့ရှ်သို့ ပြည်မဖက်က ကွမ်းသီးများ တင်ပို့မှုကြောင့် စျေးကောင်းရနေသည့် ရခိုင်ဒေသထွက် ကွမ်းသီးများမှာ လက်ရှိတွင် စျေးနှုန်းများ ကျဆင်းလာလျက် ရှိနေကြောင်း ကွမ်းသီး ရောင်းဝယ် သူများထံမှ သိရသည်။ ကွမ်းသီးစျေး ကျဆင်းမှုမှာ ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှု များလာခြင်းကြောင့် ဖြစ်ပြီး လက်ရှိတွင် ကွမ်းသီး ရောင်းဝယ်မှုမှာ အဆင်မပြေ ဖြစ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ကုန်သွယ် သွားလာနေသူ တစ်ဦးက Western News ကို ပြောသည်။ “ခုတစ်လော ကွမ်းသီးကရောင်းအားကျ နေတယ်ဗျ။ အရောင်းမထွက်ဘူး။ ဧရာဝတီဖက်တို့က ကွမ်းသီးတွေလည်းတအားဝင်လာတော့ သူတို့က အဲ့ဒီကွမ်းသီးကို ပိုကြိုက်ကြတယ်။
စစ်တွေနှင့် ကျောက်ဖြူကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၂၀၀ ကျော်နီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်အနီးက ဦးကင်းကျေးရွာကို စစ်ကောင်စီက မတ်လ ၆ ရက် နေ့လယ်က ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်း ဦးကင်းကျေးရွာတွင် လူနေအိမ် ၁၇၀ ကျော်ရှိပြီး စစ်ကောင်စီဗုံးများကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လူတွေတော့ အထိအခိုက်မရှိဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတာ။ မနေ့က နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ
ရန်ကုန်တိုင်း ဒေသကြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လူပေါင်း ၂၃၃ ဦးကို ဖမ်းဆီး ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်မှ အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ် အခု ၇၀ ကိုသာ အတည်ပြုထားကြောင်း ဆိုသည်။ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီက ကနဦးဖမ်းဆီးခံရမှုတွင် စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ
ULA/AA ထိန်းချုပ်မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ၊ ဂိတ်ကြေးများ အဆ မတန်ပေးဆောင် နေရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး တစ်ချို့နေရာများတွင် ဈေးနှုန်းများမှာ အဆမတန် မြှင့်တင် ရောင်းချနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ကထက် ယခု ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေပြီး ဒေသအတွင်း ထုတ်ကုန်များ မရှိသည့်အပြင် အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်က ဝင်လာသည့် ကုန်ပစ္စည်းများမှာလည်း မြင့်တက်နေသည်။ ယင်းကဲ့သို့ ဖြစ်ရသည့်အကြောင်းအရင်း နှစ်ချက်မှာ ကုန်သည်များက ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေသလို နောက်တစ်ချက်မှာ ULA/AA က ကုန်ဈေးနှုန်းများကို မထိန်းချုပ်သေးကြောင်းဟု ကုန်သည်များက ပြောသည်။ ရခိုင်ပြည်အတွင်း ကုန်သည်တစ်ဦးက “ဒီလိုဖြစ်တာက နှစ်ပိုင်းရှိတာပေါ့နော်။ ပထမတစ်ပိုင်းက ကုန်ပစ္စည်းတွေကို ပြည်မဖက်က
ရန်ကုန်နှင့် ပဲခူးတွင် ဖမ်းမိသော မူးယစ်ဆေးများမှာ ငွေကျပ်သိန်းပေါင်း ၂သောင်း ၅ထောင် ကျော်ရှိဟု စစ်ကောင်စီ ထုတ်ပြန်
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နှင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်များမှာ ငွေကျပ် ၂၅ဘီလီယံကျော် တန်ဖိုးရှိသော မက်သ်အဖက်တမင်း (ICE)နှင့် ဘိန်းဖြူ မူးယစ်ဆေးများ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့ ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ALPHARD ယာဉ်နှင့် အတူ နေမျိုးထက်ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်များအရ ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းလို့ ဆိုသည်။ တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်း ရှမ်းပြည်နယ်ကနေ ရန်ကုန်ကိုမူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိ၍ ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ လုပ်နေချိန် ယင်းကဲ့သို့ ဖမ်းဆီး ရရှိခြင်းဟု အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ဆိုသည်။ ALPHARD
သင်တန်းသား ၁၂၀ ကျော် ပါဝင်သော ABSDF နှင့် ပ.က.ဖ သင်တန်းဆင်းပွဲ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDFနှင့် အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်၍ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခြေခံစစ်ပညာ သင်တန်းသည် ကာလ ၃လခွဲ ကြာမြင့်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ အယောက် ၁၂၀ကျော် သင်တန်းဆင်းခဲ့ပြီး မကဒတ တပ်ဖွဲ့ဝင်များက အလံကိုင်သစ္စာ ဆိုခဲ့ကြကြောင်း သိရသည်။
ငလျင် ၃ ကြိမ်လှုပ်ခတ်မှု မအူပင်မြို့ ဗုဒ္ဓဆင်းထုတော်၊ ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီး
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့အနီးတွင် ဗဟိုပြု၍ အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင် ၃ ကြိမ်လှုပ်ခတ်မှု မအူပင်မြို့ပေါ်ရှိ ဗုဒ္ဓဆင်းထုတော်၊ ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၄ နာရီ ၃၆ မိနစ်မှစတင်ပြီး အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ရာ မအူပင်မြို့ပေါ် စိမ်းမြကန်သာဘုရားပင်မဆောင် ပြိုကျသွားကြောင်း ဒေသပြည်သူများက ပြောသည်။ မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၆ မိနစ်အချိန်တွင် အင်အား ၅
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြာသည်။ ၎င်းတို့မှာ ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာစဉ် သတင်းပေး တိုင်ကြားမှုကြောင့် ကန်ချနဘူရီ တောအုပ်တစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ခွာလာကြသည့် လူငယ်များတွင် အမျိုးသမီးငယ်