မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို CDF – Asho မှ ပျဉ်းဝ စစ်ဆေးရေးဂိတ် နတ်ရေကန်လမ်းဟောင်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ငဖဲမြို့နယ်ရှိ နတ်ရေကန်
သိမ်းပိုက်ထားသည့် မြို့နယ်များတွင် ULA/ AA က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်
ပလက်ဝအပါအဝင် သိမ်းပိုက်ထားသော မြို့နယ်များအတွင်း အာရက္ခတပ်တော် ULA/ AA အစိုးရမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ ULA/ AA ၏ ပြည်သူ့ အစိုးရမှ ပြီးခဲ့သည့် ဇန်နဝါရီ လမှ စတင်ပြီး မီးသတ်ဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး သိမ်းပိုက်ခဲ့သည့် မြို့နယ် ၈ မြို့နယ်နီးပါးတွင် လုပ်ဆောင်ခဲ့သည်။ မြောက်ဦးမြို့ခံတစ်ဦးက “ကျွန်တော်တို့ သိသလောက် ကတော့ မြို့နယ် ၈ မြို့နယ်ကို စတင်လုပ်နေတယ်ပေါ့နော်။ ကြိုတင် ကာကွယ်ပြင်ဆင်မှုတွေ လုပ်တယ်။ ပြီးတော့ အသိပေး စာရွက်စာတမ်းတွေ မျှဝေတယ်။ အသိပညာပေး
နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများ ဖော်ဆောင်လာမှုများကို ဆက်လက်ဆင်နွှဲမည်ဟု စစ်ကောင်စီ ပြော
(တရားသောစစ် ဆင်နွှဲနေခြင်းဟု စစ်ခေါင်းဆောင်ပြော) ဆင်နွှဲနေသော စစ်မှာလည်း တရားသော စစ်ဖြစ်ပြီး နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများ ဖော်ဆောင်လာမှုများကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် ၁၂၈ သူရတပ်ခွဲ သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကို ကာကွယ်ရန်၊ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဆိုသည်။ ထို့အပြင် ဆင်နွှဲနေသော စစ်မှာလည်း တရားသော စစ်ဖြစ်ပြီး နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများ ဖော်ဆောင်လာမှုများကို ပြည်သူများနှင့် ပူးပေါင်း၍
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရ
မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားထံမှ သိရသည်။ မလေးရှားအာဏာပိုင်များ က ကလန်း မဲရူးဈေးကြီး ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထားမပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများ မှာ အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့်
စစ်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ စစ်ရှောင်များထံမှ ဧည့်စာရင်းတိုင်းကြေး လူတစ်ဦးကို ကျပ် ၂၀၀၀ နှုန်းဖြင့် တောင်းယူနေ
(ဒုက္ခသည်များထံမှ တစ်လလျှင် ငွေကျပ် ၈ သိန်းကို စစ်တွေရပ်ကွက်အုပ်ချုပ်ရေးမှူး ခံစားနေရ) ရခိုင်ပြည် မြို့တော် စစ်တွေမြို့က စစ်ဘေးရှောင်ဒုက္ခသည် ၈,၀၀၀ ကျော်မှာ တစ်လလျှင် လူတစ်ဦး ကျပ် ၂၀၀၀ နှုန်းဖြင့် ဧည့်စာရင်းတိုင်ကြေး ပေးနေရပြီး ရပ်ကွက်အုပ်ချုပ်မှူးများမှာ လစဉ် ငွေကျပ် ၈ သိန်းထက်မနည်းကို ဒုက္ခသည်များထံမှ လက်ခံရရှိနေကြသည်။ စစ်တွေမြို့အတွင်းက ဘုန်တော်ကြီးကျောင်း ၅၃ ကျောင်းတွင် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားပြည်သူ ၈၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ဒုက္ခသည်များထံမှ
ရခိုင်လူငယ် ကိုသူရိန်ထွန်း ကို စစ်ကောင်စီက ထောင်သုံးနှစ် ချမှတ်
အနုပညာ အလုပ် လုပ်ကိုင်နေသော ရခိုင်လူငယ် တစ်ဦးကို ရခိုင်ပြည်၊ စစ်တွေမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင် သုံးနှစ်ချမှတ်လိုက်ကြောင်း ကာယကံရှင်ဖြစ်သူ က Western News ကို ပြောသည်။ အသက် ၂၉ နှစ်ရွယ်ရှိ ရခိုင်အနုပညာ အလုပ်ကို လုပ်ကိုင်နေသူ ကိုသူရိန်ထွန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် စစ်တွေမြို့ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ကိုသူရိန်ထွန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးက မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ခြင်း
ပေါက်တော တစ်မြို့နယ်လုံးနီးပါး ဗုံးကြဲခံရ၍ ရခိုင်မှာ ဗုံးခိုကျင်းများ ပြန်လည် တူးဖော်နေရ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် တစ်ခုလုံးနီးပါး ဗုံးကြဲတိုက်ခိုက်ခံလိုက်ရ၍ ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် အခြားသော မြို့နယ်များတွင်လည်း ဗုံးခိုကျင်းများ ပြန်လည် တူးဖော်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီသည် ပေါက်တောမြို့နယ် ၁၂ ရွာထက်မနည်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး ဒဏ်ရာ ရရှိခဲ့မှု များပြားခဲ့ကြောင်း သိရသည်။ ထိုအခြေအနေများကြောင့် ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင် ဒေသတို့တွင် ဒေသခံပြည်သူများမှာ ဗုံးခိုကျင်းများ ပြန်လည်တူးဖော်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ မြောက်ဦးဒေသခံတစ်ဦးက “ဗုံးခိုကျင်းကတော့ အရင်လည်း ရှိတာပေါ့နော်။ ဒါပေမယ့် မနေ့က
စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရခိုင်မှာ ၂လအတွင်း ၉၈ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ နှစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၈ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးထက်မနည်းရှိသည်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတွင် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူ ၉၂ ဦးသေဆုံးခဲ့ရပြီး ၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ အဆိုပါ စာရင်းသည် Western News ၏ မှတ်တမ်းစုစည်းချက်ဖြစ်ပြီး မြို့နယ်အတွင်းက ဒဏ်ရာ ရရှိသူများ စာရင်းသာ
မွတ်ဆလင်အရေး ဆွေးနွေးရန် UN အကြီးအကဲ ဘင်္ဂလားဒေ့ရှ် သွားမည်
မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကုလသမဂ္ဂ UN အတွင်းရေးမှူးချုပ် အမ်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်ကို မတ်လမှာ သွားရောက်မည်ဟု သိရသည်။ UN အကြီးအကဲ အမ်တိုနီယို ဂူတာရက်စ် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မည်ဖြစ်သည်။ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရသေ့တောင်မြို့နယ်တို့က မွတ်ဆလင်များကို ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရှင်းလင်းရေး ပြုလုပ်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် သိန်းနှင့်ချီ ထွက်ပြေးခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်