စစ်တွေ ဒကစ ဌာနချုပ်ကို ကာကွယ်ထားသည့် တပ်ရင်းများ တပ်ဆုတ်ခွင့်မပေးကြောင်း စစ်ကောင်စီ အရာရှိများ အမိန့်ထုတ်ထား
စစ်ရေး သတင်း
1 min read
0

စစ်တွေ ဒကစ ဌာနချုပ်ကို ကာကွယ်ထားသည့် တပ်ရင်းများ တပ်ဆုတ်ခွင့်မပေးကြောင်း စစ်ကောင်စီ အရာရှိများ အမိန့်ထုတ်ထား

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော ဒေသကွက်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ကို ကာကွယ်ပေးထားသည့် ရေချမ်းပြင်တပ်၊ ပါဒလိတ်က တပ်ရင်းများနှင့် အမြင့်ကျွန်းက တပ်ရင်းများအနေဖြင့် တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း သိရသည်။ တိုက်ပွဲများပြင်းထန်းနေသည့် ယခု ရက်ပိုင်းများတွင် စစ်ကောင်စီတပ်က အောက်ခြေ တပ်ရင်းများနှင့် တပ်စခန်းများကို ယင်းကဲ့သို့ တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း စစ်တွေ ဒကစ အရာရှိများက အမိန့်ထုတ်ထားကြောင်း Western News က စုံစမ်းသိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီ၏ ရေချမ်းပြင်ရွာက တပ်ရင်းများ၊ ပါဒလိတ်ရွာက တပ်ရင်းများနှင့် အမြင့်ကျွန်းရွာက တပ်ရင်းများကို အာရက္ခတပ်တော် AA သည် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စနိုက်ပါတိုက်ခိုက်ခြင်းတို့ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ နေ့စဉ်တိုက်ခိုက်နေသည်။

Continue Reading
AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး
စစ်ရေး သတင်း
1 min read
0

AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

လွှတ်ပေးလို့ရသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း သိရသည်။ ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း AA က တာဝန်ရှိသူများက ပြောသည်။ စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

Continue Reading
AA ၏ စစ်တွေ မြို့သိမ်းတိုက်ပွဲ ပိုပြင်းထန်လာ
စစ်ရေး သတင်း
1 min read
0

AA ၏ စစ်တွေ မြို့သိမ်းတိုက်ပွဲ ပိုပြင်းထန်လာ

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

(စစ်ကောင်စီက မနေ့က လေကြောင်းတိုက်ခိုက်မှုဖြင့် အများဆုံးခုခံနေ) အာရက္ခတပ်တော် AA ၏ ရခိုင်ပြည်မြို့တော် စစ်တွေမြို့သိမ်းတိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် ယခင်ရက်များထက် ပိုပြင်းထန်ခဲ့ကြောင်း စစ်တွေမြို့ခံများက ပြောသည်။ AA နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမှာ ညနေ ၆ နာရီကျော်က စတင်ပြီး ၉ နာရီကျော်အချိန်တွင် ပစ်ခတ်သံများ ရပ်တန့်သွားကြောင်းနှင့် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မနေ့ကညက တိုက်ပွဲက အရမ်းပြင်းပြင်းထန်ထန်ပဲ။ AA က အမြင့်ကျွန်းက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ အသားကုန်ပစ်တာ။ စစ်ကောင်စီတပ်ကလည်း ပြန်ပစ်တယ်။

Continue Reading
အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ် ၁သောင်း သုံးထောင်နီးပါးကို ဖမ်းဆီးခဲ့
စစ်ရေး သတင်း
1 min read
0

အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းအတွက် လူငယ် ၁သောင်း သုံးထောင်နီးပါးကို ဖမ်းဆီးခဲ့

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး နောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅

Continue Reading
စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အားလုံးနီးပါး အရေပြား ရောဂါ ခံစားနေရ
သတင်း
1 min read
0

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အားလုံးနီးပါး အရေပြား ရောဂါ ခံစားနေရ

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

(အကျဉ်းထောင်အတွင်း မည်သည့်ရောဂါမဆို ဆေးတစ်မျိုးပေးသည်) စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့အကျဉ်းထောင်တွင် အမျိုးသမီးအပါအဝင် အကျဉ်းသားအားလုံးနီးပါး ခန္ဓာကိုယ်ယားယံသည့် အရေပြားရောဂါ ဝေဒေနာ ခံစားနေရကြောင်း အကျဉ်းသားများကိုယ်တိုင် Western News ကို ပြောသည်။ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော အကျဉ်းသားအချို့နှင့် Western News တို့ တိုက်ရိုက်အဆက်အသွယ်ရချိန် အကျဉ်းသားများက ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်တွေအကျဉ်းထောင်ထဲတွင် ကျန်းမာရေးဆိုးဝါးမှုနှင့် အစားအသောက် ဆိုးဝါးသည့် အခြေအနေများကို အကျဉ်းသားများ ရုံးထုတ်လာချိန်တွင် Western News ကို ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ လုံခြုံရေးအခြေအနေအရ အချိန်၊ ရက်နှင့် ပြောပြသူများကို Western News အနေဖြင့် ဖော်ထုတ်ရေးသားခွင့် မရရှိပေ။ “ထောင်ထဲမှာ

Continue Reading
မကွေးနှင့် ပဲခူးက စစ်ကောင်စီ စခန်း ၄ ခုကို AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
စစ်ရေး
1 min read
0

မကွေးနှင့် ပဲခူးက စစ်ကောင်စီ စခန်း ၄ ခုကို AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းထဲက စစ်ကောင်စီ၏ ကာကင်းစခန်းအပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။ မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ၏ မထုံးစခန်း၊ အထက်တုံးကြီးနှင့် အောက်တုံးကြီး စခန်းတို့ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မကွေးတိုင်း ပဒါန်း-အမ်း လမ်းမှာရှိတဲ့ မထုံး၊ အထက်တုံးကြီး၊ အောက်တုံးကြီး စတဲ့ တပ်စခန်း ၃ ခုကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ တစ်ပြိုင်တည်း

Continue Reading
စစ်မြေပြင်မှာ အသုံးပြုနိုင်သော မွတ်ဆလင် ၉၃၀ ကျော်ကို စစ်ကောင်စီက ရခိုင်ကိုပို့ဆောင်မည်
သတင်း
1 min read
0

စစ်မြေပြင်မှာ အသုံးပြုနိုင်သော မွတ်ဆလင် ၉၃၀ ကျော်ကို စစ်ကောင်စီက ရခိုင်ကိုပို့ဆောင်မည်

ဖေ‌ဖော်ဝါရီ ၁၇ - ၂၀၂၅
0

ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ အကျဉ်းသားများ၊ အမျိုးသမီးများ အပါအဝင် မွတ်ဆလင် ၉၃၆ ဦးကို ရခိုင်ပြည် စစ်တွေမြို့သို့ အာဏာသိမ်း စစ်ကောင်စီက ပို့ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောသည်။ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် မွတ်ဆလင် ၉၃၆ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက စ၍ အင်းစိန်အကျဉ်းထောင်ကနေ ခေါ်ထုတ်ပြီး စစ်တွေမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။ မွတ်ဆလင် အကျဉ်းသား ၉၃၆ ဦးထဲတွင် လွတ်ရက်စေ့အကျဉ်းသား ၁၈ ဦး အပါအဝင် အမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး

Continue Reading
ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်အပါအဝင် ၂၅ ဦး ဖမ်းဝရမ်းထုတ်ခံရ
စစ်ရေး သတင်း
1 min read
0

ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်အပါအဝင် ၂၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော် အပါအဝင် ၂၅ ဦး မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရသည်။ မြန်မာစစ်တပ်ခေါင်းဆောင်များကို မွတ်ဆလင်လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်သည့် စာရင်းတွင် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်။ မြန်မာ့စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ရန် မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ

Continue Reading
AA ထိုးစစ်ကြောင့် စစ်တွေမြို့ စီးပွားရေးဘဏ်က ငွေများကို စစ်ကောင်စီ ပြောင်းရွှေ့ရန် စီစဉ်နေ
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် စစ်တွေမြို့ စီးပွားရေးဘဏ်က ငွေများကို စစ်ကောင်စီ ပြောင်းရွှေ့ရန် စီစဉ်နေ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်လာ၍ ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စီးပွားရေးဘဏ်မှ ငွေများကို အာဏာသိမ်း စစ်ကောင်စီက ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းများထံမှ သိရသည်။ ပြည်နယ်စစ်ကောင်စီအဖွဲ့သည် စစ်တွေမြို့ရှိ ဝန်ထမ်းများကို နှစ်လစာ ကြိုတင်ပေး၍ ဘဏ်က ငွေအားလုံးကို ရန်ကုန်နှင့် နေပြည်တော်သို့ ရွှေ့ရန် စီစဉ်နေကြောင်း စစ်တွေမြို့နယ် စီးပွားရေးဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြေသည်။ “စီးပွားရေးဘဏ်က ပြည်ဂျာဆီကို ပြည်နယ်မန်နေဂျာပေါ့ ပြည်နယ်အစိုးရအဖွဲ့က စာပို့ထားတယ်လို့ ပြောပါတယ်။ ဒီလထဲမှာ လုံခြုံရေးအခြေအနေအရ ဘဏ်က ငွေတွေကို ရွှေ့ပြောင်းမယ့် အခြေအနေ၊ ဝန်ထမ်းတွေကို လစာ နှစ်လစာ ထုတ်ပေးမယ့် အခြေအနေ စတာတွေ ပါတယ်လို့

Continue Reading
၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
သတင်း အလုပ်သမားသတင်း
1 min read
0

၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့်

Continue Reading