စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်
(လူနေအိမ်များအပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွား) ချင်းပြည် တောင်ပိုင်းဒေသရှိ ကန်ပက်လက်မြို့နယ်ကို ယမန်နေ့ ဧပြီ ၂ ရက်နေ့တွင်ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်း စစ်ကောင်စီ ယာယီ အပစ်ရပ်ကြေညာသည့် ဧပြီလ ၂ ရက်တွင် ချင်းပြည်တောင်ပိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ထဲက လူနေအိမ်များ အပါအဝင် အစိုးရအဆောက်အဦး ၂၀ ခန့်ပျက်စီးသွားသည်ဟု ကန်ပက်လက်မြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ အရပ်သားပြည်သူ့နေအိမ် ၅
မြန်မာငလျင်ဘေးတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်က စစ်ကောင်စီက တစ်ဆင့် ကန် ဒေါ်လာ ၃ သန်း ထောက်ပံ့
မြန်မာပြည်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသများအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက အစားအသောက်နှင့် ဆေးဝါးများ အပါအဝင် အရေးပေါ်အကူအညီများ စစ်ကောင်စီထံ ထောက်ပံ့ပေးခဲ့သည်။ မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်မှာ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသူတိုင်းအတွက် အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုသည်ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက (Yohei Sasakawa) က ဆိုသည်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ သည် ဧပြီလ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် ဒေါ်လာ ၃ သန်း (ယန်း သန်း ၄၅၀ ခန့်) ထောက်ပံ့ပေးခဲ့ကြောင်း မတ်လ ၃၁
စစ်တွေမှာ ခွေးနှင့် ကြောင်များအား သတ်ဖြတ်ပြီး ဟင်းလျာအဖြစ် ရောင်းချနေသူ ပိုများလာနေ
ရခိုင်ပြည် စစ်တွေမြို့ထဲမှာ ခွေးများကို သတ်ဖြတ်ကာ အသားဟင်းလျာအဖြစ် ရောင်းချလျက်ရှိနေပြီး မြို့အတွင်း ခွေနှင့် ကြောင်များမှာ မရှိသလောက် နည်းပါးသွားကြောင်း ခွေးချစ်သူများ စစ်တွေမြို့ခံများက ပြောသည်။ အသား လိုအပ်ချက်ရှိသည့်ဟုဆိုသော အကြောင်း ပြချက်ဖြင့် စစ်တွေမြို့အတွင်းရှိ ခွေးများကို ညပိုင်းတွင် လိုက်လံဖမ်းဆီးကာ စစ်တွေမြို့ခံ လူတစ်ချို့က အသားဟင်းလျာ အဖြစ် ရောင်းချနေကြခြင်း ဖြစ်သည်။ စစ်တွေမြို့ခံ ခွေးချစ်သူတစ်ဦးက “ညပိုင်းမှာ ပိုပြီးတော့ ဖမ်းကြတယ်။ နေ့လယ်ခင်းကျတော့ လူတွေ ရှိတော့ သိပ်မဖမ်းကြဘူး။ ဒါပေမဲ့ အခုက ပိုပြီးတော့ ဖမ်းလာကြတယ်။ အိမ်မှာ မွေးထားတဲ့ တိရိစ္ဆာန်တွေတောင် ပေါ်ပေါ်တင်တင် လုပ်လာကြတယ်။ အုပ်စု လိုက်ဖမ်းကြတာပါ”ဟုပြောသည်။ တိရိစ္ဆာန်ထဲမှာ ခွေများသည်
ယနေ့တွင် မန္တလေး Sky Villa မှ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိ
ယနေ့ ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းက မန္တလေး Sky Villa မှ အမျိုးသားနှင့် အမျိုးသမီး ရုပ်အလောင်း နှစ်လောင်း ထပ်မံ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့ နေ့လယ်ပိုင်းတွင် သတင်း ထုတ်ပြန်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အဆောက်အုံတွင် ပျောက်ဆုံးနေသူများ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။
ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ တိုးလာဟု စစ်ကောင်စီ ပြော
(ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်း) မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီစာရင်းအရ သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာနေပြီး ဒဏ်ရာရရှိသူ ၄၅၂၁ ဦးအထိ ရှိလာနေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူလက်ခံပွဲ အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျနော့်ဆီ နောက်ဆုံးတင်တဲ့ စာရင်းအထိ ဒီနေ့မနက် ၈ နာရီအထိ ရတဲ့စာရင်းမှာ ပြည်နယ်နဲ့
မန္တလေးတွင် ၄၀၀ ကျော် ကယ်ထုတ်နိုင် (သေဆုံးသူ ၂၆၀ ခန့် ရှိ)
ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ ၄၀၃ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၅၉ ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်သည်။ မတ် ၃၁ ရက်နေ့တွင် အမျိုးသမီးတစ်ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား ၁၆ ဦး အမျိုးသမီး ၁၁ဦး စုစုပေါင်း ၂၇ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
စစ်ကောင်စီ အပစ်ရပ် အပြီး ယနေ့တွင် စစ်တွေနှင့် ကျောက်ဖြူကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲနေ
စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို ဂျက်တိုက်လေယာဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ စက်တပ် လေထီးများဖြင့် ဗုံးကြဲခဲ့သည်။ ယနေ့ ဧပြီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကျောက်ဖြူမြို့ နယ်ထဲက ကျေးရွာ အချို့ကို တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနှင့် လာရောက် ဗုံးကြခဲ့သလို ဒရုန်း၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ကျောက်ဖြူမြို့ခံတစ်ဦးက “ကျောက်ဖြူဖက်မှာတော့ နေတိုင်းလိုလို လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတယ်။ ဒီနေ့ကတော့ နည်းနည်း ထူးခြားပါတယ်။ ဒီနေ့မှာ ဂျက်တစ်စီးနဲ့ သုံးကြိမ်ကြိမ်တိုင်တိုင် လာပြီးတော့ ဗုံးကြဲသွားပါတယ်။ ရန်ကုန်- ကျောက်ဖြူ ကားလမ်းတစ်လျောက်မှာ
မင်းအောင်လှိုင် BIMSTEC အစည်းအဝေး တက်ရန် ဘန်ကောက်သို့ ရောက်လာ
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရန်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်သို့ ရောက်ရှိလာသည်။ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး BIMSTEC ထိပ်သီးအစည်းအဝေသို့ တက်ရောက်ရန် အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု သိကြသည့် BIMSTEC အစည်းအဝေးကို ယနေ့ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် စတင်ကျင်းပနေပြီဖြစ်သည်။ BIMSTEC အစည်းအဝေးကို ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ရန် ထိုင်းအစိုးရအဖွဲ့က ဖိတ်ကြားထားခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီ စစ်ဆေးမှုများကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်ကြုံ
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်တားစီး စစ်ဆေးမှုကြောင့် ငလျင်ဘေးသင့် ဒေသများကို အရေးပေါ်ကူညီကယ်ဆယ်ရေး သွားလာသည့်အခါ လမ်းခရီးတွင် အချိန်ကြန့်ကြာမှုများရှိသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “ယနေ့ချိန်ထိ အမြန်လမ်းတွေကို Lockdown သတ်မှတ်ချက်ရှိနေတဲ့အတွက် ည ၁၂ နာရီမှ မနက် ၄ နာရီ အမြန်လမ်းပေါ် သွားခွင့်မပေးသေးပေ။ စစ်ကောင်စီက ငလျင်ဘေးသင့် ဒေသတွေကို ကူညီကယ်ဆယ်ရေးအတွက် ယခုလိုချိန်မှာ အချိန်ပြည့် ဖြတ်သန်းခွင့် ပေးသင့်ပါတယ်” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ
လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး
လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများအား အသိပေးထုတ်ပြန်လိုက်သည်။ Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA စစ်ရုံးချုပ်က ရခိုင်ပြည်သူများအား တိုက်ရိုက်အသိပေး ထုတ်ပြန်ထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား AA စစ်ရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။ မြို့နယ်အလိုက် အာရက္ခတပ်တော် အုပ်ချုပ်ရေးအဖွဲ့များကမှ တစ်ဆင့် ရခိုင်ပြည်သူများ ထပ်ဆင့်ညွှန်ကြား အသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ သင်္ကြန်ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များမှာ လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း