PRA မကွေးတပ်က စစ်ကောင်စီ တင့်ကား ၄ စီးကို တိုက်ခိုက်၊ တစ်စီးပျက်စီးသွား
စစ်ရေး သတင်း
1 min read
0

PRA မကွေးတပ်က စစ်ကောင်စီ တင့်ကား ၄ စီးကို တိုက်ခိုက်၊ တစ်စီးပျက်စီးသွား

ဇန်နဝါရီ ၂၃ - ၂၀၂၅
0

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်က ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီတင့်ကား ၄ စီးကို တိုက်ခိုက်ခဲ့ပြီး တစ်စီးမှာ ပျက်စီးသွားကြောင်း သိရသည်။ အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီ တင့်ကားများကို တိုက်ခိုက်ခဲ့သည်ဟု PRA မကွေးတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သး ၅ ဦး သေဆုံးသွားသလို ၈ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း PRA မကွေးတပ်က ဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀

Continue Reading
ရခိုင်နှင့် ကပ်နေသော ဧရာဝတီတိုင်းက မြို့နယ် ၇ ခုကို ခရီးမသွားသင့်ကြောင်း ဗြိတိန်သတိပေး
သတင်း
1 min read
0

ရခိုင်နှင့် ကပ်နေသော ဧရာဝတီတိုင်းက မြို့နယ် ၇ ခုကို ခရီးမသွားသင့်ကြောင်း ဗြိတိန်သတိပေး

ဇန်နဝါရီ ၂၃ - ၂၀၂၅
0

ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဧရာဝတီတိုင်းဒေသက နေရာ ၇ ခုကို မလွဲမရှောင်သာ ခရီးစဉ်များမှလွဲ၍ မလိုအပ်ဘဲ ခရီးမသွားကြရန် ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) မှ ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ FCDO မှ ထုတ်ပြန်ထားသော မြို့နယ် ၇ ခုမှာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များဖြစ်ပြီး သတိပေးချက် သို့မဟုတ် အကြံဉာဏ်ကို ငြင်းပယ်ပါက ခရီးသွားအာမခံချက် ပျက်ပြယ်သွားနိုင်ကြောင်း ထပ်မံ သတိပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် ရခိုင်နှင့် ဧရာဝတီကြားက မကျီးဇင်၊ ဘောမိနှင့် ရိုးတောင်အစပ်တို့တွင် စစ်ကောင်စီတပ်နှင့် AA

Continue Reading
ယနေ့ ထိုင်းနိုင်ငံမှာ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရကြပြီ
ဓါတ်ပုံသတင်း သတင်း
1 min read
0

ယနေ့ ထိုင်းနိုင်ငံမှာ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရကြပြီ

ဇန်နဝါရီ ၂၃ - ၂၀၂၅
1

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရရှိကြပြီဟု ထိုင်းမီဒီယာများက ဖော်ပြကြသည်။ ကန့်သတ်ခံထားရသည့် လိင်တူလက်ထပ်ခွင့်ကို ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေအရ တရားဝင်ခွင့်ပြုလိုက်ပြီး ဘန်ကောက်မြို့တွင် LGBTQ+ စုံတွဲများ ရာနှင့်ချီ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ သရုပ်ဆောင် စုံတွဲဖြစ်သည့် Porshe Apiwat Apiwatseri နှင့် Am Sappanyu Panathakul တို့သည် ယနေ့ နံနက် ၈ နာရီမှာ Phra Nakhon ခရိုင်ရုံးတွင် တရားဝင်လက်ထပ်ထိမ်းမြားခွင့် တင်လိုက်ပြီး ထိုင်းနိုင်ငံ၏ LGBTQ+ လက်ထပ်ကြသည့် ပထမဆုံးသော စုံတွဲဖြစ်ကြသည်။ ဘန်ကောက်မြို့က ခရိုင်ရုံးပေါင်း

Continue Reading
စစ်တွေက အရပ်သား ၁ဦးကို စစ်ကောင်စီသတ်ဖြတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေက အရပ်သား ၁ဦးကို စစ်ကောင်စီသတ်ဖြတ်

ဇန်နဝါရီ ၂၃ - ၂၀၂၅
0

ရခိုင်ပြည်၊ စစ်တွေမြို့က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သတ်ဖြတ်ပြီး မိသားစုဝင်များအား အသိပေးခြင်း မရှိဘဲ အလောင်းအား မြေမြုပ် သင်္ဂြိုလ်လိုက်ကြောင်း စစ်တွေမြို့ ဒေသခံများက Western News ကိုပြောသည်။ စစ်တွေမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ်ရှိ ဦးကျော်လင်း မှာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “သူက စစ်တွေကနေ ၁၉ ရက်နေ့ က သူ့ရွာကို သွားတာပါ။ စံပြရပ်ကွက်သို အပြန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ဆုံးနေတော့ တပ်ထဲမှာ အသတ်ခံလိုက်ရတယ်လို့

Continue Reading
စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူမည်
သတင်း
0 min read
0

စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူမည်

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေဒေသများတွင် စစ်ဘေးဒုက္ခသည်များကို စာရင်းကောက်ယူပြီး ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန် ပြောဆိုထားသည်။ တိုင်းနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီက ဆိုသည်။ စစ်ကောင်စီ ကောက်ယူမည့် စစ်ဘေးရှောင်များ စာရင်းမှာ တိုက်ပွဲများကြောင့် သို့မဟုတ် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသည့် ဒေသခံပြည်သူများ ဖြစ်သည်ဟု သိရသည်။ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုး သားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့် နေထိုင်သူများအားလုံး စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း

Continue Reading
မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား
စစ်ရေး သတင်း
1 min read
0

မောင်တောဒေသမှ မြိုလူမျိုး ၉၀ ကျော် စစ်မှုထမ်းရန် AA ဖမ်းဆီးခေါ်ဆောင်သွား

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။ မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။ ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး

Continue Reading
TNLA ထိန်းချုပ်ထားသော နောင်ချိုကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၁၀ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

TNLA ထိန်းချုပ်ထားသော နောင်ချိုကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၁၀ ဦးသေဆုံး

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

တအာင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကြောင်း တအာင်းတပ် TNLA ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် နောင်ချိုမြို့နယ်၊ ရဲစခန်း အနီးရှိ ပါရမီ ၂ လက်ဖက်ရည်ဆိုင်သို့ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးနှစ်လုံး ကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနှင့် ဝန်ထမ်းများ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက “နောင်ချို ရဲစခန်းနားက ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို တည့်တည့်ကျတာ။ ဆိုင်ပိုင်ရှင်မိသားစုကလည်း လက်ဖက်ရည်ဆိုင်ကို သန့်ရှင်းလုပ်နေတဲ့အချိန်မှာ

Continue Reading
နတ်မြစ်ဝမှာ AA က စစ်ဆေးနေသည့် ကုန်တင်သင်္ဘောမှာ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေ
စီးပွားရေး သတင်း
1 min read
0

နတ်မြစ်ဝမှာ AA က စစ်ဆေးနေသည့် ကုန်တင်သင်္ဘောမှာ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေ

ဇန်နဝါရီ ၂၂ - ၂၀၂၅
1

(မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းကြောင့် ကုန်များအားလုံးကို စစ်ဆေးနေဟုဆို) ရခိုင်ပြည် မောင်တောမြို့နယ် နတ်မြစ်ဝတွင် အာရက္ခတပ်တော် AA က စစ်ဆေးနေသော ကုန်တင်သင်္ဘောတစ်စီးမှာ တောင်ကုတ်ဒေသခံ ကုန်သည်ကြီး ဦးကျောက်တောင် သင်္ဘောဟု သတင်းထွက်နေသည်။ ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘော ၃ စီးအနက် နှစ်စီးကို AA က ပြန်လွှတ်လိုက်ပြီး ကျန်တစ်စီးမှာ AA က ဆက်လက်စစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြကြသည်။ အဆိုပါ သင်္ဘောမှာ မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု သတင်းရရှိ၍ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကုန်ပစ္စည်းများအား စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက Western News

Continue Reading
တိုက်ပွဲအနားကို ရောက်လာ၍ တိမ်းရှောင်ရန် ပြင်ဆင်နေသည့် ရွှေသောင်ယံက ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးနေ
စစ်ရေး သတင်း
1 min read
0

တိုက်ပွဲအနားကို ရောက်လာ၍ တိမ်းရှောင်ရန် ပြင်ဆင်နေသည့် ရွှေသောင်ယံက ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးနေ

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်ရှိ မကျီးဇင်နှင့် ဘောမိဒေသကို အာရက္ခတပ်တော် AAနှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ပြီးနောက် ရွှေသောင်ယံအနီးကို တိုက်ပွဲများနီးကပ်လာနေသည်။ ထိုကြောင့် ရွှေသောင်ယံက ဒေသခံပြည်သူများမှာ စစ်ရှောင်ရန်ပြင်ဆင်နေကြသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တားဆီးနေပြီး ဈေးဆိုင်များကို အတင်းအဓမ္မ ဖွင့်ခိုင်းနေသည်ဟု သိရသည်။ ပုသိမ်သတင်းရင်းမြစ်တစ်ဦးက “ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်က ရွှေသောင်ယံမြို့နယ်ခွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လည်ပြီး ဒေသခံတွေကို မသွားကြဖို့ တားဆီးနေတယ်။ ဈေးဆိုင်တွေကိုလည်း အတင်းဖွင့်ခိုင်းနေတယ်။ တိုက်ပွဲက နီးကပ်လာတယ်။ ဒေသခံတွေက တိုက်ကြားမှာ ညှပ်မှာစိုးလို့ ပုသိမ်နဲ့ တခြားနေရာတွေကို တိမ်းရှောင်ချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ပြီးတားနေတယ်”

Continue Reading
မွန်ဒေသမှာ စစ်ရေးအရှိန်မြှင့်ရန် မွန်တော်လှန်ရေးတပ် ၄ ဖွဲ့က “ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်း”
သတင်း
1 min read
0

မွန်ဒေသမှာ စစ်ရေးအရှိန်မြှင့်ရန် မွန်တော်လှန်ရေးတပ် ၄ ဖွဲ့က “ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်း”

ဇန်နဝါရီ ၂၂ - ၂၀၂၅
0

စစ်ရေးအရှိန်လျော့နည်းနေသည့် မွန်ပြည်ဒေသအတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ရန် မွန်တော်လှန်ရေးတပ် ၄ ခု စုပေါင်းပြီး “ရာမညပူးတွဲစစ်ကြောင်း” ကိုဖွဲ့စည်းကာ စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။ (ရာမညပူးတွဲစစ်ကြောင်းကနေ စစ်တိုင်းဌာနချုပ်နှင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်မည်) မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ ဇန်နဝါရီလ ၁၇, ၁၈ ရက်တွင် အစည်းအဝေးလုပ်ကာ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ “ကျနော်တို့ ပူးပေါင်းရခြင်းရဲ့ အဓိက ရည်မှန်းချက်တစ်ခုက ကျနော်တို့ မွန်ပြည်နယ်မှာ အခြား တိုင်းနဲ့ပြည်နယ်တွေလို စစ်ရေးအရှိန်တွေ မြှင့်နိုင်ဖို့ပါ။ အရင်တုန်းက ကျနော်တို့ မွန်ပြည်နယ်မှာ စစ်ရေးအရှိန်

Continue Reading