ဂွနှင့် မကျီးဇင်ကို စစ်ကူပို့ရန် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီ မကျီးဇင်ဒေသဘက်ကို လက်နက်များနှင့် စစ်ကူအင်အားများ ပေးပို့ရန် အာဏာသိမ်း စစ်ကောင်စီသည် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများကို တစ်ရက်မှာ အနည်းဆုံး ၄ စီးဖြင့် ပေါ်တာဆွဲနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ကုန်ကားလုပ်ငန်းရှင်များက စစ်ကောင်စီ တောင်းယူသည့် ကားများကို ထုတ်မပေး၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်သို့သွားရောက်မည့် ပုသိမ်က ကုန်ကားကြီးများကို စစ်ကောင်စီသည် ထွက်ခွင့်ပိတ်ပင်ထားခဲ့သည်။ ပုသိမ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဟာ ကုန်ကားသမားတွေ အားလုံးကို ခေါ်ယူသတိပေးပါတယ်။ တစ်ရက်မှာ ကုန်ကားအနည်းဆုံး ၄ စီးပေးရမယ်။ ဂွနဲ့ မကျီးဇင်ဘက်ကို စစ်သားတွေ တင်ပြီး ပို့ပေးရမယ်။
ရခိုင်မှာ အရေပြားရောဂါဖြစ်ပွားမှု နယ်မြေကျယ်ပြန့်လာ
ရခိုင်ပြည်အတွင်း အရေပြားရောဂါဖြစ်ပွားမှု ပုဏ္ဏားကျွန်း၊ မင်းပြားမြို့များအပြင် သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော် စသည့် ဒေသများတွင် စစ်ရှောင်ပြည်သူများမှာ အရေပြားရောဂါဝေဒနာများ ခံစားနေရကြောင်း သိရသည်။ ပြီးခဲ့သည့် မိုးရာသီကတည်းက ပုဏ္ဏားကျွန်းဒေသနှင့် မင်းပြားဒေသများတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်ယားယံခြင်း၊ ခူ၊ ဝဲ၊ ပွေး ကဲ့သို့ အနာများဖြစ်ပေါ်ခံစားနေရသည်မှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။ လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှုမှာ သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်တော်ဒေသများတွင် ဖြစ်ပွားနေပြီး အများစုက စစ်ရှောင်ပြည်သူများ အဖြစ်များနေကြောင်း စုံစမ်းသိရသည်။ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ခန္ဓာကိုယ်ယားယံခြင်းကို ဦးစွာခံစားရပြီးနောက် ကုတ်ခြစ်ခြင်းမှတစ်ဆင့် အနာများဖြစ်ပေါ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်ဟု
KTV ဖွင့်လှစ်ရန်ကြိုးပမ်းသော ဗကသများအဖွဲ့ချုပ် ဥက္ကဌနှင့် ဘဏ္ဍာရေးတာဝန်ခံကို ရာထူးမှ ဖယ်ရှား
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကို ဗကသများအဖွဲ့ချုပ်ဘဏ္ဍာငွေအတွက် KTV ဖွင့်လှစ်ရှာဖွေ၍ ရာထူးမှ ထုတ်ပယ်ရေးယူလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ဗကသများအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေ သည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့က ဆိုသည်။ ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ်ရန် ဗကသများအဖွဲ့ချုပ်က ပြောဆိုထားသည်။ အဆိုပါလုပ်ငန်းမှ
စရဖ ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် မိဘများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား
စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် အာဏာသိမ်း စစ်ကောင်စီသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိသော မိဘများကိုပါ ဖမ်းဆီးထားသည်။ ဇေယျာမင်းကို Together Urban Force က ပစ်ခတ်တိုက်ခိုက်သည်ဟုဆိုကာ ပြောက်ကျားတပ်ဖွဲ့ဝင်အပါအဝင် ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၅ တွင် ထုတ်ပြန်ထားသည်။ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅၀၀ ချောင်း၊ ယမ်းကြိုး (၂၀၀ ပေ)
မွတ်ဆလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့
ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက်နေ့က အနောက်ရဲမွတ်ဆလင်ဒုက္ခသည်များကို ULA/AA ၏ ဒေသခံဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အနောက်ရဲဒုက္ခသည်စခန်းက စားနပ်ရိက္ခာအထောက်အပံ့ အဓိက လိုအပ်နေသော အိမ်ထောင်စု ၁၄၀ စုကို ရွေးချယ်ပြီး ကနဦး ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ဆိုသည်။ ပေါက်တောမြို့နယ်တွင် အနောက်ရဲစခန်းအပါအဝင် မွတ်ဆလင်ဒုက္ခသည်စခန်း
စစ်ကောင်စီ အင်အား ၅၀ ပါ ကားနှစ်စီးကို CDF အရှိုတပ်တိုက်ခိုက်၊ အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိ
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိပြီး စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ
မကွေးတိုင်း နတ်ရေကန် စစ်ကောင်စီ လှည့်ကင်းကို PRA ခြုံခိုတိုက်ခိုက်
(၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရာရရှိ) မကွေးတိုင်း ငဖဲမြို့နယ် မျော်စင်ကျေးရွာ အနောက်ဘက် မီတာ ၂၀၀ အကွာရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်ကောင်စီ အင်အား ၆ ဦးကို တော်လှန်ရေးတပ် PRA က ခြုံခိုတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ လှည့်ကင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း PRA က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်လာသည်။ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ PRA
မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များ ထိုးစစ်ဆင်တိုက်ခိုက်နေ
မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။
နိုင်ငံခြားသားအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၆၀၀၀ ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
ယနေ့ ကျရောက်သည့် မြန်မာ့လွတ်လပ်ရေးနေ့တွင် အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ၊ ဒီမိုကရေစီအင်အားစုများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။ ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်လျော့ပေါ့ပြီး ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲလိုက်သည်။ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။ ထို့ပြင် လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ
ရခိုင်တိုက်ပွဲမှာ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို စစ်ကောင်စီက ရာထူးတိုးမြှင့်ကာ သူရဲကောင်းဘွဲ့ပေး
ရခိုင်ပြည် မောင်တောတိုက်ပွဲနှင့် အမ်းမြို့တိုက်ပွဲတွင် သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးမြှင့်ပေးကာ သူရဲကောင်းဘွဲ့ကို ပေးအပ်ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းတွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မင်းအောင်လှိုင်က စစ်တပ်နှင့်ရဲဘက်မှ အရာရှိ ၉ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့) ပေးအပ်ခဲ့ရာတွင် ရခိုင်တိုက်ပွဲ သေဆုံးခဲ့သော အရာရှိကြီး ၂ ဦးကို ရာထူးတစ်ဆင့်တိုးဖြင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ပေးအပ်ထားခြင်းဖြစ်သည်။ ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ တိုက်ပွဲတွင် မိုင်းနင်းမိ၍ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးကို