စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲစရန် KNU က ပြင်ဆင်နေဟု မင်းအောင်လှိုင်ပြော
ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်တစ်ဝိုက်တွင် စစ်ပွဲသစ်စရန် ပြင်ဆင်နေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတ တင်မြောက်ပြီးနောက် နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် ယနေ့ ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” KNU တပ်မဟာ ၁, ၃ နဲ့ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။ ” ဟု မင်းအောင်လှိုင်က ပြောသည်။ မြန်မာစစ်တပ် (စစ်ကောင်စီ) အား တိုက်ခိုက်ရန်လည်း PDF များကို လက်နက်တပ်ဆင်ပေးခြင်းနှင့်
စစ်တွေက အရပ်သားများကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟုဆို
(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁၀၀၀ ကျော်ရှိလာ) ရခိုင်ပြည် စစ်တွေမြို့တွင် ပိတ်မိနေကြသူများထဲမှ အရပ်သားအမျိုးသားများကို အဓိက ပစ်မှတ်ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟု ပိတ်မိနေသူ စစ်တွေဒေသခံများက ပြောဆိုကြသည်။ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ညက မင်းဂံရပ်ကွက်များနှင့် မြို့ထဲရပ်ကွက်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။ ” မင်းဂံရပ်ကွက်ထဲက တော်တော်လေးပါသွားတယ်။ ဓညတတီ၊ ကုန်တန်း၊ ရွာကြီးတောင်၊ ရွှေပြား စတဲ့ ရပ်ကွက်တွေကလည်း ပါသွားတယ်။ ၅၀ ကျော် ၇၀ နီးပါးလောက်ရှိမယ်။ ပြန်လွတ်လာတာ မကြားသေးဘူး။ ကျနော်တို့က စစ်တွေမြို့က
ဘင်္ဂလားဒေ့ရှ်မှာ ယာယီအစိုးရဖွဲ့မည်ဟု စစ်တပ်အကြီးအကဲပြော
(ပစ်ခတ်ဖြိုခွင်းမှုကို ရပ်တန့်ရန်နှင့် သေဆုံးမှုအပေါ် စစ်ဆေးမည်ဟုဆို) ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina သည် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က အတည်ပြု ပြောကြားသည်။ Sheikh Hasina ၏ ထွက်ခွာမှုသည် နိုင်ငံတစ်ဝှမ်းတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က နိုင်ငံအား ထိန်းချုပ်ထားကာ ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ “ကျွန်တော် အခုတာဝန်ယူနေပါပြီ၊ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ တောင်းဆိုမယ်။” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးမှထွက်ပြီး နိုင်ငံမှထွက်ခွာ
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ယနေ့ တနင်္လာနေ့ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံအတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။ ဆန္ဒပြမှုအရှိန်မြင့်နေပြီး ဩဂုတ်လ ၄ ရက်နေ့က ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နှုတ်ထွက်ရေး ဆန္ဒပြပွဲတွင် အာဏာပိုင်များ ဖြိုခွင်း၍ လူ ၉၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရသွားကြသည်။ ဆန္ဒပြမှု ရက်သတ္တပတ်အတွင်း လူပေါင်း ၃၀၀ နီးပါး သေဆုံးသွားပြီဟု Al Jazeera သတင်းက ဆိုပြီး ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ယနေ့ နိုင်ငံမှ ထွက်ခွာသွားပြီဟု အတည်ပြုဖော်ပြထားသည်။
လက်နက်မဲ့ တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး CNA က လုပ်ကြံဖန်တီးနေဟု AA ပြောခွင့်ရပြော
ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲပြီးနောက် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးကို ချင်းအမျိုးသားတပ်မတော် CNA/CNF က ဖမ်းဆီးသွားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ မတူပီမြို့သိမ်းပြီးနောက် ၂ ရက်အကြာတွင် CNA/CNF ရှိရာ ကျေးရွာသို့ လမ်းမှားရောက်သွားခြင်းကြောင့် AA တပ်သား ၂ ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြောင်း APM ဖော်ပြချက်အရ သိရသည်။ အဆိုပါ AA တပ်ဖွဲ့ဝင် ၂ ဦးကို CNA က ညှဉ်းပန်းနှိပ်စက်ပြီး ၎င်းတို့ လိုချင်သောပုံစံမျိုး ထွက်ဆိုခိုင်းထားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ထားသည်။ ” အဲဒီရဲဘော်နှစ်ယောက်ကို
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူး မောင်ဆောင်းခပြော
ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။ BPLA က ထုတ်ဝေနေစော “ဗမာသူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူး မောင်ဆောင်းခက စစ်အာဏာရှင်များကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။ ” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊ လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့
လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့
ပျက်ပြယ်သွားခြင်းမရှိသည့် ၁၀၂၇ စစ်ရေးဆင်ရေး၏ အောင်မြင်မှုများနှင့် လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်များအား KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့ထားကြသည်။ MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA, TNLA, AA, နှင့်
စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၃ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့ကို ဩဂုတ်လ ၄ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးသွားသလို ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ကောင်စီသည် ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs) များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း MDY PDF က ဆိုသည်။ ဩဂုတ်လ ၄ ရက် နေလယ် ၁ နာရီဝန်းကျင်တွင်
စစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ဖွံ့ပါတီ USDP က ရုရှားကို အကူအညီတောင်း
မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်များထံ တပ်စခန်းများ၊ မြို့များ လက်လွှတ်ဆုံးနေသော စစ်ရှုံး အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကို စစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရုရှားနိုင်ငံကို တောင်းဆိုနေသည်။ ပြီးခဲ့သည့် ၅ ရက်ခန့်က ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနှင့် USDP ဥက္ကဌ ဦးခင်ရီတို့ မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့ကြသည်။ ယင်းမေးမြန်းခြင်းတွင် ဦးခင်ရီက အာဏာသိမ်း စစ်ကောင်စီကို စစ်ကူပေးရန် ရုရှားအား တောင်းဆိုခဲ့ကြောင်း Sputnik သတင်းဌာနမှ ယနေ့ ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့သည်။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူကာ တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်ကူညီဖြေရှင်းပေးရန် USDP ဥက္ကဌ
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ
လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း