ဂွမြို့ထဲကို AA ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဧရိယာများကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်လာ
ဧရာဝတီတိုင်းဒေသနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည် ဂွမြို့ထဲသို့ အာရက္ခတပ်တော် AA ၏ ထိုးစစ် ဝင်ရောက်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းများမှာ အပြင်းအထန် ခုခံတိုက်ခိုက်နေကြသည်။ တစ်ဆက်တည်းမှာပဲ ဂွမြို့နယ်ရှိ ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းဒေသရှိ မြို့နယ်များဒေသတွင် AA နှင့် PDF များ စိမ့်ဝင်မှုမရှိစေရန် လုံခြုံရေးကင်းများကို ယခင်ထက် ပိုမိုတိုးချကာ တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ဧရာဝတီတိုင်း မြို့တော် ပုသိမ်းမြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ဝန်ထမ်းများ မလိုအပ်ဘဲ ယူနီဖောင်းဝတ်သွားလာခြင်း မပြုလုပ်ရန်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညွှန်ကြားထားကြောင်း သတင်းရင်းတစ်ဦးက ပြောသည်။ “ခရီးသွားလာတာတွေ သတိထားဖို့၊ မလိုလားအပ်တဲ့ နေရာတွေမှာ ယူနီဖောင်းဝတ် သွားလာတာတွေ
ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုလအကြီးအကဲ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK တိုက်တွန်း
လာမည့် ၂၀၂၅ ခုနှစ်မှာ အငတ်ဘေးကို ခံစားကြရမည့် ရခိုင်ပြည်က ပြည်သူလူထုများအတွက် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK က တိုက်တွန်းနေသည်။ ရခိုင်ပြည်အား အကူအညီပေးရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ရေး ဘင်္ဂလားဒေ့ချ်အစိုးရနှင့် ညှိနှိုင်းပေးရန် ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်အား ဒီဇင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်တွင် ပြည်သူလူထု နှစ်သန်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်တွင် အငတ်ဘေး ကျရောက်တော့မည်ဟု နိုဝင်ဘာလတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က သတိပေးခဲ့သည်။
ရေလုပ်သား ၄ ဦးကို မကာကွယ်နိုင်သည့် ထိုင်းအစိုးရအား အမျိုးသားလုံခြုံရေး ဥက္ကဌက ဝေဖန်
မြန်မာ့ရေပိုင်နက်ကို ကျူးကျော် ငါးဖမ်းသည်ဟုဆိုကာ စစ်ကောင်စီက ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် ၃၁ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့သည် ပြည်သူများအား အကာအကွယ်မပေးနိုင်ဟု ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဌက ဝေဖန်ပြောကြားလိုက်သည်။ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဌ Rangsiman Rome က ပေထုန်တန် ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရအဖွဲ့မှာ ပြည်သူကို မကာကွယ်ပေးနိုင်သော အားနည်းသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသား ရေလုပ်သား ၄ ဦးကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်ခြင်းအပေါ် လက်ရှိ ထိုင်းအစိုးရအဖွဲ့အနေဖြင့် မြန်မာသံအမတ်ကို ဆင့်ခေါ်ကာ သဘောမတူကြောင်း ပြောရမည်ဟု ၎င်းက တိုက်တွန်းထားသည်။ ထိုင်း-မြန်မာရေပိုင်နက်သည် ပြတ်သားသော
အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး (ဓါတ်ပုံသတင်း)
မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း
နေထိုင်ခွင့် သက်တမ်းတိုးဈေးနှုန်း ပိုကောက်ခံနေ၍ ထိုင်း ကားတာယာအလုပ်ရုံမှာ မြန်မာလုပ်သား ၁၂၀၀ ကျော်ဆန္ဒပြ
ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်က ကားတာယာအလုပ်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား ၁၂၀၀ ကျော်မှာ နေထိုင်ခွင့် သက်တမ်းတိုးခ သတ်မှတ်ဈေးနှုန်းထက် ပိုကောက်ခံနေ၍ ဆန္ဒပြနေကြကြောင်း သိရသည်။ နေထိုင်ခွင့် သက်တမ်းတိုးခ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉၀၀၀ ကောက်ခံနေ၍ ဈေးနှုန်းသက်သာ မှန်ကန်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအလုပ်သမားအရေး ကူညီနေသူ အေအေစီ ကိုရဲမင်းက ပြောသည်။ “စက်ရုံက ကားတာယာအလုပ်ရုံဖြစ်ပါတယ်။ မြန်မာအလုပ်သမာ လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ အလုပ်ရုံကြီးဖြစ်ပါတယ်။။ Work permit ၊ Visa ၂ နှစ် သက်တမ်းတိုး တစ်ဦးကို ၉၀၀၀ တောင်းနေတဲ့အတွက် အလုပ်သမားတွေက ညှိနှိုင်းပေးဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သင့်တင့်မျှတတဲ့
မြန်မာ့လူဦးရေ ၅ သန်းခွဲကို အသက်ကယ်ရန် UNOCHA က အမေရိကန်ဒေါ် ၁ ဘီလီယံကျော် တောင်းဆို
လာမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံက အကူအညီ အရေးတကြီးလိုအပ်နေသူ လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘဝရှင်သန်ရေးအကူအညီများ ပေးအပ်နိုင်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ အဆိုပြုတောင်းဆိုထားကြောင်း UNOCHA မြန်မာက ပြောသည်။ မြန်မာနိုင်ငံတွင်းအကျပ်အတည်းများကြောင့် အရပ်သားသန်းပေါင်းများစွာ၏ ဘ၀များ ကစဉ့်ကလျားဖြစ်ခဲ့ရပြီး နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ မြင့်တက်လာခဲ့ကြောင်း ယူအန်အိုချာ မြန်မက ဆိုသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူဦးရေ ၁၉ ဒသမ ၉ သန်းရှိသည့် အနက်မှ အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ
အမ်း နပခ ပကတိမြေပြင်အခြေအနေကို AA ထုတ်ပြန်ခြင်းသည် စစ်တွေနှင့် ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဟု သုံးသပ်ကြ
ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အာရက္ခတပ်တော် AA ထုတ်ပြန်သော အမ်း နပခ ပကတိမြေပြင်အခြေအနေ ဗီဒီယိုဖိုင်သည် မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။ အမ်း နပခ ပကတိမြေပြင်အခြေအနေမှာ လက်နက်ချအညံ့ခံခြင်းနှင့် အလံဖြူထောင်အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် AA က အသက်ချမ်းသာခွင့် ပေးထားပြီး မိသား၊ ဆွေမျိုးများဖြင့်လည်း ပြန်လည်တွေ့ဆုံခွင့်ပေးမည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောထားသည်။ အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီကို တွေ့မြင်ရပြီး ၎င်းတို့အားလုံးမှာ အသက်ရှင်နေကြသည်ကို တွေ့မြင်ရပြီး
စစ်ကောင်စီခန့် ပြည်ထောင်စု ရခိုင်ဝန်ကြီးများ စစ်တွေမြို့သို့ လာရောက်
အာဏာသိမ်း စစ်ကောင်စီ အကြံပေးအဖွဲ့ဝင် ယခင် ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဟောင်းဖြစ်သူ ဒေါ်အေးနုစိန်အပါအဝင် ပြည်ထောင်စု ဒုဝန်ကြီးများဖြစ်သည့် ဦးဇော်အေးမောင်နှင့် ဒေါ်နုမြဇံတို့မှာ စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ Jeng Phang နော်တောင် ခရီးစဉ်တွင် အတူလိုက်ပါ လာကြခြင်းဖြစ်သည်။ ရခိုင်တောင်ပိုင်းဒေသမှာ အာရက္ခတပ်တော် AA က မြို့များဆက်တိုက်သိမ်းပိုက်နေချိန် မြို့တော်စစ်တွေမြို့အား ဆက်လက်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီသည် ရခိုင်လူမျိုး ဝန်ကြီးများအား စေလွှတ်ခြင်းဖြစ်သည်ဟု သုံးသပ်သူတစ်ဦးက
စစ်ကောင်စီ ဗုံးကြဲ၍ သံတွဲမှာ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့ပေါ်ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးမှာ မြို့ပေါ် (၇) ရပ်ကွက်က အသက် ၆၉ နှစ်နှစ်အရွယ် ဒေါ်ခင်မေရီ ဖြစ်ပြီး မျက်နှာနှင့် မျက်စိနားမှာ ဗုံးစထိမှန်သွားကြောင်း သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ ဆောင်ထက်မနည်းလည်း မီးလောင်ပျက်စီးသွားသည်။ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ပြီး သံတွဲမြို့နယ်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးသူ ရာနှင့်ချီရှိကြောင်းလည်း သိရသည်။