မိုးကုတ်မြို့က သိမ်းဆည်းရမိသော စစ်ကောင်စီ လက်နက်များကို TNLA ထုတ်ပြန်
မိုးကုတ်မြို့နယ်က စစ်ကောင်စီ၏ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄) ပတ်ကြာ တိုက်ခိုက်ခဲ့ရသည်။ မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထို့နောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင်
လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA သိမ်းပိုက်
ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီဟု ထုတ်ပြန်ကြေညာထားသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က တရားဝင်ထုတ်ပြန်ထားသည်။ ” လားရှိုးမြို့ကို လုံးဝ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။ ” ဟု MNDAA က ရေးသားထုတ်ပြန်ကြေညာထားသည်။ လားရှိုးမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်ရ ခက်ခဲနေကြောင်းသိရပြီး
ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ
ရခိုင်ပြည် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးနေကြောင်း သိရသည်။ ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် AA ထိုးစစ်အား ကာကွယ်ရန် ခေါင်းစဉ်ဖြင့်
စစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်
ရခိုင်ပြည် သံတွဲမြို့ အံတော်မှာ ရေကြီးနေပြီး နေအိမ်များ ရေလွှမ်းမိုးသွားပြီဟု ဒေသခံများထံမှ သိရသည်။ သံတွဲမြို့သည် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသော မြို့ဖြစ်ပြီး လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်လာ၍ ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကုတ်မြို့ဘက်ဝင်ပေါက် သံတွဲမြို့သစ်ဘက်ခြမ်းရှိ အံတော်ရွာ၊ တောင်ကုတ်ကားဂိတ်သို့ ချောင်းရေဝင်ရောက်ပြီး နေအိမ်များ ရေနစ်မြှုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ချောင်းရေမြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် စတင်နစ်မြှုပ်နေခြင်းဖြစ်သည်။ သံတွဲက ဒေသခံပြည်သူများမှာ စစ်ရေးနှင့်အတူ ရေကြီးမှုဒဏ်ကိုပါ တပြိုင်တည်းခံစားနေရကြောင်း သိရသည်။
မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်
မန္တလေးတိုင်း ပတ္တမြားနယ်မြေ မိုးကုတ်မြို့ကို တအောင်းတပ် TNLA က ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့သည် တအောင်းဒေသ TNLA ၏ တပ်မဟာ (၂) ဒေသထဲတွင် ပါဝင်ပြီး စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီဟု သိရသည်။ မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် အဝေးရောက် ဒေသခံများမှာ မိသားစုဆွေမျိုးများဖြင့် လတ်တလောတွင် အဆက်အသွယ်ပြတ်တောက်နေကြသည်ဟု သိရသည်။ မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ” မနက်ပိုင်းလောက်မှာ ကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။
တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးမိ
ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်အားယခုတစ်ပတ်အတွင်းတွင် ဖမ်းဆီး ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ တရားမဝင် ဝင်ရောက်လာသူများထဲမှ ၈၄ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ နောင်တချို ကျေးရွာတွင် ဖမ်းဆီးခံရရှိခြင်းဖြစ်ပြီး ယင်းအထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၂ ဦးတို့ ပါဝင်သည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၄ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅သောင်းမှ ၆သောင်းအကြား ပေးခဲ့ရကြောင်း သတင်းများတွင်
KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်
ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း လက်ရှိအကြံပေးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကင်ဆာရောဂါဝေဒနာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ KNU ခေါင်းဆောင်ဟောင်း ပဒိုနော်စီဖိုးရာစိန်မှာ ကွယ်လွန်ချိန် အသက် ၆၉ နှစ်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။ ပဒိုနော်စီဖိုးရာစိန်သည် KNU ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးထဲမှ ၄ ဦးမြောက် သမီးဖြစ်ပြီး ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ KNU ၏ ၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရသလို ၁၅ ကြိမ်မြောက်
ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး နစ်နာကြေးညှိနှိုင်းမှု အားလုံး အဆင်မပြေသေးဟုသိရပါတယ်။
ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ
ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က မွေးဖွားခဲ့သော ဆင်ဖြူတော် (အထီး) “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်မြောက်ပြီး အရပ်အမြင့် ၄ ပေ ၆ လက်မ ရှိလာကြောင်း သိရသည်။ တောင်ကုတ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃ နှစ်ရှိသော ဆင်မ ဇာနန်းလှက “ရဋ္ဌနန္ဒက” ဘွဲ့အမည်ရှိ ဆင်ဖြူတော် အထီးတစ်စီးကို အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ဖြင့် မွေးဖွားပေးခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့က ယူဆောင်ပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ထားရှိကာ