မောင်တောကို AA သိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကို လုံခြုံရေးတင်းကျပ်
စီးပွားရေး သတင်း
1 min read
0

မောင်တောကို AA သိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကို လုံခြုံရေးတင်းကျပ်

ဒီဇင်ဘာ ၁၀ - ၂၀၂၄
0

(တက္ကနပ် ဒေသခံ ငါးဖမ်းသမားများကို နယ်စပ်ဧရိယာနှင့် ဝေးဝေးနေရန်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် Jaliar ကျွန်းမှ St Martin’s ကျွန်းအထိ စောင့်ကြည့်နေ) ရခိုင်ပြည် မောင်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့နယ် တက္ကနဖ် အူဇီလာမှာ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။ မောင်တောမြို့သည် ကော့ဘဇားမြို့နယ် တက္ကနပ်မြို့နယ် Jaliapara ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အာရက္ခတပ်တော် AA သည် မောင်တောမြို့ကိုသိမ်းပိုက်ပြီးနောက် ရေကြောင်းခရီးသွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ AA က ယင်းကဲ့သို့ ပိတ်ပင်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်

Continue Reading
စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်
စီးပွားရေး သတင်း
1 min read
0

စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်

ဒီဇင်ဘာ ၉ - ၂၀၂၄
1

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်”

Continue Reading
ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာ
ဒုက္ခသည်အရေး သတင်း
0 min read
0

ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာလျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ စစ်ဘေးရှောင်များမှာ စစ်ရှောင်ကာလများလာသည်နှင့်အမျှ စားဝတ်နေရေးကျပ်တည်းသည့် ဦးရေပိုများလာပြီး တောင်ရမ်းစားသောက်ရသူများ ပိုတိုးလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “စားဝတ်နေရေးပိုကျပ်တည်းလာကြတယ်။ ထမင်းငတ်တဲ့ လူတွေပိုများလာတယ်။ ဒါကြောင့် တောင်းစားရတဲ့ ဦးရေပိုတိုးလာကြတာတွေ့နေရပါတယ်” ဟု ပြောသည်။ တောင်းရမ်းစားသောက်သူများထဲတွင် သက်ကြီး၊ သက်လတ်ပိုင်းများ အပါအဝင် ၁၀ နှစ်အောက်ကလေးငယ်များပါ ပါဝင်လာကြောင်း သိရသည်။ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် ဆောင်းတွင်းရာသီရောက်လာသည်နှင့်အမျှ အနွေးထည်လိုအပ်ချက်ပြဿနာတစ်ခုကိုပါ တွဲလျှက်ခံစားနေကြရကြောင်း မြောက်ဦးမှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ “ဆောင်းရာသီမှာ အနွေးထည် လိုအပ်ချက်ကလည်း သူတို့အတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့တယ်။ စားဝတ်နေရေးတောင် အဆင်မပြေနိုင်ကြတဲ့အတွက်

Continue Reading
နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

နခခ ၅ က ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ထဲက အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးလိုက်ပြီဟု သိရသည်။ မွတ်ဆလင်တပ်သားများနှင့်အတူ ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ “တိုက်ပွဲထဲမှာ ဖမ်းမိရတာပါ။ တိုက်ပွဲက တိုက်လို့တိုက်လို့ သွားတာ။ သူရိန်ထွန်းက ထွက်ပြေးသွားတာဆိုတော့လေ။ မနေ့က ညနေ ၅ နာရီလောက်မှာ တိုက်ပွဲထဲမှာ ဖမ်းမိပါတယ်။

Continue Reading
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ
စစ်ရေး သတင်း
1 min read
0

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေး ပေါင် ၁၀၀၀ ဗုံးအသုံးပြု၍ စစ်ကောင်စီ ခုခံနေ

ဒီဇင်ဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေးအတွက် အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA သည် အမ်းလေဆိပ်အပါအဝင် အမ်းမြို့ထဲက ဌာနဆိုင်ရာရုံး အားလုံးနှင့် တပ်ရင်းတပ်ဖွဲ့ စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးရှိရာ ခြံဝန်း (ဂွင်) တစ်နေရာသာ ကျန်ရှိတော့ကြောင်းနှင့် ဆက်လက်ပြီး သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ “အဲဒီ နပခ ခြံဝန်း

Continue Reading
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခြင်း AA ပိတ်ပင်

ဒီဇင်ဘာ ၈ - ၂၀၂၄
0

(စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်နေ) မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မောင်တောဒေသတွင် တစ်ခုတည်းကျန်ရှိနေသော အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ကို AA က ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ နခခ ၅ ထဲက စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီနှင့်

Continue Reading
မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

မောင်တောမှာ တစ်ခုတည်းကျန်ရှိသော နခခ ၅ ကို AA သိမ်းပိုက်လိုက်ပြီ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့နယ်တွင် စစ်ကောင်စီအတွက် တစ်ခုတည်းကျန်ရှိနေသော နယ်ခြားစောင့်တပ်စခန်း နခခ ၅ မြို့စောင့်တပ်ကို အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

Continue Reading
တောင်ကိုရီးယား သမ္မတကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်
နိုင်ငံရေး သတင်း
1 min read
0

တောင်ကိုရီးယား သမ္မတကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် စနေနေ့က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုး ကို တရားစွဲရန် အဆိုပြုချက် မအောင်မြင်ခဲ့ကြောင်း သိရသည်။ သမ္မတ ပါတီဖြစ်သည့် ပြည်သူ့စွမ်းအားပါတီမှ လွှတ်တော်အမတ်များက ယင်းစွပ်စွဲချက်ကို ကန့်ကွက်မဲပေးခဲ့ကြသည်။ အတိုက်အခံပါတီ၏ တရားစွဲမှုအောင်မြင်ရန် သမ္မတပါတီဖြစ်သော ပြည်သူ့စွမ်းအားပါတီကနေ ထောက်ခံမဲ ၈ မဲ လိုအပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့စွမ်းအားပါတီ ခေါင်းဆောင်ဖြစ်သော ဟန်ဒေါင်ဟွန်းက သောကြာနေ့ ဒီဇင်ဘာ ၆ ရက်တွင် သမ္မတ ယွန်းကို ရာထူးက ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ယင်းအပြင် သမ္မတယွန်း ဆက်လက်တည်ရှိမှုက အန္တရာယ်မြင့်မားသည့်အကြောင်း ပြောကြားခဲ့သည်။ သမ္မတ ယွန်းကမူ စနေနေ့ ဒီဇင်ဘာ

Continue Reading
ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။ အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။ ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား

Continue Reading
အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

အမ်းနှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို AA တိုက်ခိုက်

ဒီဇင်ဘာ ၇ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့နှင့် ဂွမြို့သိမ်းတိုက်ပွဲသို့ အင်အား ၃၀၀ ကျော်ပါသည့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီ တပ်သားအများအပြားလည်း သေဆုံးသည်ကို တွေ့ရပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

Continue Reading