ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် ချင်းလူငယ်များ လာရောက်ပူးပေါင်းကြရန် CDF – Hakha ဖိတ်ခေါ်
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြသည့် ချင်းလူငယ်များအနေဖြင့် လာရောက်ပူးပေါင်းပေးကြရန် ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – Hakha က ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်းမှာ ဟားခါးမြို့သိမ်းစစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။ “အခုဆိုရင် ချင်းပြည်နယ်မှာ နောက်ဆုံး လက်ကျန်မြို့လို ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့ ခံယူချက်ကတော့ ဟားခါးမြို့သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊ မြို့နယ်သားတွေမှာ အဓိက တာဝန်ရှိတယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်” ဟု ပြောသည်။ ဟားခါးမြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်လာသည့် လူငယ်များသည် CDF – Hakha
ရခိုင်က မွတ်ဆလင်အမျိုးသမီးများကို AA အမျိုးသမီးရေးရာအဖွဲ့မှ စွမ်းရည်မြှင့် ဟောပြောပွဲများ ပြုလုပ်ပေးနေ
Western News| ဧပြီ ၂၄ ရခိုင်ပြည်အတွင်းမှာ နေထိုင်ကြသည့် မွတ်ဆလင်အမျိုးသမီးများကို အာရက္ခတပ်တော် AA အမျိုးသမီးရေးရာအဖွဲ့မှ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့နှင့် ပူးပေါင်းပြီး အမျိုးသမီးများစွမ်းရည်မြှင့် ဟောပြောပွဲများကို ပြုလုပ်ပေးနေသည်။ မွတ်ဆလင်ကျေးရွာများသို့ ကွင်းဆင်းပြီး မွတ်ဆလင်အမျိုးသမီးများနှင့် တွေ့ဆုံကာ အမျိုးသမီးအခန်းကဏ္ဍ မြင့်မားလာရေး ဆောင်ရွက်နေသည်ဟု AA အမျိုးသမီးရေးရာ တာဝန်ရှိသူများက ပြောသည်။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် ယခုလ ဧပြီလကစ၍ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာရေး ဟောပြောပွဲများကို ဆောင်ရွက်နေပြီး အခြားသော မြို့နယ်များတွင်လည်း လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။ ရခိုင်မှာ လူမျိုးပေါင်းစုံနေထိုင်ကြပြီး တန်းတူအခွင့်အရေးများဖြင့် တိုင်းပြည် တည်ဆောက်နေကြသည့် အတွက် မွတ်ဆလင်အမျိုးသမီးများကိုလည်း တန်းတူအခွင့်အရေးများ ပေးအပ်မှုများကို ကြိုဆိုကြောင်း
အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန် ထပ်ပြော
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း ပြုလုပ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်နှင့် မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံက ထပ်မံပြောဆိုသည်။ ဧပြီလ ၂၂ ရက်က ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O’Neill က ပြောဆိုခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီလမ်း ကြောင်းသို့ လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိရေး အာဆီယံနှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို စစ်တပ်က ချက်ချင်းရပ်တန့်ရန်၊ မတရား ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု
AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ
အာရက္ခတပ်တော် AA နှင့် ဆက်သွယ် ထောက်ပံ့၍ဆိုပြီး ဧရာဝတီတိုင်းဒေသ ငါးသိုင်းချောင်းမြို့မှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့ပြီး AA အား ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဆိုသည်။ ၎င်းတို့ကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့က နာမည်ကြီး ပွဲရုံတစ်ခုဖြစ်သည့် ရွှေပြည်အေးပွဲရုံမှ လုပ်ငန်းရှင်များ ပါဝင်ကြသည်။ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ တပ်အမည်ကို ALPR ဟု ပြောင်းထားကြောင်း ဒေါ်စောမြရာဇာလင်းပြော
အကွဲကွဲအပြဲပြဲဖြစ်နေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တပ် Arakan Liberation Army (ALA) အမည်ကို ဒေါ်စောမြရာဇာလင်းက Army For Liberation and Peace of Rakhine (ALPR) ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးတပ်မြတ်တော် ဟု အမည်ပြောင်းထားကြောင်း သိရသည်။ ALP ပါတီမှာ ဥက္ကဌနေရာ တာဝန်ယူထားသော ဒေါ်စောမြရာဇာလင်းက မတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ပြန်လည်ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းနား မိန့်ခွန်းတွင် ပြောဆိုထားခြင်းဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ သုံးနှစ်ပြည့်မှာ ဒေါ်စောမြရာဇာလင်းက ပြောဆိုထားသော မိန့်ခွန်းကို ယမန့်နေ ဧပြီ ၂၃ ရက်နေ့တွင်
စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်တည်ဆောက်၍မရကြောင်း NUG ပြော
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် တည်ဆောက်၍ မရနိုင်ဆိုသည်ကို အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် ပြုလုပ်သော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ပြောသည်။ မြန်မာပြည် အေးချမ်းစေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် တွန်းအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီ၏
နှစ်စဉ် ကမ်းပြိုနေ၍ လာမည့်မိုးရာသီမှာလည်း ကမ်းပြိုလာမည်ကို မင်းပြားဒေသခံများ စိုးရိမ်
လေးမြို့မြစ်ကမ်းဘေးတွင် တည်ထားသော ရခိုင်ပြည် မင်းမင်းပြားမြို့မှာ မိုးရာသီကာလ နှစ်စဉ် ကမ်းပြိုမှုကို ကြုံတွေ့ရပြီး ရာနှင့်ချီသော လူနေအိမ်များ ကမ်းပြိုမှုထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများလာ၍ လေးမြို့မြစ်အတွင်း ရေစီးသန်ပြီး နှစ်စဉ်ကမ်းပြိုလေ့ရှိကြောင်း သိရသည်။ လေးမြို့မြစ် မြစ်ကမ်းဘေးတွင်ရှိသော မြောက်ဦးမြို့နယ်က ကျေးရွာများ၊ မင်းပြားမြို့နယ်က ကျေးရွာများနှင့် မင်းပြားမြို့တို့မှာ ကမ်းပါးပြိုကျမှုကို နှစ်စဉ်ခံနေရခြင်းဖြစ်သည်။ ယခု လာမည့် မိုးရာသီကာလတွင်လည်း ရေစီးပြင်းမှုဒဏ်နှင့် ကမ်းပါးပြိုကျပြီး လူနေအိမ်များ ထပ်မံ ထိခိုက်ပျက်စီးမည်ကို မင်းပြားဒေသခံများက စိုးရိမ်နေကြကြောင်းပြောသည်။ မင်းပြားမြို့ရပ်မိရပ်ဖ တစ်ဦးက “ဒီကမ်းပါးပြိုတာက နှစ်တိုင်းလိုလို ပြိုနေတာပဲ။ မြို့တောင် မကျန်တော့ဘူး။ ဒီနှစ်ပြိုရင် နေအိမ်တွေ၊ ရေကန်တွေရော ကပ်ပါနိုင်တယ်။
အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ
အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။ ၎င်းတို့ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ပြီး အားလုံးကို တိုင်းဌာနချုပ်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ကျူးလွန်ခဲ့သူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော် ကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးထားသူများမှာ ပြည်သူ့
ထွက်ပြေးသွားသည့် တပ်သား ၅ ဦးကို ဖမ်းဆီးပေးရန် ထိုင်းအစိုးရကို စစ်ကောင်စီ တောင်းဆို
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဘက်မှ စစ်ကောင်စီတပ်သား ၅ ဦးသည် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဘုန်တီကျေးရွာလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီက ထွက်ပြေးသွားသည့် စစ်သား ၅ ဦးကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရသည်။ ထိုင်းအာဏာပိုင်းများကလည်း စစ်ကောင်စီ တောင်းဆိုသည့်အတိုင်း ဆောင်ရွက်နိုင်ရန် ထွက်ပြေးလာသည့် တပ်သား ၅ ဦးကို ဖမ်းဆီးရန် ကန်ချနဘူရီခရိုင်တွင် လိုက်လံရှာဖွေနေကြောင်း ဆိုသည်။ ကန်ချနဘူရီခရိုင်က ပြည်သူများကိုလည်း ထိုင်းအာဏာပိုင်များက အသိပေးပြောကြားထားပြီး တပ်သား ၅ ဦးနှင့် ပတ်သက်၍ သတင်းပေးကြရန် ညွန်ကြားထားကြောင်း သိရသည်။ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၅
လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်သို့ သွားရောက်သည့် စစ်တွေဒေသခံ ၃၄ ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီးသွားကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့နယ်သို့ သွားရောက်နိုင်ရန် စစ်တွေမြို့ မိဇံရပ်ကွက် ကိုရီးယားဆိပ်ကမ်းတွင် စက်လှေသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ALP တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသည့် ဒေသခံများက ပြောသည်။ “မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ပွဲစားက စက်လှေသို့ ဆင်းလာဖို့ ခေါ်တယ်။ ကိုရီးယားဆိပ်ကမ်းမှာ စက်လှေက စောင့်နေတယ်။ စက်လှေသို့ ဆင်းဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်