စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့မှာ သုံးပတ်ကျော်အတွင်း အရပ်သား ၁၇ ဦးသေဆုံး
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၁ ရက်နေ့အတွင်း ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ၃ ပတ်အတွင်း စစ်ကောင်စီဗုံးကြောင့် ၂၆ ဦးအထိ ပြင်းဒဏ်ရာများ ရရှိခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရကြောင်း တအောင်းတပ် TNLA က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ၃ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်းရှိ အသက်
စစ်ကောင်စီဖွဲ့စည်းသော သတင်းမီဒီယာကောင်စီကို IPCM ပြင်းထန်စွာကန့်ကွက်
မြန်မာနိုင်ငံအတွက် အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းပေးသော သတင်းမီဒီယာကောင်စီကို လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာဖြစ်မည်ဟု IPCM က သုံးသပ်ထားသည်။ စစ်ကောင်စီ ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီ ဥက္ကဌ သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်
စစ်ကိုင်းတိုင်းက ကုက္ကိုကုန်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီနင်း၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကုက္ကိုကုန်း တိုက်နယ်ဆေးရုံကို မြန်မာစစ်တပ်က ဝင်ရောက် စီးနင်းတပ်စွဲပြီးနောက် ကျေးရွာအနီးကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာ၍ ကျေးရွာ ၅ ရွာထက်မနည်း ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး ကုက္ကိုကုန်းတိုက်နယ်ဆေးရုံသို့ စစ်ကောင်စီ၏ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ရွာထဲနှင့်ဆေးရုံ၌ ၂ ရက်ကြာ တပ်စွဲခဲ့သည်။ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က “စစ်ခွေး စစ်ကြောင်းက ကုက္ကိုလ်ကုန်းရွာထဲမှာ ပဲရှိသေးတယ်။ မနေ့ကကော ဒီနေ့ကော လေယာဉ်နဲ့ ၂ ရက်ဆက် စစ်ခွေးတွေ ဗုံးကြဲတိုက်ခိုက်လို့ အနီးအနားရွာတွေက ထောင်နဲ့ချီတဲ့
ရုရှားကို ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယူကရိန်းတိုက်ခိုက်
ယူကရိန်းသည် US ATACMS ဒုံးကျည်များကို အသုံးပြုပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ရုရှားပစ်မှတ်များကို နောက်ဆုံးပေါ် အနောက်တိုင်းလက်နက်အသစ်ဖြစ်သည့် ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုကို ရုရှားစစ်သတင်းထောက်များက Telegram မှာ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံခဲ့ပြီး အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြုထားကြောင်း သိရသည်။ ရုရှားပိုင်နက်ကို အနောက်နိုင်ငံ လက်နက်များသုံးပြီး တိုက်ခိုက်ခြင်းသည် ပဋိပက္ခကို ပိုကြီးမားလာမည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Kursk ဒေသတွင် ကြီးမားသော ပေါက်ကွဲသံ ၁၄ ခုထက်မနည်းကြားရပြီး အများစုမှာ ဒုံးကျည်ကဲ့သို့ စူးရှသော ဝီစီသံများနှင့်အတူ
အဆိပ်သုံးပြီး လူ ၁၄ ဦး သတ်ခဲ့သည့် ထိုင်းအမျိုးသမီးကို သေဒဏ်ချမှတ်
ထိုင်းနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံး နံပါတ်စဉ်လူသတ်သမားဟု ယူဆရသည့် ထိုင်းအမျိုးသမီးတစ်ဦးကို လူ ၁၄ ဦး သတ်ဖြတ်မှုဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ အသက် ၃၆ နှစ်အရွယ် ဆာရာရတ် ရန်ဆီဝူသာပွန် (Sararat Rangsiwuthaporn) သည် လူသတ်မှုအားလုံးကို ဆိုင်ယာနိုက် (ဓါတုဆေး) အဆိပ်သုံးပြီး ကျူးလွန်ခဲ့ကြောင်း သိရသည်။ ဆာရာရတ် ရန်ဆီဝူသာပွန် သည် အွန်လိုင်း လောင်းကစား စွဲလမ်းသူဖြစ်ပြီး ဓါတုဆေးဖြင့် မသတ်မီ သူမ၏ သားကောင်များထံမှ ဒေါ်လာထောင်ပေါင်းများစွာ လိမ်လည်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။ သူမ၏ သူငယ်ချင်းဖြစ်သူ Siriporn Kanwong ကို အဆိပ်သင့်စေခဲ့သောကြောင့် ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင်
လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည့် မြန်မာစစ်တပ်ကို ဗြိတိန်သံအမတ်ကြီး ရှုတ်ချ
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အလွန်တိုးမြှင့်လာသည့် မြန်မာစစ်တပ်ကို ဗြိတိန်သံအမတ်ကြီး Barbara Woodward က ရှုတ်ချလိုက်သည်။ မြန်မာ့အရေး တံခါပိတ်အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လွန်ခဲ့သော ၃ လအတွင်း မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်သံအမတ်ကြီးက ပြောဆိုခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် ပြည်သူများကို တိုက်ခိုက်ရာတွင် ပေါက်ကွဲမှု ပြင်းထန်သော စစ်ဘက်ဆိုင်ရာ လက်နက်များကို အသုံးပြုလာပြီး မြေမြှပ်မိုင်းနှင့် လက်နက်ကြီးများကိုလည်း
ရခိုင် အမ်းဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို PRA ကြားဖြတ်တိုက်ခိုက်
(စစ်တပ်ဖက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရဟုဆို) မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း
တောင်ကုတ် သင်္ချီကိုင်းရွာ ဗုံးကြဲခံရ၊ ရွာသား ၄ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ ကျေးရွာ သင်္ချီကိုင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၄ ဦးသေဆုံးသွားကြောင်း သိရသည်။ သင်္ချီကိုင်းကျေးရွာမှာ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ဗုံးကြဲခံရ၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။ “သင်္ချီကိုင်းရွာ ဗုံးကြဲခံရလို့ အရပ်သား ၄ ဦးသေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားတာရှိပါတယ်။ သင်္ချီကိုင်းရွာက အရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ ဒုံရွာနဲ့နီးပါတယ်” ဟု ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် သေဆုံးသွားသည့် သင်္ချီကိုင်းရွာသားများမှာ ကိုရင်ဂို၊ မရွှေရည်ဝင်း၊ မဒေစီမြင့်နှင့် မသန်းသန်းအေး တို့ဖြစ်ကြပြီး အသက်အရွယ်မှာ
ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းသူများကို အပြစ်ပေးအရေးယူတော့မည်ဟု AA ထုတ်ပြန်
ရခိုင် (အာရက္ခ) ရေပိုင်နက်အတွင်းသို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာသူ မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားတော့မည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးသည်။ နိုဝင်ဘာလ ၅ ရက်နေ့က မောင်တောဒေသ ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP လက်ထဲသို့ ပြန်လည်လွှဲပြောင်းပြီးနောက် AA က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ အစီး ၆၀ ခန့်မှာ ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းနေစဉ် AA ကမ်းခြေစောင့်
တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိအရပ်သား အများအပြား ထွက်မရောက်ဖြစ်နေ
ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက