ချင်းညီနောင်၊ အညာညီနောင်တို့နှင့် ပူးပေါင်းတိုက်နေသည့် ပုလဲမြို့သိမ်းတိုက်ပွဲ ဗမာတပ် BNRA ဆုတ်ခွာပေးလိုက်ရ
စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ၊ အညာညီနောင်တပ်ဖွဲ့များနှင့်အတူ ပူးတိုက်ခိုက်နေသည့် ဦးဆောင်တပ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပုလဲမြို့ထဲက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။ ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီးနောက် ၄၈ နာရီအကြာတွင် ပုလဲမြို့ပေါ်က စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း BNRA က ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏
နောင်ချိုတိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးသေဆုံး
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအောင်းတပ် TNLA တို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်ရှိသူနှင့် ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၁၁ က ခမရ ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီ လက်နဲခဲယမ်းများအနှင့်အတူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်းဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ
မင်းပြားမှာ လူပေါင်းရာနှင့်ချီ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည် မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနှင့်ချီ ငှက်ဖျားရောဂါ ခံစားနေရပြီး သေဆုံးသူ ၅ ဦးအထိ တိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ငှက်ဖျားရောဂါ ကူးစက်နေသူ ၁၅၀ ကျော်ရှိပြီး ယခု နိုဝင်ဘာလတွင်လည်း ၃ ဒါဇင်ထက်မနည်း တိုးလာကြောင်း ရွာသားများက ပြောပြကြသည်။ ငှက်ဖျားရောဂါ ဝေဒနာခံစားနေကြရသည့် ရာနှင့်ချီသော ဒေသခံများမှာ ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊
AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ညွှန်ကြား
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ပြည်နယ်အား အထူးညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။ အဆိုပါ ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ပြောသည်။ ရခိုင်က အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “အခုက ဘာမှ သယ်ဆောင်ခွင့်တွေ မပေးတော့တာပါ။ စစ်တွေနဲ့ ကျောက်ဖြူက လေကြောင်းလိုင်းတွေ ရှိတယ်။ အဲ့ဒါကလည်း သယ်ဆောင်ခွင့်မပေးတော့ဘူး။ အထူးသဖြင့် ရေကြောင်းက လုံးဝ သယ်ဆောင်ခွင့် မပေးတော့ပါ။ တစ်လောကတောင် ပစ္စည်းတွေ
ရေဦး-တန့်ဆည်ဖက် က ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့
စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းသည် ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဝင်ရောက် မီးရှို့နေခြင်း ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ
ဖားကန့်မှာ KIA, PDF, NUG ထောက်ခံပွဲပြုလုပ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြပြည်သူများက “လူထုနဲ့စတဲ့ တော်လှန်ရေး လုထုဆန္ဒနဲ့အဆုံးသတ်”၊ “လာပါ ငါတို့အတူတူရုန်းမယ် ”၊ “ စစ် အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “ စစ်ခွေးတွေကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။ ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ KBC ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသွားသော အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။
Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်
အမေရိကန် စီးပွားရေးလုပ်ငန်းစု Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်းချိုးဖောက်မှုဖြင့် ဥရောပသမဂ္ဂ EU က အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်ခဲ့ကြောင်း အဲလ်ဂျာဇီးယား သတင်းဌာန ကဖော်ပြသည်။ မက်တာ (Meta)၏ အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှု ပလက်ဖောင်း Facebook Marketplace သည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့မှုကြောင့် ယူရိုငွေ ၇၉၇ဒသမ ၇၂ သန်း (အမေရိကုန် ဒေါ်လာ ၈၄၆သန်း) ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။ Facebook Marketplace သည် လူမှုကွန်ရက် ကိုအသုံးချပြီး ဈေးကွက်ကို မညီမျှမှုဖြစ်မှုအပြင် အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းရောင်းချသူတွေကြား မတရားသဖြင့် ကုန်သွယ်မှုဖြစ်စေမှုကြောင့် ယင်းကဲ့သို့
နှစ်ဖက်သဘောညီမှုများအပေါ် လိုက်နာရန် ချင်းလဲန်းကောင်စီကို ချင်းညီနောင်တိုက်တွန်း
ချင်းညီနောင်တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ချင်းညီနောင်စစ်ဆင်ရေးကို နှောက်ယှက်နေသည်ဟုဆိုကာ ချင်းလဲန်းကောင်စီအနေဖြင့် နှစ်ဖက်သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန် ချင်းညီနောင်တပ်ဖွဲ့က တိုက်တွန်းနေသည်။ ချင်းပြည်စည်းလုံးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက ချင်းလဲန်းကောင်စီအနေဖြင့် နှောက်ယှက်ကျူးလွန်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် ဆက်လက် ကျူးလွန်နေပါက ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း သွေးထွက်သံယိုဖြစ်ကြမည်ဟု သတိပေးထုတ်ပြန်ချက်ကို ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်တွင် CNA/CNF ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့များသည် ချင်းညီနောင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများသို့ ကျူးကျော်လာခြင်း၊ ကင်းထောက်လှမ်းခြင်း၊ ပြည်သူလူထု၏ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်း စသည်တို့ကို လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေက ချင်းညီနောင်အဖွဲ့ဝင် မရာတပ် MDF နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များကြား
ဂွနှင့် တောင်ကုတ်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
(ဂွမြို့နယ် ဂျိုင်ကောက်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဖောက်ခွဲဖျက်ဆီးပြီး ထွက်ပြေး) (ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရှုရန် – ဝင်ကြည့်ရန် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ရခိုင်ပြည် ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။
Like and Share မလုပ်ခင် သတိ
သတင်းမှားတွေ လုပ်ကြံသတင်းတွေက ဆိုရှယ်မီဒီယာမှာ မြန်မြန်ဆန်ဆန်ပဲ ပြန့်နှံ့တတ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ကြီးတဲ့ သတင်းမှားနဲ့ လုပ်ကြံသတင်းအကြောင်းအရာတွေကို ကိုယ်ပါဝင် မျှဝေသူမဖြစ်စေဖို့ Like and Share တွေ မလုပ်ခင်တိုင်းမှာ သေချာ သတိထား စဥ်းစားပါ။