ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ

ဧပြီ ၂၉ - ၂၀၂၅
0

မတ်က ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ တစ်လပြည့်ပြီးဖြစ်ပြီး ငလျင်ကြောင့် လူ ၃၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၅၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် သတင်း ထပ်မံထုတ်ပြန်သည်။ ပြင်းထန်သည့် ငလျင်ကြောင့် ပြည်သူ‌များအခက်အခဲများစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးဒဏ်သင့် မိသားစုများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ဆိုးရွားစွာ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂအဖွဲ့ဝင် IOM မှ ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ပြောသည်။

Continue Reading
ငလျင်သင့် ဒေသများတွင် အခမဲ့ ဖြန့်ဝေသည့် ဘီစကစ်မုန့် ရောင်းချမှု အရေးယူမည်ဟု ကုလ သတိပေး
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် ဒေသများတွင် အခမဲ့ ဖြန့်ဝေသည့် ဘီစကစ်မုန့် ရောင်းချမှု အရေးယူမည်ဟု ကုလ သတိပေး

ဧပြီ ၂၅ - ၂၀၂၅
0

ငလျင်ဘေးသင့် ပြည်သူများအတွက် ဖြန့်ဝေပေးထားသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ အဟာရဖြည့် ဘီစကစ်များကို ရောင်းချနေသည်ကို တွေ့ရှိခဲ့ပါက အရေးယူဆောင်ရွက်သွားမည် ဟု ကုလသမဂ္ဂက ကြေညာသည်။ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုအပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ရာမှာ WFP၏ အဟာရဖြည့် ဘီစကစ်များလည်း ပါဝင်သည်။ နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကစ်များ ရောင်းချနေသည်ဟု ဆိုရှယ်မီဒီယာမှာ ရေးနေကြသည်ကို WFP က သိရှိထားပြီး ထိုရေးသားချက်မှာ သက်သေတစ်စုံတရာ မတွေ့ရဟု ကုလ က ဆိုသည်။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကစ်များ ကို ဧပြီလ ၁ ရက်နေ့က

Continue Reading
မြန်မာနှင့်ထိုင်းတွင် အပျော့စားငလျင် ၁၃ ခု လှုပ်ခတ်ခဲ့
သတင်း သဘာဝဘေး
0 min read
0

မြန်မာနှင့်ထိုင်းတွင် အပျော့စားငလျင် ၁၃ ခု လှုပ်ခတ်ခဲ့

ဧပြီ ၂၂ - ၂၀၂၅
0

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က အင်အား အပျော့စား ငလျင် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၂ နာရီ ၉ မိနစ်တွင် ပြင်းအား ၁ ဒသမ ၅ မှ ၃ ဒသမ ၄ အထိ ငလျင် ၁၃ ခုအထိ လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ယနေ့ နံနက် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနယ်စပ် ထိုင်း တာ့ခရိုင်အနီးမှာ ပြင်းအား ၁ ဒသမ ၈ ရှိ အပျော့စားငလျင် အနက် ၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း

Continue Reading
ဘန်ကောက်ငလျင် ပြိုကျအဆောက်အဦးထဲ ဖုန်းမီးဖြင့်အချက်ပြမှု တွေ့ရှိသည်ဟု ကယ်ဆယ်ရေးသမားများ ပြော
သတင်း သဘာဝဘေး
1 min read
0

ဘန်ကောက်ငလျင် ပြိုကျအဆောက်အဦးထဲ ဖုန်းမီးဖြင့်အချက်ပြမှု တွေ့ရှိသည်ဟု ကယ်ဆယ်ရေးသမားများ ပြော

ဧပြီ ၁၁ - ၂၀၂၅
0

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျသွားပြီးနောက် ကယ်ဆယ်ရေးများ ပြုလုပ်နေရာ အဆောက်အဦးထဲမှ ဖုန်းမီးဖြင့် အချက်ပြမှုများ တွေ့ရှိရသည်ဟု ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောသည်။ အဆောက်အဦးအား ဇုန် (Zone) များ သတ်မှတ်ပြီး ကယ်ဆယ်ရေးပြုလုပ်နေရာ Zone B ဘက်တွင် အဆောက်အဦး မျက်နှာပြင်အောက် ၃ မီတာအကွာတွင် တယ်လီဖုန်းမီးဖြင့် အချက်ပြနေသည်ကို တွေ့ရှိရသည်ဟု ယနေ့ နံနက် ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောဆိုထားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးပြုလုပ်နေသူများမှာ အဆောက်အဦးအား အနီးအောက်ရောင်ခြည်သုံး စကင်နာများဖြင့် ရှာဖွေယ်ကယ်ဆယ်ရေး ပြုလုပ်ရာတွင် ဖုန်းမီးအချက်ပြခြင်း တုန့်ပြန်မှု

Continue Reading
ရခိုင်မှာ နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်
သတင်း သဘာဝဘေး
1 min read
0

ရခိုင်မှာ နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်

ဧပြီ ၁၀ - ၂၀၂၅
0

ရခိုင်ပြည်မှာ နောက် ၁၂ နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၂ နာရီက ထုတ်ပြန်ထားသည်။ ယနေ့ နေ့လယ် ၁ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မြောက်-အရှေ့မြောက်ဘက်သို့ လေဖိအားနည်းရပ်ဝန်းက ရွှေလျားနိုင်သည်ဟု ဆိုသည်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက် ၁၂ နာရီအတွင်း ရခိုင်ပြည် အပါအဝင် တိုင်းနှင့်ပြည်နယ် သီးသီးတွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊

Continue Reading
ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး
စစ်ရေး သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးကာလတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးသေဆုံး

ဧပြီ ၉ - ၂၀၂၅
0

မြန်မာပြည်သူများ ငလျင်ဘေးကျရောက်နေသည့်အချိန် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းဒေသတွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တစ်ပတ်အတွင်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဒေသများနှင့် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့များကို စစ်ကောင်စီက တိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း NUG က ယနေ့ ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀

Continue Reading
ငလျင်သင့်ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်ကြောင်း အိန္ဒိယ ကယ်ဆယ်ရေးသမားပြော
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့်ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်ကြောင်း အိန္ဒိယ ကယ်ဆယ်ရေးသမားပြော

ဧပြီ ၄ - ၂၀၂၅
0

ငလျင်ဘေးဒဏ် ခံစားနေရေသော ပြည်သူများကို မြန်မာစစ်တပ်က ဖိနှိပ်မှုများရှိနေကြောင်း အိန္ဒိယ ကယ်ဆယ်ရေးမားတစ်ဦးက ပြောသည်။ စစ်ကောင်စီက ငလျင်သင့်ပြည်သူများအား လူသားဆန်မှုမရှိဘဲ ဖိနှိပ်မှုများ ပြုလုပ်သည်ဟု မြန်မာနိုင်ငံအတွင်း ငလျင်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့သည့် အိန္ဒိယနိုင်ငံသား ကယ်ဆယ်ရေးသမား Kiran Verma က ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားသည်။ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကို မခံနိုင်၍ ဆက်လက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်တော့သည့်အတွက် အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားပြီဟုလည်း Kiran Verma က ပြောသည်။ “အပျက်အစီးတွေကြားထဲမှာ မြန်မာပြည်သူတွေကို ထားရစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းမှုများစွာနဲ့အတူ အိန္ဒိယကို ပြန်ရမှာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။ ငလျင်ကြောင့်

Continue Reading
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီ စစ်ဆေးမှုများကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်ကြုံ
သတင်း သဘာဝဘေး
1 min read
0

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီ စစ်ဆေးမှုများကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်ကြုံ

ဧပြီ ၃ - ၂၀၂၅
0

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်တားစီး စစ်ဆေးမှုကြောင့် ငလျင်ဘေးသင့် ဒေသများကို အရေးပေါ်ကူညီကယ်ဆယ်ရေး သွားလာသည့်အခါ လမ်းခရီးတွင် အချိန်ကြန့်ကြာမှုများရှိသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “ယနေ့ချိန်ထိ အမြန်လမ်းတွေကို Lockdown သတ်မှတ်ချက်ရှိနေတဲ့အတွက် ည ၁၂ နာရီမှ မနက် ၄ နာရီ အမြန်လမ်းပေါ် သွားခွင့်မပေးသေးပေ။ စစ်ကောင်စီက ငလျင်ဘေးသင့် ဒေသတွေကို ကူညီကယ်ဆယ်ရေးအတွက် ယခုလိုချိန်မှာ အချိန်ပြည့် ဖြတ်သန်းခွင့် ပေးသင့်ပါတယ်” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ

Continue Reading
ငလျင်ကြောင့် ပျက်စီးသွားသည့် မန္တလေးမြို့ အပျက်အစီးများ မြင်ကွင်း
သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် ပျက်စီးသွားသည့် မန္တလေးမြို့ အပျက်အစီးများ မြင်ကွင်း

မတ် ၃၁ - ၂၀၂၅
0

ငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး အဆောက်အဦး မြောက်များစွာ ပျက်စီးခဲ့ရသည့် မန္တလေးမြို့တွင် လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူများနှင့် ပိတ်မိနေသူများကို ကယ်ထုတ်နေရဆဲ ဖြစ်သည်။ မန္တလေး Sky Villa ကွန်ဒို ပြိုကျမှုမှ ပိတ်မိသူများကို ရှာဖွေခြင်း ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးအလောင်းများကိုလည်း ဆွဲထုတ်ယူနေရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။ ကယ်ဆယ်ရေးဆောင်ရွက်နေသော အဖွဲ့တချို့ကမူ မန္တလေးတွင် အလောင်းများကို နေ့စဉ် ၂၀၀ နှင့် ၃၀၀ အကြား သယ်ထုတ်နေရပြီး သေဆုံးသူအရေအတွက်မှာ စာရင်းအတိအကျ ရရန် ခက်ခဲကြောင်း ပြောဆိုသည်။ ထို့အပြင် စစ်ကိုင်းတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ကလည်း စစ်ကိုင်းမြို့အတိုင်း အတာဖြင့် သေဆုံးသူ ၁၆၀ ကျော်ရှိပြီး အရေအတွက်မှာ

Continue Reading
စစ်ကိုင်းက ယဉ်ကျေးလိမ္မာကျောင်းမှာ ကလေးများ ရာနှင့်ချီပိတ်မိနေ
သတင်း သဘာဝဘေး
0 min read
0

စစ်ကိုင်းက ယဉ်ကျေးလိမ္မာကျောင်းမှာ ကလေးများ ရာနှင့်ချီပိတ်မိနေ

မတ် ၃၁ - ၂၀၂၅
0

(ကူညီကယ်ဆယ်ရေး လုပ်မည့်သူမရှိ၍ ကလေးငယ်များအား ယခုအချိန်အထိ မရှာဖွေနိုင်သေး) စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ခြေတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ထားသော လေးကျွန်းမြေအုတ်ကျောင်း ငလျင်ကြောင့် ပြိုကျသွား၍ ကိုရင်များနှင့် ကလေးငယ်များ ရာနှင့်ချီ ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။ လေးကျွန်းမြေအုတ်ကျောင်းမှာ ၃ ထပ်ဆောင်ဖြစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်မည့်သူမရှိ၍ ကလေးငယ်များအား ယခုအချိန်အထိ ရှာဖွေကယ်ဆယ်မှုများ မလုပ်ရသေးဟု စစ်ကိုင်းမြို့ခံများက ပြောသည်။ ကိုရင်ငယ်များနှင့် ကလေးငယ်များ ရာနှင့်ချီ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေချိန် ငလျင်ကြောင့် ကျောင်းပြိုကျသွားခြင်းဖြစ်ပြီး ကလေးငယ် ၆ ဦးမှာ ငလျင်လှုပ်ခတ်ချိန် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည်။ ကျန် ရာနှင့်ချီသော ကလေးငယ်များမှာ ဆက်လက် ပိတ်မိနေကြဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ အမြန်ဆုံးပြုလုပ်ရန်

Continue Reading