ကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
65

ကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

September 17, 2024
0

ရခိုင်ပြည် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ ဆန္ဒားကျေးရွာတွင် စစ်ရှောင်များ ခိုလှုံနေသော စာသင်ကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကျိန္တလီမြို့ခံ စစ်ရှောင်များခိုလှုံနေသော ဆန္ဒားကျေးရွာက စာသင်ကျောင်းကို ကျိန္တလီနှင့် ဂွမြို့ကြားရှိ ရတနာမြိုင် (ကုလားပြင်) ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒားရွာနှင့်နီးစပ်သူတစ်ဦးက ” အမျိုးသမီးတစ်ဦး နေရာ၌ သေဆုံးသွားတယ်လို့ ပြောတယ်။ နောက် ၃ ဦးလည်း ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဆိုတယ်။ ဖုန်းလိုင်းက မကောင်းတော့

Continue Reading
သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ
စစ်ရေး သတင်း
1 min read
128

သံတွဲမှာ AA ကယ်လာသည့် အရပ်သားကားယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံရ

August 30, 2024
0

(အရပ်သား ၃၀ ကျော်သေဆုံးပြီး AA တပ်သားအချို့လည်းသေဆုံးဟုဆို) ရခိုင်ပြည် သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို ကယ်ထုတ်လာသည့် ယာဉ်တန်း ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် မောင်ရွှေလေးရေတပ်အနီးက မော်ရုံကျေးရွာနှင့် ကျောက်ကလပ်ကျေးရွာက အရပ်သားများကို ကား ၃ စီးဖြင့် ကယ်ထုတ်လာစဉ် လမ်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖြစ်စဉ်သိသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ” မော်ရုံနဲ့ ကျောက်ကလပ်က ရွာသားတွေ တိုက်ပွဲအတွင်းမှာ ထွက်မရောက်နိုင်လို့ AA တပ်ဖွဲ့ဝင်တွေက ကား ၃ စီးနဲ့ သွားကယ်ထုတ်လာတာ။ လမ်းမှာ ဗုံးကြဲခံရတယ်။

Continue Reading
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
50

ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ

August 12, 2024
0

(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့

Continue Reading
ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
257

ဂွမြို့နဲ့ ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ

July 28, 2024
0

Continue Reading
တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့
စစ်ရေး သတင်း
1 min read
148

တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့

July 26, 2024
0

(ရခိုင်တောင်ပိုင်းတွင် အမည်မသိ အရပ်သားအလောင်းတွေ့သည်မှာ ၁၄ လောင်းရှိလာပြီ) ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ အလောင်းများမှာ အားလုံး အမျိုးသားများဖြစ်ကြပြီး ခြေထောက်ကို ချည်နှောင်ထားသော သံကြိုးကို သော့ခတ်ထားကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။ ” မနေ့က တွေ့တာပါ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အခု ရွာသားတွေ ဆယ်ယူပြီး သင်္ဂြိုလ်ပေးလိုက်ပါပြီ။ ခြေထောက်တွေမှာ သံကြိုးချည်ခံထားရတယ်။ သော့ပါ ခတ်ထားသေးတာ။ မျက်လုံးကို ပိတ်စဖြင့် အပိတ်ခံထားရတယ်။ လက်လည်း နောက်ပြန်ကြိုး

Continue Reading
စစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်
ဓါတ်ပုံသတင်း သတင်း
1 min read
231

စစ်ရေးပြင်းထန်နေသော သံတွဲမြို့မှာ ရေကြီးနေ၊ အံတော်က နေအိမ်များ ရေနစ်မြှုပ်

July 25, 2024
0

ရခိုင်ပြည် သံတွဲမြို့ အံတော်မှာ ရေကြီးနေပြီး နေအိမ်များ ရေလွှမ်းမိုးသွားပြီဟု ဒေသခံများထံမှ သိရသည်။ သံတွဲမြို့သည် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသော မြို့ဖြစ်ပြီး လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်လာ၍ ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကုတ်မြို့ဘက်ဝင်ပေါက် သံတွဲမြို့သစ်ဘက်ခြမ်းရှိ အံတော်ရွာ၊ တောင်ကုတ်ကားဂိတ်သို့ ချောင်းရေဝင်ရောက်ပြီး နေအိမ်များ ရေနစ်မြှုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ချောင်းရေမြင့်တက်လာပြီး ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် စတင်နစ်မြှုပ်နေခြင်းဖြစ်သည်။ သံတွဲက ဒေသခံပြည်သူများမှာ စစ်ရေးနှင့်အတူ ရေကြီးမှုဒဏ်ကိုပါ တပြိုင်တည်းခံစားနေရကြောင်း သိရသည်။

Continue Reading
သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
261

သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်

July 23, 2024
0

ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။ သံတွဲ စစ်ရေးသိသူတစ်ဦးက ” ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ ” ဟု ပြောသည်။ စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ

Continue Reading
ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
စစ်ရေး စီးပွားရေး သတင်း
1 min read
170

ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ

July 22, 2024
0

(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ

Continue Reading
ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်
စီးပွားရေး သတင်း
1 min read
139

ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

July 21, 2024
0

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ငါးဖမ်းစက်လှေများကို ပင်လယ်ထဲဆင်းခွင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လယ်ထဲ ငါးရှာထွက်လျှင် တွေ့ပါက စစ်ကောင်စီ ဂိတ်များနှင့် ပင်လယ်ထဲရှိ စစ်သင်္ဘောများက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပိတ်ပင်ထားကြောင်း အမည်မဖော်လိုသည့် ကျိန္တလီဒေသတစ်ဦးက ပြောသည်။ ” မနေ့ကစပြီး ပင်လယ်ထဲ ငါးရှာခွင့် ပိတ်ပင်လိုက်တာပါ။ ငါးဖမ်းစက်လှေတွေ ဘယ်စက်လှေမှ မထွက်ရဆိုပြီး စာထုတ်ပိတ်ပင်ထားသလို မြို့ကိုလှည့်ပတ် လော်စပီကာနဲ့ အော်ပြီးတော့ လည်း ပြောထားပါတယ်။ အဲလိုပိတ်လိုက်တော့ စားဝတ်နေရေး ထိခိုက်လာကြမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ကျိန္တလီမြို့၏ အဓိက လုပ်ငန်းတစ်ခုမှာ

Continue Reading
စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး
စစ်ရေး သတင်း
1 min read
93

စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး

July 21, 2024
1

မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးသွားပြီး ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရသူ ၁၀၆ ဦးရှိကြောင်း သိရသည်။ စာသင်ကျောင်းများ ထိခိုက်ပျက်စီးသွားစေရန် စစ်ကောင်စီက တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Centre for Information Resilience (CIR) ၏ Myanmar Witness က ထုတ်ပြန်ထားသည်။ Myanmar Witness က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကို စာရင်းပြုစုထားခြင်းဖြစ်သည်။

Continue Reading