မြန်မာနိုင်ငံ အပါ နိုင်ငံ လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများနှင့် ကလေးသူငယ်များကို ထိုင်းအစိုးရမှ မှတ်ပုံတင်ခွင့်ပြု
ရက်ပေါင်း ၁၂၀ စီမံချက်တွင် မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂သိန်းခန့် ဖမ်းဆီးခံခဲ့ရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများအား ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဟု ထိုင်းအစိုးရ ကြေညာကြောင်း ထိုင်း The Nation သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ၏ တောင်းဆိုချက်အရ ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီထားသည့် အချက်သုံးချက် ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရက အဓိက အချက်သုံးချက်ကို
မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး
မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။ ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ”
မလေးရှားတွင် မြန်မာဆိုင်များကို အာဏာပိုင်များ ဝင်ရောက်စီးနင်းစဉ် မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်ဆီးခံရ၊ ထွက်ပြေးစဉ် ရထားတိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး
မလေးရှားနိုင်ံငံတွင် မြန်မာနိုင်ငံသားများ နေထိုင်ရာနေရာများနှင့် မြန်မာဆိုင်များကို ဝင်ရောက်စီးနင်းရာတွင် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဖမ်ဆီးရာတွင် ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံက ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ဆလန်ဂေါပြည်နယ် ရှားလန်းစသည့်နေရာများကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာ အလုပ်သမားများကို ကူညီဆောင်ရွက်နေသူတစ်ဦးက Western News ကို ပြောသည်။ “အခုတစ်လော နေရာတော်တော်များများကို ဖမ်ဆီးတယ်ဗျ။ ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ရှားလန်းစတဲ့ မြန်မာတွေ နေထိုင်တဲ့ နေရာတွေ၊ ပြီးတော့ မြန်မာဆိုင်တွေ၊ စက်ရုံတွေ ဝင်ရောက်စီးနင်းတယ်။ ဒီတစ်ပတ်အတွင်းမှာ ဆိုရင် မြန်မာ ၂၀၀
PV ကိုင်ဆောင်ပြီး ပြည်ပထွက်ခွာမည့် သူများကို စစ်ကောင်စီ ထပ်မံတင်းကျပ်
အလည်နိုင်ငံကူးလက်မှတ် PV ပါ့စ်ပို့ကို ကိုင်ဆောင်ပြီး ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကြမည့်သူများကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လက PV ကိုင်ဆောင်သူများကို ပိတ်ပင်ခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ကစ၍ ထပ်မံ ပိတ်ပင်ကာ ရန်ကုန်လေဆိပ်ကနေ ပြန်လည် လှည့်ပြန်ခိုင်းနေခြင်းဖြစ်သည်။ ယမန်နေ့က ထိုင်းနိုင်ငံသို့ ထွက်ခွာကြမည့် ရာနှင့်ချီသော PV ကိုင်ဆောင်သူများမှာ ၅၀ ဦးထက်မနည်း ပြန်လည် စေလွှတ်ခံရပြီး သတ်မှတ်ချက် စည်းကမ်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ စစ်ကောင်စီ တားဆီးပိတ်ပင်ခဲ့သည်။ ” လေယာဉ်လက်မှတ် ကောင်တာကို ဖြတ်လို့ အပေါ်မှာ လဝက ကိုဖြတ်တဲ့အခါမှာ စစ်ဆေးမေးမြန်းတာ စတာပါပဲ။
နွမ်းပါး ထိုင်းလူမျိုးများသာ လမ်းဘေးဈေးရောင်းရမည်ဟု ဘန်ကောက်မြို့တော်ဝန်ပြော
ဘန်ကောက်မြို့တော် လမ်းဘေးများတွင် ဆင်းရဲနွမ်းပါးသော ထိုင်းလူမျိုးများသာ ဈေးရောင်းချခွင့်ပြုမည်ဟု ဘန်ကောက်မြို့တော်ဝန် ထုတ်ပြန်သည့်အကြောင်း ဘန်ကောက်ပို့စ်က ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် ဖော်ပြသည်။ စည်းမျဉ်းအသစ်များအရ ရွှေ့ပြောင်းအလုပ်သမားများ လမ်းဘေးဈေးရောင်းချ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပြီး လူသွားလမ်းများပေါ်တွင် ကျူးကျော်ဝင်ရောက်ခြင်းကို ကန့်သတ်ထားသည်။ မြို့တော်စည်ပင်၏ စည်းမျဉ်းအသစ်အရ “ဆင်းရဲသော ထိုင်းလူမျိုးများ” ကို ဘန်ကောက်တွင် လမ်းဘေးဈေးသည်များအဖြစ် ခွင့်ပြုမည်ဖြစ်ပြီး အခြားလိုအပ်ချက်များစွာရှိသည့်အနက် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt သည် စည်းမျဉ်းသစ်များကို ဖော်ပြသည့် သတိပေးချက်ကို လက်မှတ်ရေးထိုးပြီး တော်ဝင်ဂေဇက်မှ ထုတ်ပြန်သည့်အခါ အသက်ဝင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး၏ ပြောရေးဆိုခွင့်ရှိသူ Aekvarunyoo Amrapala က ပြောသည်။
ထိုင်းမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ အလုပ်လက်မဲ့ဖြစ်နေ
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို ဝန်ဆောင်ခယူပြီး စေလွှတ်ခဲ့သော်လည်း ထိုင်းနိုင်ငံရောက်ရှိချိန် အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေကြောင်း အလုပ်သမားများက ပြောသည်။ ဩဂုတ်လ ၂၉ ရက်နေ့ ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို MOU စနစ်ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ အလုပ်သမားတစ်ဦးလျှင် အေဂျင်စီ ဝန်ဆောင်ခ ငွေကျပ် သိန်း ၄၀၊ လေယာဉ်လက်မှတ်ဖိုး ၁၀ သိန်းခွဲ၊ အသက် အာမခံကြေး ၄ သောင်းကျပ်၊ သွေးစစ်ခ ၂ သောင်းခွဲကျပ် စုစုပေါင်း အလုပ်သမားတစ်ဦးလျှင် ၅၁ သိန်း ၁
ပြည်ပရောက်အလုပ်သမားများထံမှ စစ်ကောင်စီက ငွေညှစ်နေ
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာထဲက အာဏာသိမ်း စစ်ကောင်စီက ငွေညှစ်နေကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်လစာ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲပြောင်းပေးရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်များ မကြာခဏ ထုတ်ပြန်ကာ တင်းကျပ်စွာ သတိပေးနေသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် သို့မဟုတ် ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးရမည်ဟု ဆိုသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်ငွေလွှဲခြင်းမပြုပါက ပါ့စ်ပို့သက်တမ်း မတိုးပေးခြင်း၊ အလုပ်သမားကတ်မထုတ်ပေးခြင်းနှင့် ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် အချိန်ကာလ ပိတ်ပင်မည်ဟု
မြန်မာအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတုလုပ်ပေးသူ ၁၃ ဦးအား မလေးရှားဖမ်းဆီး
မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတု လုပ်ပေးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် မလေးရှားနိုင်ငံသား ၁ စုစုပေါင်း ၁၃ ဦးပါ မှောင်ခိုအဖွဲ့ကို မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ မှောင်ခိုအဖွဲ့များနှင့် မှောင်ခိုလုပ်သူများအား ဖမ်းဆီးရန် နှစ်ပတ်ကြာ အထူးစစ်ဆင်ရေးပြုလုပ်ပြီးနောက် ပါ့စ်ပို့အတုလုပ်ပေးသည့်အဖွဲ့ကို ဩဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကွာလာလမ်ပူမြို့ အနည်းဆုံး ၄ နေရာဖြစ်သည့် ဘန်ဒါမန်ဂျာရာ၊ ဂျာလန်မီဒန်တွမ်ကူ၊ ဂျာလန်တိုင်နမ်နှင့် ဂျာလန်ချရက်စ်တို့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၃