ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော
သတင်း
1 min read
73

ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော

ဩဂုတ် ၁၄ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။ ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း ဥက္ကဌက ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ စတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း

Continue Reading
စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်
စစ်ရေး သတင်း
1 min read
97

စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်

ဩဂုတ် ၁၂ - ၂၀၂၄
0

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။ သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။ ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ

Continue Reading
အာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ
စစ်ရေး နိုင်ငံရေး သတင်း
1 min read
85

အာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ

ဩဂုတ် ၁၂ - ၂၀၂၄
0

၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေး အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာမှာ အဓိက အလေးထား ပြောဆိုထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားရမည်နှင့် အာဆီယံအဖွဲ့သည် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံမှာ ဒေသတွင်းလုံခြုံရေး တည်ဆောက်ရာတွင် အာဆီယံ၏ အရေးပါသည့် အခန်းကဏ္ဍကို ခိုင်မာစေရန်နှင့် အာဆီယံ၏အချက်အချာကျမှု၊ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံးအတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဟု အာဆီယံနိုင်ငံများကို

Continue Reading
BPLA ၏ အပတ်စဥ် ၇ အခြေခံစစ်သင်တန်း ဆင်းပွဲ
စစ်ရေး ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
83

BPLA ၏ အပတ်စဥ် ၇ အခြေခံစစ်သင်တန်း ဆင်းပွဲ

ဩဂုတ် ၇ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အပတ်စဉ် ၇ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ ဩဂုတ်လ ၅ ရက်တွင် အမှတ် ၁၀၇ စစ်ဒေသ၌ ပြုလုပ်ခဲ့ကြောင်း BPLA က ယနေ့ ထုတ်ပြန်သည်။ အဆိုပါ သင်တန်းသားများကို BPLA ၏ စစ်ဦးစီးရုံး၊ လေ့ကျင့်ရေးတပ်ဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

Continue Reading
အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော
နိုင်ငံရေး သတင်း
1 min read
86

အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော

ဩဂုတ် ၂ - ၂၀၂၄
0

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်ခြင်းမှာ မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။ ” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင်

Continue Reading
မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို
စစ်ရေး သတင်း
1 min read
126

မွတ်ဆလင်များအား အတင်းအကျပ် စစ်မှုထမ်းခြင်းမှ ရပ်တန့်ရေး Fortify Rights တောင်းဆို

ဇူလိုင် ၂၉ - ၂၀၂၄
0

ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်းလှုပ်ရှားမှုကို ရပ်တန့်ရမည်ဟု Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကိုလည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်က္ခသည်များကို အတင်းအကြပ်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်းအကျပ်စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။ Fortify Rights မှ Human Rights

Continue Reading
စစ်ကောင်စီမှာ ရမခ (လားရှိုး) နှစ်ပတ်လည်နေ့ ပျက်သုန်း
စစ်ရေး သတင်း
1 min read
174

စစ်ကောင်စီမှာ ရမခ (လားရှိုး) နှစ်ပတ်လည်နေ့ ပျက်သုန်း

ဇူလိုင် ၂၇ - ၂၀၂၄
1

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပျက်သုန်းသွားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်နေ့ဖြစ်ပြီး ရမခ သည် မြန်မာစစ်တပ်သမိုင်းတွင် အစဉ်အလာကြီးမားသော စစ်တိုင်းဖြစ်ကြောင်း သိရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များ၏ ကျူးကျော်စစ်များကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်းနှင့် စစ်ဘုရင်၊ ဘိန်းဘုရင်များကို ရှင်းလင်းနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။ သို့သော်လည်း မြန်မာစစ်တပ်အတွက် အစဉ်အလာကြီးမားပြီး ဂုဏ်ယူခဲ့ရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က ဇူလိုင်လ

Continue Reading
ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
စစ်ရေး စီးပွားရေး သတင်း
1 min read
184

ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ

ဇူလိုင် ၂၂ - ၂၀၂၄
0

(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ

Continue Reading
အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို
နိုင်ငံရေး သတင်း
1 min read
123

အာဆီယံအစည်းအဝေး အားလုံးက စစ်ကောင်စီကို ဖယ်ထုတ်ရေး အရပ်ဘက် ၃၃၃ ဖွဲ့တောင်းဆို

ဇူလိုင် ၂၁ - ၂၀၂၄
1

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၁ မှ ၂၇ ရက်အတွင်း အစည်းအဝေးကျင်းပကြမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာစစ်ကောင်စီကို အစည်းအဝေးများအားလုံးက ဖယ်ထုတ်ပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်သည်။ မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် အရပ်ဘက်အဖွဲ့ ၃၃၃ ဖွဲ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ယနေ့ ဇူလိုင် ၂၀ တွင် တောင်းဆိုလိုက်ကြသည်။ စစ်ကောင်စီကို အာဆီယံက ဖယ်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တက်ရောက်ခွင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေ့စဉ် ပြည်သူလူထုအား သတ်ဖြတ်နေသော တရားမဝင် စစ်ကောင်စီအား အစည်းအဝေးများသို့ ဖိတ်ကြားမည်ကို စိုးရိမ်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ အာဆီယံက စစ်ကောင်စီအား

Continue Reading
ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်
စီးပွားရေး သတင်း
1 min read
148

ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ဇူလိုင် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ငါးဖမ်းစက်လှေများကို ပင်လယ်ထဲဆင်းခွင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လယ်ထဲ ငါးရှာထွက်လျှင် တွေ့ပါက စစ်ကောင်စီ ဂိတ်များနှင့် ပင်လယ်ထဲရှိ စစ်သင်္ဘောများက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပိတ်ပင်ထားကြောင်း အမည်မဖော်လိုသည့် ကျိန္တလီဒေသတစ်ဦးက ပြောသည်။ ” မနေ့ကစပြီး ပင်လယ်ထဲ ငါးရှာခွင့် ပိတ်ပင်လိုက်တာပါ။ ငါးဖမ်းစက်လှေတွေ ဘယ်စက်လှေမှ မထွက်ရဆိုပြီး စာထုတ်ပိတ်ပင်ထားသလို မြို့ကိုလှည့်ပတ် လော်စပီကာနဲ့ အော်ပြီးတော့ လည်း ပြောထားပါတယ်။ အဲလိုပိတ်လိုက်တော့ စားဝတ်နေရေး ထိခိုက်လာကြမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ကျိန္တလီမြို့၏ အဓိက လုပ်ငန်းတစ်ခုမှာ

Continue Reading