စစ်ကောင်စီတပ်သားများ ထွက်ခွာသွား၍ ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များ ထိန်းချုပ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီတပ်သားများ ထွက်ခွာသွား၍ ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များ ထိန်းချုပ်

ဒီဇင်ဘာ ၂၃ - ၂၀၂၄
0

ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၁ ရက် ညက ထွက်ပြေးသွား၍ ချင်းညီနောင်တပ်ဖွဲ့များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ မြို့အား ထိန်းချုပ်သိမ်းပိုက်ထားကြောင်း သိရသည်။ ကန်ပက်လက်မြို့ကို ဝင်သိမ်းရန် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားကြောင်းနှင့် ၎င်းတို့ကို လိုက်လံရှာဖွေရှင်းလင်းနေကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောဆိုထားသည်။ ကန်ပက်လက်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖမ်းထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောသည်။ “၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ

Continue Reading
AA အကူအညီဖြင့် ချင်းညီနောင်အဖွဲ့ မင်းတပ်မြို့ကို သိမ်း
စစ်ရေး သတင်း
1 min read
0

AA အကူအညီဖြင့် ချင်းညီနောင်အဖွဲ့ မင်းတပ်မြို့ကို သိမ်း

ဒီဇင်ဘာ ၂၃ - ၂၀၂၄
0

(ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ပြော) အာရက္ခတပ်တော် AA ၏ စစ်ရေးအကြံဉာဏ်များနှင့် ထောက်ပံ့ပေးသော စစ်လက်နက်ခဲယမ်း ပစ္စည်းများကြောင့် ချင်းညီနောင်အဖွဲ့သည် မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ချင်းညီနောင်စစ်ဆင်ရေး CB အဖြစ် ဖော်ဆောင်လျှက်ရှိသော ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများအနက် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်မြင်သွားပြီဟု ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။ ချင်းညီနောင်အဖွဲ့သည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်အဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ “မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင်

Continue Reading