ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP စစ်တွေကနေ ဆုတ်ခွာတော့မည်ဟု သတင်းများထွက်ပေါ်
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရခိုင်ပြည် စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု ဒုက္ခသည်များကြားတွင် သတင်းထွက်ပေါ်နေကြောင်း သိရသည်။ ဘေးဒုက္ခကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP သည် ဒုက္ခသည်များအား ရိက္ခာ နှစ်လစာပေးအပ်ပြီး စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု စစ်တွေက စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးနေသူများက ပြောဆိုကြသည်။ “မနေ့က နေ့လယ်ပိုင်းမှာ WFP က ဝန်ထမ်းတွေလာပြီးတော့ ဒုက္ခသည်တွေကို လာပြောပါတယ်။ WFP အဖွဲ့ဟာ စစ်တွေကနေ သွားတော့မယ်။ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ၂ လစာလောက် ထောက်ပံ့ပေးပြီးတော့ ဆုတ်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဝန်ထမ်းတချို့တောင် အလုပ်က ထွက်ရတော့မယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်ဆိုတာမျိုးကိုတော့ အသေးစိတ် မပြောခဲ့ဘူး။