ကရင်နီ ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးမှု KNDF စစ်ဆေးမည်
မိုးလေဝါသ သတင်း
1 min read
32

ကရင်နီ ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးမှု KNDF စစ်ဆေးမည်

September 13, 2024
0

ကရင်နီဒေသ (ကယား) မှာ ရေကြီးရေလျှံမှုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆေးတပ်သား ၁၈ ဦး ရေနစ်သေဆုံးသွား၍ ဖြစ်စဉ်အား ပြန်လည်စစ်ဆေးသွားမည်ဟု ယနေ့ စက်တင်ဘလ ၁၃ ရက်တွင် KNDF က ထုတ်ပြန်သည်။ KNDF ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း မစ်ရှင်လေ့ကျင့်နေစဉ် ချောင်းတစ်ခုကို ဖြတ်ကျော်ကြိုးစားအားထုတ်ရာ မတော်တဆဖြစ်ပွား၍ ဆေးတပ်သား ၁၈ ဦး စက်တင်ဘာလ ၁၁ ရက်နေ့က ရေထဲမျောပါ သေဆုံးသွားသည်ဟု သိရသည်။ ဆေးသင်တန်းသည် KNDF နှင့် တပ်ပေါင်းစုံတို့၏ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်

Continue Reading
ကယားကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော
သတင်း
1 min read
21

ကယားကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော

September 5, 2024
0

တော်လှန်ရေးတပ်ဖွဲ့များဖြင့် စစ်ရေးပြင်းထန်နေသော ကရင်နီဒေသ (ကယား) ကို ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များဖြင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော မြို့နှင့် စခန်းများအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ကာ ပုံမှန်အခြေအနေသို့ ရောက်အောင် သွားမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားခြင်းဖြစ်သည်။ ၂၀၂၄ သန်းခေါင်စာရင်းကိုလည်း ကယားပြည်နယ်အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်

Continue Reading
တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်
နိုင်ငံရေး သတင်း
1 min read
33

တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်

September 4, 2024
0

ကရင်နီပြည် (ကယား) မှာ ပြည်သူလူထု လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် တစ်စောင်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ ကရင်နီပြည်အတွက် တရားဥပဒေစိုးမိုးရေးစီမံချက် တစ်ရပ်ကို ချမှတ်ထားကြောင်း IEC က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် IEC က သတိပေးထားသည်။ IEC ၏ အထူးတားမြစ်ချက်မှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်း၊

Continue Reading