ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်
စစ်ရေး သတင်း
0 min read
99

ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်

September 17, 2024
0

ကရင်နီပြည် (ကယား) ဖယ်ခံမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူများ စစ်ရှောင်နေသော ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် စစ်ရှောင်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ စစ်ရှောင်အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွဲခြင်းဖြစ်ပြီး ထိုဗုံးကြဲတိုက်ခိုက်မှုကိုလည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ စုစုပေါင်း ၃၁၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ထားကြသည်။ ၃၁၆ ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီသည် လူသားမျိုးနွယ်များနှင့် တိုင်းရင်းသားပြည်သူများအပေါ် နေ့စဉ် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု

Continue Reading
လွိုင်ကော်မြို့မှာ ရေကြီးနေ အကူအညီများ လိုအပ်
မိုးလေဝါသ သတင်း
1 min read
52

လွိုင်ကော်မြို့မှာ ရေကြီးနေ အကူအညီများ လိုအပ်

September 16, 2024
0

ကရင်နီပြည်နယ် (ကယား) လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ပြည်သူများ အကူအညီလိုအပ်နေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ လွိုင်ကော်မြို့၊ ရပ်ကွက်များတွင် ရေများတက်လာပြီး နေအိမ်များ နစ်မြုပ်နေကြောင်း၊ ရှမ်းပိုင်း မြို့လယ်အထိ ရေများ ရောက်နေပြီး ခါးလယ်အထိ ရေများ တက်လာနေကြောင်း၊ အဓိက အားဖြင့် ဘီလူးချောင်းမှ ရေများ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်များတွင် ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။ “လွိုင်ကော်မြို့၊ နမ့်ကွတ်၊မင်းစု၊ဒေါနိုးကူး၊ရှမ်းပိုင်း၊ရွှေတောင်မှာ အိမ်တော်တော်များများရေမြုပ်ပါတယ်။ နမ်ကွတ်က ရေတက်တာအဆိုးဆုံးပါပဲ။ ဒီနေ့မနက်ထိကိုရေကတက်နေတုန်းပါ။ ရှမ်းပိုင်းမြို့လယ်မှာ ရေက ခါးလယ်လောက်အထိ ရောက်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် ရေဘေးသင့် ပြည်သူများအတွက် အကူအညီများနှင့်

Continue Reading
တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်
နိုင်ငံရေး သတင်း
1 min read
33

တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်

September 4, 2024
0

ကရင်နီပြည် (ကယား) မှာ ပြည်သူလူထု လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် တစ်စောင်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ ကရင်နီပြည်အတွက် တရားဥပဒေစိုးမိုးရေးစီမံချက် တစ်ရပ်ကို ချမှတ်ထားကြောင်း IEC က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် IEC က သတိပေးထားသည်။ IEC ၏ အထူးတားမြစ်ချက်မှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်း၊

Continue Reading