လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော
စစ်ရေး သတင်း
1 min read
0

လက်ရှိ အောင်မြင်မှုသည် အစမ်းသာခံကာလဟု AA နှင့် TNLA ပြော

မတ် ၁၁ - ၂၀၂၅
1

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော နယ်မြေများနှင့် စစ်ရေးအောင်မြင်မှုများသည် အစမ်းသပ်ခံ ကာလဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် တအောင်းတပ် TNLA တို့က ပြောသည်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ပြောဆိုထားခြင်းဖြစ်သည်။ “လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။

Continue Reading
ကိုးကန့်နှင့် စစ်ကောင်စီ တရားဝင် အပစ်ရပ်ပြီဟု တရုတ်ပြော
ငြိမ်းချမ်းရေး သတင်း
1 min read
0

ကိုးကန့်နှင့် စစ်ကောင်စီ တရားဝင် အပစ်ရပ်ပြီဟု တရုတ်ပြော

ဇန်နဝါရီ ၂၀ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘာတူညီချက် စာချုပ်ကို တရားဝင်လက်မှတ်ထိုးလိုက်ပြီဟု တရုတ်အစိုးရက ထုတ်ပြန်သည်။ လားရှိုးမြို့အပါအဝင် ကိုးကန့်ဒေသအတွင်း MNDAA နှင့် စစ်ကောင်စီတို့ကြား ဇန်နဝါရီလ ၁၈ ရက်နေ့ကစ၍ အပစ်ရပ်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ တရားဝင်လက်မှတ်ရေထိုးကြပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတွင် တိုက်ပွဲများရပ်တန့်သွားပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Naing က ပြောသည်။ “မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေတွေကို အေးချမ်းစေတာက မြန်မာနိုင်ငံမှာရှိတဲ့ အားလုံးအတွက်၊ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက်ဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊

Continue Reading