ပေါက်တော မွတ်ဆလင်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။ အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊
ပေါက်တော မွတ်ဆလင်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။ အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊
ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ ကလေးငယ်များ သေဆုံးမှုရှိနေပြီး အရေးပေါ်ကုသရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။
ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ
ရခိုင်မြောက်ပိုင်း အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း စာရင်းပြုစုထားသူများထံမှ သိရသည်။ ကူးစက်ခံရသူအများစုမှာ စစ်ရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားရာကနေ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊
ပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ
ရခိုင်ပြည် ပေါက်တောမြို့နယ်တွင်ရှိသော မွတ်ဆလင်များနေထိုင်ကြသည့် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများမရှိခြင်းနှင့် စားနပ်ရိက္ခာများ ပြတ်လပ်သွား၍ ဒုက္ခသည် ၃ ပုံ ၂ ပုံက အငတ်ဘေးကို ရင်ဆိုင်နေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်း ၅ ခုမှာ ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရွဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့ဖြစ်ပြီး မွတ်ဆလင်ဒုက္ခသည် အရေအတွက် ၃၀,၀၀၀ (သုံးသောင်း) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် အသက် ၅၀ ကျော်အရွယ် စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ ” ၂၀၂၃ နိုဝင်ဘာ တိုက်ပွဲစဖြစ်ကတည်းက ရိက္ခာတွေ ထောက်ပံ့ကြေးမရတော့ဘူး။ WFP က နှစ်လစာပဲ ထောက်ပံ့ပေးခဲ့ပြီးတော့
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနှင့် အရပ်သားပြည်သူများမှာ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ တိုးလာနေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ မိုးဦးကာလ ဇွန်လအတွင်း အရေပြားရောဂါဖြစ်ပွားသူ တစ်ဦးစ၊ နှစ်ဦးစ ရှိခဲ့သော်လည်း လက်ရှိတွင် ကလေး၊ လူငယ်၊ လူကြီးစသဖြင့် ရောဂါဖြစ်ပွားနေသူ တိုးလာနေပြီး ကလေးအရေအတွက် ပိုများပြားသည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးကဆိုသည်။ “အရေပြားရောဂါမှာ သက်သာမှုမရှိဘဲ ပိုပြီးပျံ့နှံ့လာတာဟာ စစ်ရှောင်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာရယ်၊ ထိတွေ့မှုများတာတွေနဲ့ စနစ်တကျ ကုသမှုတွေ မလုပ်နိုင်ကြတာကြောင့် ဖြစ်ပါတယ် ” ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ များပြားလာ
(ကုသဖို့ဆေးဝါးမရှိလို့ ကူးစက်ခံရသူ ၂၀၀ နီးပါးအထိ ပျံ့နှံ့နေ)
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ များပြားလာ
(ကုသရန်ဆေးဝါးမရှိ၍ ကူးစက်ခံရသူ ၂၀၀ နီးပါးအထိ ပျံ့နှံ့လာနေ) ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်များနှင့် စစ်ရှောင်မဟုတ်သော အရပ်သားပြည်သူများမှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။ ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါဖြစ်ပွားမှု မိုးဦးစကာလ ဇွန်လကစ၍ ဖြစ်ပွားနေပြီး လက်ရှိတွင် ပိုမိုပျံ့နှံ့လာကာ ကလေး၊ လူကြီးအားလုံး ဖြစ်ပွားနေကြသည်ဟု စစ်ဘေးရှောင်များအရေးကူညီထောက်ပံ့ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ” အရေပြားယားယံတာတွေ၊ ယားနာ ပေါက်တာတွေက အဖြစ်များလာကြပါတယ်။ စဖြစ်တာကတော့ မိုးဦးကတည်းက လူ ၁ ဦးစ၊ ၂ ဦးစ လောက်မှာတွေ့ရတယ်။ အခုကျတော့ ဖြစ်နှုန်းကများပြီး မြန်လာတယ်။ စစ်ဘေးရှောင်တွေမှာပဲ အဖြစ်များတာကလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် အထိတွေ့များတယ်။ သီးသီးသန့်သန့်
အချိန်မီဆေးမကုသနိုင်၍ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံး
(ဆေးဝါးပြတ်လပ်၍ ရခိုင်မှာသေဆုံးသူ ၂ ဦးအထိရှိလာ) ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း (မရဇိုင်းတိုက်နယ်ကျေးရွာ/ မင်းဂံကျေးရွာ) က အမျိုးသမီးတစ်ဦးမှာ ဆေးဝါးနှင့် ဆရာဝန်မရှိ၍ ဆေးကုသနိုင်ခြင်းမရှိသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က သေဆုံးသွားကြောင်း နီးစပ်သူများနှင့် မိသားစုဝင်များက ပြောသည်။ သေဆုံးသွားသူအမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်နုခင်ဦး ဆိုသူဖြစ်ပြီး ဆီးလမ်းကြောင်းပိုးဝင်သည်ကို အချိန်မီဆေးကုသနိုင်မှုမရှိခဲ့၍ သေဆုံးသွားခြင်းဖြစ်သည်။ မိမိမြို့ရွာဒေသအတွင်း ဆေးရုံဆေးခန်းများ အဆင်မပြေ၍ ရန်ကုန်သို့ ဆေးကုသရန် ယူဆောင်စဉ် လမ်းတွင်သေဆုံးသွားသည်ဟု မရဇိုင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီမှာက ဆရာဝန်လည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ဒီတော့ လူနာကို ရန်ကုန်ပို့ဖို့ စီစဉ်ကြရတယ်။ ရန်ကုန်သွားရမယ့် ခရီးကလည်း အရင်လိုဖြောင့်ဖြောင့်တန်းတန်း