တိုက်ပွဲများရှိနေဆဲ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာကို အဓိက ရင်ဆိုင်နေရ
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ၁ နှစ်နီးပါးအကြာ ရှိလာသည့် ရခိုင်ပြည်တွင် ဒေသခံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အဓိကရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ ကျန်းမာရေးဆိုင်ရာပြဿနာများမှာ ဆေးဝါးပြတ်လပ်ခြင်း၊ ရှိသည့်ဆေးဝါးများ စျေး အဆမတန်မြင့်ခြင်းများ အပါအဝင် ဆေးရုံဆေးခန်း အများစုမဖွင့်လှစ်နိုင်ခြင်းနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများမရှိတော့ခြင်းတို့ဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါပြဿနာများကို ရခိုင်ဒေသခံများကြုံတွေ့နေကြရခြင်းပြီး ထိုအထဲမှ အဓိက အကျဆုံးပြဿနာမှာ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများမရှိတော့ခြင်းသည် အဓိကပြဿနာဖြစ်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ အထက်တန်းသူနာပြုတစ်ဦးက ပြောသည်။ “ကျန်းမာရေးပြဿနာတွေကတော့ အမျိုးမျိုးပဲ။ ဆေးဝါးမလုံလောက်တာ၊ ရှိတဲ့ဆေးတွေကရောဂါနဲ့ကိုက်ညီတဲ့ ဆေးတွေနည်းတာတွေ ဖြစ်နေတယ်။ အဓိကကတော့ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေ လုံးဝအားနည်းသွားတယ်။ ဒီဖက်မှာဆိုလည်း နယ်ခံ ဆရာဝန်တွေလောက်ပဲ ကျန်ခဲ့တော့တယ်။ ရောဂါကို သေချာမကုသပေးနိုင်တာ
ကင်ဆာရောဂါဖြင့် မနေ့က ကွန်လွန်ခဲ့သည့် မိခင်မှာ မွေးကင်းစ ကလေး ၁ဦးပါ ကလေးငါးဦး အကူအညီ လိုအပ်နေ
ကင်ဆာရောဂါဖြင့် ယမန်နေ့က ကွယ်လွန်သွားသည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ မွေးကင်းစ ကလေး တစ်ဦးနှင့် ကလေးငယ် ၅ ဦး ကျန်ရစ်ခဲ့ပြီး အရေးပေါ် နေထိုင်ရေး လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ ရခိုင်ပြည်၊ ဂွမြို့နယ် ပျော့ချောင်းကျေးရွာမှ ကလေး ၅ဦး မိခင်မှာ ကင်ဆာရောဂါဝေဒနာဖြင့် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း ကလေးငယ်များကို လက်ရှိတွင် ကျေးရွာသားများက စောင့်ရှောက်ပေးထားရကြောင်း သိရသည်။ ဂွမြို့နယ်၊ ထာဝရမေတ္တာ နာရေးကူညီမှု အသင်းသားတစ်ဦးက “သူတို့အမေက ကင်ဆာ ဖြစ်နေတာကြာပြီ၊ ကင်ဆာ ဝေဒနာကို တော်တော်ကို ခံစားနေရတာပါ။ မနေ့က ညနေ ၅
ပေါက်တော ဆင်တက်မော် စခန်းတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာ
(ဝမ်းရောဂါကြောင့် သေဆုံးသူ မွတ်ဆလင် ၁၇ ဦးအထိ မြင့်တက်) ရခိုင်ပြည် ပေါက်တောမြို့နယ်က ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင်း သေဆုံးသူ ၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။ ဝမ်းပျက်ဝမ်းလျော့ ဖြစ်ပွားနေသည်မှာ လအနည်းငယ် ကြာပြီဟု မွတ်ဆလင်များက ပြောဆိုကြပြီး အဆိုပါ ၄ ဦးမှာ စက်တင်ဘာလအတွင်းက သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ စခန်းတာဝန်ရှိသူတစ်ဦးက “ဝမ်းရောဂါဖြစ်လို့သေတဲ့ သူတွေရှိတယ်။ ၄ ယောက်သေပြီ။ အခုပြီးခဲ့တဲ့ ရက်ကလည်း ၂ ယောက် သတိမေ့တယ်။ ဝမ်းသွားတာက အရည်တွေပဲ သွားတော့တယ်။ စခန်းမှာရှိတဲ့လူတွေက အဟာရပြတ်၊ ဝမ်းသွားနဲ့ တော်တော် ဒုက္ခဖြစ်နေကြရပါတယ်” ဟုပြောသည်။ ဝမ်းရောဂါကြောင့် သေဆုံးခဲ့သူ ၄ ဦးမှာ
ပေါက်တော မွတ်ဆလင်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။ အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊
ပေါက်တော မွတ်ဆလင်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။ အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊
ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ ကလေးငယ်များ သေဆုံးမှုရှိနေပြီး အရေးပေါ်ကုသရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။
ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ
ရခိုင်မြောက်ပိုင်း အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း စာရင်းပြုစုထားသူများထံမှ သိရသည်။ ကူးစက်ခံရသူအများစုမှာ စစ်ရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားရာကနေ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊
ပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ
ရခိုင်ပြည် ပေါက်တောမြို့နယ်တွင်ရှိသော မွတ်ဆလင်များနေထိုင်ကြသည့် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများမရှိခြင်းနှင့် စားနပ်ရိက္ခာများ ပြတ်လပ်သွား၍ ဒုက္ခသည် ၃ ပုံ ၂ ပုံက အငတ်ဘေးကို ရင်ဆိုင်နေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်း ၅ ခုမှာ ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရွဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့ဖြစ်ပြီး မွတ်ဆလင်ဒုက္ခသည် အရေအတွက် ၃၀,၀၀၀ (သုံးသောင်း) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် အသက် ၅၀ ကျော်အရွယ် စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ ” ၂၀၂၃ နိုဝင်ဘာ တိုက်ပွဲစဖြစ်ကတည်းက ရိက္ခာတွေ ထောက်ပံ့ကြေးမရတော့ဘူး။ WFP က နှစ်လစာပဲ ထောက်ပံ့ပေးခဲ့ပြီးတော့
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနှင့် အရပ်သားပြည်သူများမှာ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ တိုးလာနေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ မိုးဦးကာလ ဇွန်လအတွင်း အရေပြားရောဂါဖြစ်ပွားသူ တစ်ဦးစ၊ နှစ်ဦးစ ရှိခဲ့သော်လည်း လက်ရှိတွင် ကလေး၊ လူငယ်၊ လူကြီးစသဖြင့် ရောဂါဖြစ်ပွားနေသူ တိုးလာနေပြီး ကလေးအရေအတွက် ပိုများပြားသည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးကဆိုသည်။ “အရေပြားရောဂါမှာ သက်သာမှုမရှိဘဲ ပိုပြီးပျံ့နှံ့လာတာဟာ စစ်ရှောင်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာရယ်၊ ထိတွေ့မှုများတာတွေနဲ့ စနစ်တကျ ကုသမှုတွေ မလုပ်နိုင်ကြတာကြောင့် ဖြစ်ပါတယ် ” ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။