စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး ရခိုင်ကမ်းလွန်မပါတော့ပေ
လတ်တလော ဆန်းစစ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် အသစ်ရှာဖွေမည့် စီမံကိန်းများ အစည်းအဝေးတွင် ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးမှာ စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအဖွဲ့က ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့်