ရမ်းဗြဲ ထပ်မံဗုံးကြဲခံရမှု အခြေအနေ (ဓါတ်ပုံသတင်း)
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဗုံးကြဲခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထောင့်ချိန်ရွာက ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောက်တို့မှာ ဗုံးသီးများကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး အရပ်သားတစ်ဦး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရ၍ ၄၁ ဦးသေဆုံးပြီး ၂၇
ရမ်းဗြဲ ကျောက်နီမော် အနီးရှိ ကျေးရွာကို စစ်ကောင်စီဗုံးကြဲ သေဆုံးမှုရှိ
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲ၍ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက Western News ကို ပြောသည်။ ယန်နေ့ ည ၁၁ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်တိုက်လာရောက် တိုက်ခိုက်ပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားများ ထိခိုက် သေဆုံးခဲ့ဖြစ်ပါသည်။ ဟုံးဝကျေးရွာသားတစ်ဦးက ” ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ဗုံးကြဲတာပါ။ ပထမတစ်လုံးကြဲတယ်။ ဒုတိယတစ်ကြိမ်လာကြဲပါတယ်။ ကျနော်တို့ သတင်းရတာ တစ်ယောက်သေတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှုတွေက ရှိတယ် “ဟုပြောသည်။
ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲခံရမှု သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ်ကျေးရွာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ခံရ၍ အပြစ်မဲ့အရပ်သား ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် လူနေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ကောင်စီသည် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်က ရမ်းဗြဲကျောက်နီမော်ဆိပ်ကမ်းနှင့် ရွာထဲကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း AA က ဆိုသည်။ “လက်ရှိအချိန်အထိ
ကျောက်နီမော် နောက်ဆက်တွဲ အခြေအနေ
ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- နှလုံးရောဂါ ရှိသူများနှင့် သွေးလန့်သူများ မကြည့်ရန် စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ လေကြောင်း ဗုံးကြဲမှုကြောင့် တစ်ရက်တည်းအတွင်း ကျောက်နီမော်တွင် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သူ ၂၀ ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ သေဆုံးသူများထဲတွင် မွတ်ဆလင်များ အများအပြား ပါဝင်ပြီ ကလေးသူငယ်များနှင့် သက်ကြီးပိုင်များလည်း ပါဝင်ကာ လူနေအိမ် ၅၀၀ နီးပါးလည်း မီးလောင် ပျက်စီးခဲ့ရကြောင့် ကျောက်နီမော်ဒေသခံတစ်ဦးက Western News ကိုပြောသည်။ ကျောက်နီမော် ဒေသခံမွတ်ဆလင်တစ်ဦးက “အလောင်းတွေက ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာပါ။ မီးလောင်ထားတော့