စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး
စစ်ရေး သတင်း
1 min read
129

စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး

July 12, 2024
0

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ ကျောက်ဖြူတွင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်တွင် သံတွဲမြို့နယ် ဂွသံတွဲလမ်းရှိ ပဒဲကောကျေးရွာကို သံတွဲဂျိတ္တော အနီးရှိ စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျေးရွာ တံတားအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မောင်ရွှေလေးရေတပ်ကက လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ အဲ့ဒီမှာ လက်နက်ကြီး ကျည်က ရွာထိပ် တံတားအနားကို ကျတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ဦး လက်နက်ကျည်စင်ပြီး လည်ပင်းကို ထိတယ်။

Continue Reading
ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား
စစ်ရေး သတင်း
1 min read
379

ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား

July 8, 2024
0

ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာနချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် AA က ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကို AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ခဲ့ပြီး လက်ရှိတွင် ၇ လခွဲကျော် ကြာမြင့်ကာ မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ထားပြီဖြစ်သည်။

Continue Reading
တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်က တပ်တွေကို စစ်ကောင်စီက အရင်ကထက် စစ်အင်အား ပိုဖြည့်နေတယ်
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
266

တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်က တပ်တွေကို စစ်ကောင်စီက အရင်ကထက် စစ်အင်အား ပိုဖြည့်နေတယ်

July 1, 2024
0

Continue Reading
သံတွဲ၊ တောင်ကုတ် စစ်ရေးပြင်းထန်နေချိန် ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ပိုမိုဖြည့်တင်းလာ
စစ်ရေး သတင်း
1 min read
291

သံတွဲ၊ တောင်ကုတ် စစ်ရေးပြင်းထန်နေချိန် ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ပိုမိုဖြည့်တင်းလာ

July 1, 2024
0

ရခိုင်ပြည် တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေချိန် အာဏာသိမ်း စစ်ကောင်စီသည် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်က တပ်ရင်း၊ တပ်ဖွဲ့များကို စစ်အင်အား ယခင်ထက် ပိုမိုဖြည့်တင်းလာကြောင်း စစ်ရေးသိသူများထံမှ သိရသည်။ စစ်အင်အားဖြည့်တင်းရာတွင် လူအင်အားအပြင် စစ်လက်နက်ခဲယမ်း အမြောက်အများကိုလည်း ဖြည့်တင်းနေပြီး အဓိက နယ်မြေခံ အမှတ် ၃၂ ရဲတပ်ရင်းကို အင်အားဖြည့်တင်းနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ “အင်အားတွေ ထပ်ဖြည့်နေတာတွေ တွေ့ရတယ်။ ဇွန် ၂၇ ရက်ကတည်းက ငလပွေ့ဆိပ်က နေဗီကကတစ်ဆင့် ကားတွေနဲ့ ပစ္စည်းတွေ တော်တော်များများတင်ကြတယ်။ ကြည့်ရသလောက်တော့ လက်နက်ခဲယမ်းနဲ့ တပ်သားတွေပါမယ်။ ညဉ့်ဆိုတော့ ကားအစီးရေအရေအတွက်သေချာမသိနိုင်ဘူး။ ပစ္စည်းတွေကိုတော့ တစ်ညလုံးနီးပါးကို တင်ကြတာ။ အမှတ် ၃၂

Continue Reading
ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ
စစ်ရေး သတင်း
0 min read
123

ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ

June 25, 2024
0

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ဆေးခန်း၊ ဆေးဆိုင်များ၌ ဆေးဝါးပစ္စည်းအချို့ရောင်းချခွင့်ကို စစ်ကောင်စီတပ်မှ တားဆီးပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီမှ ရောင်းချခွင့်ပိတ်ထားသည့် ဆေးဝါးပစ္စည်းများမှာ ဆေးဝါရည်၊ ဂွမ်း၊ ပတ်တီး၊ စပရိတ် စသည့် ပစ္စည်းများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးဆိုင်၊ ဆေးခန်းများသို့ လာရောက်ပြောဆိုထားခြင်းဖြစ်သည်ဟု ဆေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။ “အဓိက ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေမှာ သုံးတဲ့ဆေးဝါးပစ္စည်းတွေ ပေါ့နော်။ ဂွမ်းတို့၊ ပတ်တီးလိပ်တို့၊ စပရိတ်လို အရာမျိုးတို့ပေါ့။ အဲ့တာတွေကို မရောင်းချရဘူးဆိုပြီး သူတို့တွေကိုယ်တိုင်လာပြောကြတာရှိတယ်။ ဘာကြောင့် မရောင်းချရတာလဲတော့ မသိဘူး” ဟု ပြောသည်။ ဆေးဆိုင်ဆေးခန်းများတွင် အဆိုပါ ဆေးဝါးပစ္စည်းများရောင်းချ၍ တွေ့ရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး မြို့နယ်တွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို တင်းကျပ်စွာပိတ်ဆို့ထားသည်ဟု

Continue Reading
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
ရိုးရာဓလေ့
1 min read
424

စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ

April 6, 2024
1

ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။ ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။ စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။ စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့်

Continue Reading