စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
နိုင်ငံရေး သတင်း
1 min read
1137

စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော

April 5, 2024
0

ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။  ယမန်နေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့ကြောင်း ဧပြီလ ၅ ရက်တွင် တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြသည်။  တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Geng ကတိပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”

Continue Reading