ရခိုင်တွင် ကွမ်းသီး တစ်မောင်း ကျပ် ၄၈၀၀၀၀ ရရှိ ရာကနေ လက်ရှိတွင် ၁၈၀၀၀၀ သာ ရရှိ
စီးပွားရေး သတင်း
1 min read
0

ရခိုင်တွင် ကွမ်းသီး တစ်မောင်း ကျပ် ၄၈၀၀၀၀ ရရှိ ရာကနေ လက်ရှိတွင် ၁၈၀၀၀၀ သာ ရရှိ

မတ် ၇ - ၂၀၂၅
0

(ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှုကြောင့် ဟုဆို) ဘင်္ဂလာဒေ့ရှ်သို့ ပြည်မဖက်က ကွမ်းသီးများ တင်ပို့မှုကြောင့် စျေးကောင်းရနေသည့် ရခိုင်ဒေသထွက် ကွမ်းသီးများမှာ လက်ရှိတွင် စျေးနှုန်းများ ကျဆင်းလာလျက် ရှိနေကြောင်း ကွမ်းသီး ရောင်းဝယ် သူများထံမှ သိရသည်။ ကွမ်းသီးစျေး ကျဆင်းမှုမှာ ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှု များလာခြင်းကြောင့် ဖြစ်ပြီး လက်ရှိတွင် ကွမ်းသီး ရောင်းဝယ်မှုမှာ အဆင်မပြေ ဖြစ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ကုန်သွယ် သွားလာနေသူ တစ်ဦးက Western News ကို ပြောသည်။ “ခုတစ်လော ကွမ်းသီးကရောင်းအားကျ နေတယ်ဗျ။ အရောင်းမထွက်ဘူး။ ဧရာဝတီဖက်တို့က ကွမ်းသီးတွေလည်းတအားဝင်လာတော့ သူတို့က အဲ့ဒီကွမ်းသီးကို ပိုကြိုက်ကြတယ်။

Continue Reading