စစ်ကောင်စီက ပယ်ချထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP ဆက်လက်ရှိ နေသေးကြောင်း ပြော
အာဏာသိမ်း စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ANP ကို မှတ်ပုံတင်ခွင့်မှ ပယ်ချထားသော်လည်း တရားဝင် ဖျက်သိမ်းကြောင်း မရှိသည့်အတွက် ANP မှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။ ရခိုင်အမျိုးသားပါတီ ANP ကို ဖျက်သိမ်းထားခြင်း မရှိသေးကြောင်း ပါတီတာဝန်ရှိသူတစ်ဦးဖြစ်သူ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။ “ပါတီက မဖျက်သေးဘူး။ ဘာအတွက်လဲဆိုရင် ANP ကို မှတ်ပုံတင် ငြင်းပယ်တာ တစ်ခုတည်းပဲ။ တချို့တချို့သော ပါတီတွေလိုမျိုး ဒီရခိုင်အမျိုးသားပါတီ ကို နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းမှ ပယ်ဖျက်လိုက်တယ်ဆိုတာ အမိန့်က ဒီကနေ့အချိန်အထိ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဟာ